11.7.2019 မွ 17.7.2019 အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

11.7.2019 မွ 17.7.2019 အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

#တနဂၤေႏြ

ဒီကာလအတြင္းအလုပ္ေတြကိုေကာင္းစြာဦးေဆာင္လုပ္ကိုင္ႏုိင္ပါလိမ့္မယ္။အခ်ိန္တိုအတြင္းမိမိလုပ္ခ်င္ တာေတြၿပီးဆံုးေအာင္လုပ္သြားႏုိင္ပါလိမ့္မယ္။စိတ္ထဲရည္ရြယ္ထားသမွ်လက္ေတြ႔မွာအေကာင္အထည္ေဖာ္သြားႏိုင္မဲ့ကာလပါပဲ။ေရွ႕ထြက္ေဆာင္ရြက္ျခင္းမ်ား၊လုပ္ငန္းခြင္အတြင္းေခါင္းေဆာင္စိတ္နဲ႔ႀကိဳးစားျခင္းမ်ားကဒီကာလမွာလူႀကီးေတြရဲ့မ်က္စိက်ျခင္းကိုရရွိပါလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ားအဆင္မေျပတာရွိရင္ေတာ့ဖခင္ဆီကအၾကံ.ဥာဏ္ယူတုိင္ပင္ၾကည့္လိုက္ပါ။အိမ္တြင္းေရးမိသားစုအေရးကိစၥမ်ား အဆင္ေျပစိတ္ခ်မ္းသာရပါလိမ္မယ္။

မိမိသြားလုိတဲ့ခရီးေတြသြားခြင့္ၾကံဳရတတ္ပါတယ္။အလုပ္ေတြနဲ႔ပက္သက္ၿပီး ထပ္ခ်ဲ႕မယ္ဆုိရင္လဲ ဒီကာလမွာ အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ပါတယ္။ေငြေၾကးနဲ႔ပက္သက္ၿပီးခက္ခဲေနတာမ်ိဳးရွိေနရင္လဲေျပလည္မႈေတြရသြားတတ္ပါတယ္။က်န္းမာေရးကေတာ့ အနည္းငယ္အားနည္းေပမဲ့ကုသလြယ္တဲ့ေရာဂါပဲျဖစ္ပါလိမ့္မယ္။အခ်စ္ေရးအတြက္စိတ္ခ်မ္းသာရပါလိမ့္မယ္။ခ်စ္သူရဲ့အထင္ႀကီးအားကိုးျခင္းကိုခံရပါလိမ့္မယ္။အိမ္ေထာင္ေရး မွာေတာ့အနည္းငယ္သေဘာထားကြဲလြဲစရာေတြျဖစ္ရတတ္ပါတယ္။ပညာေရးအလြန္ေကာင္းေနမည္။

အက်ိဳးေပးဂဏန္း 1/6/9အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။ယၾတာ အုန္းညႊန္႔ ၆ညႊန္႔ဘုရားကပ္လွဴပါ။

#တနလၤာ

ဒီကာလအတြင္းမိမိအတြက္ေကာင္းေသာအယူအဆစိတ္ကူးေတြေတြးမိစိတ္ကူးမိေနတတ္ပါတယ္။ အၾကံ ေကာင္းတစ္ခ်က္ေၾကာင့္ပဲအရမ္းအဆင္ေျပသြားၾကသူေတြေတြ႔ဖူးပါလိမ့္မယ္။မိမိရတဲ့အၾကံဥာဏ္ေတြကိုေကာင္းစြာအသံုးခ်တတ္ဖု႔ိလိုအပ္ပါတယ္။ လူခ်စ္လူခင္မ်ားေနတတ္ပါတယ္။မိမိကိုကူညီမဲ့သူေတြရွိေနတတ္ပါတယ္။ေငြေၾကးကိစၥမ်ား ေျပာဆုိေဆာင္ရြက္လုိ႔ေကာင္းပါတယ္။တန္ဖိုးထားစရာလက္ေဆာင္ပစၥည္းမ်ားလဲ ရလာတတ္ပါတယ္။အလုပ္နဲ႔ပက္သက္ၿပီးေတာ့လဲလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လက္တြဲညီညီလုပ္ကိုင္ႏုိင္ပါလိမ့္မယ္။

ကိုယ္ပုိင္စီးပြားေရးမ်ား ရင္းႏွီးျမဳပ္ႏွံခ်င္တယ္ဆိုရင္ေတာ့ဒီေန႔မွာအဆင္ေျပတိုးတတ္ပါလိမ့္မယ္။ကား၀ယ္ျခင္း၊ကားေရာင္း ျခင္း၊အလဲအထပ္လုပ္ျခင္းမ်ားဒီကာလမွာလုပ္သင့္ပါတယ္။က်န္းမာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အားရစရာ ေကာင္းပါတယ္။က်န္းမာေရးညံ့ေနသူေတာင္နလန္ျပန္ထူလာမဲ့ကာလပါပဲ။အခ်စ္ေရးအထူးေကာင္းတယ္။ ခ်စ္ ရသူနဲ႔ ၾကည္ႏူးရမဲ့အခ်ိန္ကာလပါပဲ။ခ်စ္သူမရေသးသူမ်ားခ်စ္သူသစ္ရလြယ္ပါတယ္။အိမ္ေထာင္ေရးကေတာ့သင့္ေနပါတယ္။ပညာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ မိမိရဲ့သင္ယူႏုိင္စြမ္းေၾကာင့္ အဆင္ေျပပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/3/7အထူးေဟာ စိတ္လက္ၾကည္သာမႈရွိပါလိမ့္မယ္။ယၾတာ ေကာ္ဖီနဲ႔ကိတ္မုန္႔ဘုရားကပ္လွဴပါ။

#အဂၤါ

ဒီကာလအတြင္းမိမိအတြက္သတိေပးေစခ်င္တာကေဒါသမႀကီးလုိက္ပါနဲ႔။ေဒါသေၾကာင့္အမွားေတြကုိ ထပ္ခါထပ္ခါက်ဴးလြန္မိတတ္ပါတယ္။ေဒါသျဖစ္လာၿပီဆိုခ်က္ခ်င္းမတုန္႔ျပန္လိုက္ပါနဲ႔။အခ်ိန္ယူစဥ္းစားၿပီးမွပဲ လုပ္ကိုင္ေဆာင္ရြက္ပါ။စြန္႔စားလုပ္ကိုင္ရမဲ့ကိစၥေတြကိုဒီကာလမလုပ္ပါနဲ႕။သူေ႒းျဖစ္ ေခြးျဖစ္လုပ္ရမဲ့ကိစၥေတြကိုလံုး၀မလုပ္လိုက္ပါနဲ႔။အလုပ္ေတြနဲ႔ ပက္သက္ၿပီး တတ္နုိင္သမွ်ကိုယ္တုိင္လုပ္ပါ။အေသးအမႊားကိစၥေလာက္ပဲတစ္ပါးသူေတြကိုခိုင္းေစလိုက္ပါ။ခရီးေတြမလုိအပ္ရင္မသြားလုိက္ပါနဲ႔။ေငြကံကေတာ့ေကာင္းေနတတ္ပါတယ္။

အဘက္ဘက္ကေငြ၀င္စရာအေၾကာင္းတရားေတြေပၚလာတတ္ပါတယ္။အေၾကြးေတြရစရာရွိရင္ျပန္ေတာင္းခံလုိ႔ေကာင္းတဲ့ေန႔ရက္ေတြလဲျဖစ္ပါတယ္။မိတ္ေဆြအေပါင္းအသင္းေတြကို မိမိကကူညီရတာမ်ားမဲ့ကာလပါ။သတိထားရမဲ့အခ်က္က အလ်င္လိုရင္အေႏွးျဖစ္တတ္ပါတယ္။ႀကိဳတင္စီမံထားရင္လဲ လြဲတတ္ပါတယ္။က်နး္မာေရး ကေတာ့ အညံ့နည္းပါတယ္။အခ်စ္ေရးကံအလြန္ေကာင္းပါတယ္။ခ်စ္သူဆီကအကူအညီေတြရရွိ တတ္ပါတယ္။အိမ္ေထာင္ေရးသာယာေပ်ာ္ရႊင္ရပါလိမ့္မယ္။ပညာေရးအနည္းငယ္ ညံ့့ေနတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 1/4/8အထူးေဟာ ကံအားနည္းေနမည္။ယၾတာ ေဆးအလွဴေတြမ်ားမ်ားလုပ္ပါ။

#ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း မိမိအတြက္အဆင္ေျပေအာင္ျမင္မဲ့လမ္းစကိုရလာတတ္ပါတယ္။လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိႏိုင္တဲ့ေန႔ရက္ပဲျဖစ္ပါတယ္။ကို္ယ္ဒူးကိုယ္ခၽြန္ႀကိဳးစားသူမ်ားပိုမိုအဆင္ေျပေအာင္ျမင္တတ္ပါတယ္။ မိမိ ပင္ပန္းရက်ိဳးနပ္မဲ့ကာလေတြပါပဲ။ကိုယ္ပိုင္စီးပြားျဖစ္ေစ၊လခစား၀န္ထမ္းျဖစ္ေစ အတိုက္အခိုက္ရန္သူေပါမ်ားေနတတ္တာကိုေတာ့ေတြ႔ရပါတယ္။ဒါေၾကာင့္ဒီကာလေတြမွာေတာ့ ေျခလွမ္းမမွားဖို႔လုိပါတယ္။ကိုယ္ပိုင္စီးပြားမ်ားအလုပ္ေတြတိုးလာတတ္ပါတယ္။ဒါေၾကာင့္ပဲမိမိအေပၚလုပ္ငန္းတူေတြရဲ့တိုက္ခိုက္ျခင္းကိုလဲခံရတတ္ပါတယ္။

တစိမ္းလိင္မတူသူေတြနဲ႔ ဆင္ျခင္ေနထိုင္လုိက္ပါ။စြပ္စြဲေျပာဆုိသမုတ္ျခင္းမ်ိဳးခံရတတ္လို႔ပါပဲ။က်န္းမာေရးအည့ံအေတာ္ေလးကင္းသြားပါလိမ့္မယ္။ပါးစပ္ပ်က္ၿပီးစားေသာက္တာအရသာမေတြ႔သူမ်ားစား၀င္အိပ္ေပ်ာ္မဲ့အခ်ိန္ကာလကိုေရာက္ေနပါၿပီ။အခ်စ္ေရးမွာေတာ့အခ်စ္စစ္လား၊ဒါမွမဟုတ္တစ္ခုခုလိုလားလုိ႔ခ်ဥ္းကပ္တာလားဆိုတာ ကိုခြဲျခားသိတတ္ဖို႔လိုပါတယ္။အိမ္ေထာင္ေရးမွာေတာ့အဆင္ေျပတိုးတတ္ပါလိမ့္မယ္။အိမ္ေထာင္ေရးသာယာ စိတ္ခ်မ္းသာရပါလိမ့္မယ္။ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ထိုးထြင္းဥာဏ္ရွိဖုိ႔လိုပါတယ္။

အက်ိဳးေပးဂဏန္း 2/5/8အထူးေဟာ အတိုက္အခိုက္မ်ားမည္။ယၾတာ ငွက္ေပ်ာသီးမွည့္ဘုရားကပ္လွဴပါ။

#ၾကာသပေတး

ဒီကာလအတြင္းလိုအပ္တာေတြကို၀ယ္ယူျဖည့္ဆညး္ႏိုင္ပါလိမ့္မယ္။စီးပြားေရးနဲ႔ပက္သက္ၿပီး မိမိရဲ့ဆန္း သစ္တဲ့အေတြးအေခၚေတြေၾကာင့္သူမ်ားထက္ႏွာတဖ်ားသာတဲ့အေျခအေနကိုေရာက္ရွိပါလိမ့္မယ္။ ေငြေတြလဲ မ်ားမ်ား၀င္လာမဲ့ကာလျဖစ္တာေၾကာင့္ စုေဆာင္းနိုင္ပါလိမ့္မယ္။ လိုအပ္ေနတဲ့အၾကံဥာဏ္ေတြကိုဆရာသမားေတြဆီကရပါလိမ့္မယ္။ထီ၀ါသနာပါသူမ်ားဒီကာလအတြင္းမွာထီကံစမ္းထားသင့္ပါတယ္။ အလုပ္ေတြကိုအားလံုးေကာင္းေကာင္းကိုင္တြယ္အသံုးျပဳႏုိင္ပါတယ္။စိတ္ထဲလိုခ်င္တာေတြကိုလဲ ရေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။

ဘာသာေရးနဲ႔႔ပက္သက္တဲ့လက္ေဆာင္မ်ိဳးေတြရလာတတ္ပါတယ္။သူငယ္ခ်င္းေတြန႔ဲစီးပြားကိစၥ၊ပညာေရးကိစၥ၊လူမႈေရးကိစၥေတြကိုတိုင္ပင္ေဆြးေႏြးလို႔အထူးေကာင္းပါတယ္။ေအာက္လက္ငယ္သားေတြကိုေနရာေပးတာ၊လုိအပ္တာမ်ားသင္ေပးပါ။သူမ်ားကိုကူညီတာမိမိကိုကူညီရာ ေရာက္မဲ့ကာလေတြျဖစ္ပါလိမ့္မယ္။က်န္းမာေရးအညံ့ နည္းၿပီးေဒါင္ေဒါင္ျမည္ျပန္ေကာင္းေနမဲ့ကာလပါပဲ။အခ်စ္ေရးကိစၥေတြမွာေတာ့လိုလားေတာင္းတေနတဲ့အခ်စ္ ေရးမ်ိဳးရရွိပါလိမ့္မယ္။အိမ္ေထာင္ေရးမွာျပန္လည္ေႏြးေထြးမႈေတြရပါလိမ့္မယ္။ပညာေရးကံအားေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 3/5/6အထူးေဟာ အလုပ္ေတြတုိးတတ္ေအာင္စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ယၾတာ ဘဂ၀ါဂုဏ္္ေတာ္ကိုေန႔စဥ္သက္ေစ့ရြတ္ပြားပါ။

#ေသာၾကာ

ဒီကာလအတြင္းအထိုင္မေနရတတ္၊ခရီးသြားလာစရာကိစၥတစ္မ်ိဳးမ်ိဳးေပၚလာတတ္ပါတယ္။မိတ္ေဆြရင္းနွီးသူေတြရဲ့သာေရးနာေရးကိစၥေတြလဲတတ္ႏုိင္သ၍ကူညီလုပ္ကိုင္ေပးေနရတတ္ပါတယ္။ေစတနာနဲ႔ေျပာတဲ့စကားျဖစ္ေပမဲ့အသံနည္းနည္းမာသြားတာနဲ႔ မိမိကိုအထင္လြဲသြားတတ္ပါတယ္။တတ္ႏုိင္သမွ် ဥေပကၡာနဲ႔ေနတာမ်ိဳးကမိမိအတြက္အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။အေပ်ာ္နဲ႔အခ်ိန္ကုန္တာ၊ေဖ်ာ္ေျဖေရးေတြနဲ႔အခ်ိန္္ကုန္တာမ်ိဳး ေတြျဖစ္ရတတ္ပါတယ္။မိမိလက္ထဲရွိတဲ့စက္ပစၥည္းေတြ ျခဴျခာလြယ္တဲ့ေန႔ရက္ေတြပါပဲ။

မိမိကဆိုင္ဖြင့္ထားသူဆိုအနည္းငယ္အေရာင္းအ၀ယ္ေအးေနတတ္ပါတယ္။သူတစ္ပါးထံကအၾကံဥာဏ္ယူတာမ်ိဳးကအေျခအေနပိုဆိုး သြားေစႏုိင္ပါတယ္။မိမိနားမလည္၊မတတ္ကၽြမ္းတဲ့ကိစၥေတြအတြက္အခ်ိန္ကုန္လူပန္းအျဖစ္မခံလိုက္ပါနဲ႔။လူငယ္ မ်ား အေပ်ာ္အပါးေနာက္လိုက္ရင္အႏၱရာယ္မ်ားတတ္တဲ့ကာလထဲေရာက္ေနပါတယ္။အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူနဲ႔ ေတြ႔ဆံုရခ်ိန္နည္းပါးပါလိမ့္မယ္။အိမ္ေထာင္ေရးသာယာမႈေတြ အဆင္ေျပမႈေတြႀကံဳရတတ္ပါတယ္။ပညာ ေရးေတြမွာေတာ့မိမိကိုယ္တုိင္က စိတ္နွစ္မရျဖစ္လြယ္ပါတယ္။

အက်ိဳးေပးဂဏန္း 4/6/7အထူးေဟာ လူမႈေရးကိစၥေတြမ်ားေနတတ္ပါတယ္။ယၾတာ ထန္းလ်က္ ၁၁လံုးကို စကၠဴနဲ႔ခင္းၿပီး ေခြးေကၽြးလုိက္ပါ။

#ေစန

ဒီကာလအတြင္းအလုပ္ခြင္ထဲမွာပါးနပ္ဖုိ႔လုိပါတယ္။ အားနာတတ္လို႔ကေတာ့အလုပ္ေတြပံုေနတတ္ပါ တယ္။ကိုယ့္အလုပ္ကိုယ္လုပ္ပါ။သူမ်ားခိုင္းလဲမိမိအလုပ္မၿပီးေသးဘဲမလုပ္လိုက္ပါနဲ႔။အႏုစိပ္လုပ္ရတဲ့အလုပ္ေတြအေပၚမွာစိတ္ႏွစ္ထားႏုိင္ဖုိ႔လုိပါတယ္။ေခါင္းစားရတဲ့အလုပ္ေတြ၊တာ၀န္ႀကီးတဲ့အလုပ္ေတြလုပ္ကို္င္ေနရတာေၾကာင့္စိတ္ပန္းလူပန္းျဖစ္ရတတ္ပါတယ္။ရင္းႏွီးျမဳပ္နွံမႈေတြေသခ်ာစစ္ေဆးၿပီးမွေဆာင္ရြက္ပါ။အမႈအခင္းနဲ႔ ပက္သက္ေသာကိစၥရပ္မ်ားကို အာမခံေပးျခင္း၊သက္ေသလုိက္ေပးျခင္းမ်ားစဥ္းစားဆင္ျခင္ၿပီးမွေဆာင္ရြက္လုပ္ကို္င္သင့္ပါတယ္

ၾကာျမင့္ေနၿပီျဖစ္တဲ့ပစၥည္းအေဟာင္းအစုတ္ေတြရွိရင္ေရာင္းထုတ္လုိက္တာပိုေကာင္းပါတယ္။လမ္းေဟာင္းမလိုက္ပဲလမ္းသစ္စဥ္စားပါ။ short cut သေဘာမ်ိဳး ျဖတ္လမ္းနဲ႔အဆင္ေျပႏုိ္င္မဲ့ကိစၥမ်ိဳးကိုလုပ္ကိုင္ေဆာင္ရြက္ေစခ်င္ပါတယ္။အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူကမိမိကိုေဖးမကူညီပါလိမ့္မယ္။မိမိအေရးကိစၥေတြ ကိုတတ္ႏုိင္တဲ့ေငြအား၊လူအားနဲ႔ကူညီပါလိမ့္မယ္။အိမ္ေထာင္ေရးကေတာ့တက်က္က်က္ျဖစ္လြယ္ပါတယ္။လူမႈ ေရးကိစၥေတြမွာလဲရန္မ်ားေနႏုိင္တာကိုေတြ႔ရပါတယ္။ပညာေရးမွာအတြက္အခ်က္ပုိင္းအားနည္းေနမည္။

အက်ိဳးေပးဂဏန္း 1/5/7အထူးေဟာ ေခါင္းရႈပ္စရာေလးေတြရွိေနတတ္ပါတယ္။ယၾတာ အာပူလွ်ာပူတစ္ပြဲ ဘုရားကပ္လွဴလုိက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလုိအင္ဆႏၵေတြျပည့္၀ပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

0977 5555 695 09 44 5555 695

Unicode

11.7.2019 မှ 17.7.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

#တနင်္ဂနွေ

ဒီကာလအတွင်းအလုပ်တွေကိုကောင်းစွာဦးဆောင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။အချိန်တိုအတွင်းမိမိလုပ်ချင် တာတွေပြီးဆုံးအောင်လုပ်သွားနိုင်ပါလိမ့်မယ်။စိတ်ထဲရည်ရွယ်ထားသမျှလက်တွေ့မှာအကောင်အထည်ဖော်သွားနိုင်မဲ့ကာလပါပဲ။ရှေ့ထွက်ဆောင်ရွက်ခြင်းများ၊လုပ်ငန်းခွင်အတွင်းခေါင်းဆောင်စိတ်နဲ့ကြိုးစားခြင်းများကဒီကာလမှာလူကြီးတွေရဲ့မျက်စိကျခြင်းကိုရရှိပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအဆင်မပြေတာရှိရင်တော့ဖခင်ဆီကအကြံ.ဉာဏ်ယူတိုင်ပင်ကြည့်လိုက်ပါ။အိမ်တွင်းရေးမိသားစုအရေးကိစ္စများ အဆင်ပြေစိတ်ချမ်းသာရပါလိမ်မယ်။

မိမိသွားလိုတဲ့ခရီးတွေသွားခွင့်ကြုံရတတ်ပါတယ်။အလုပ်တွေနဲ့ပက်သက်ပြီး ထပ်ချဲ့မယ်ဆိုရင်လဲ ဒီကာလမှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီးခက်ခဲနေတာမျိုးရှိနေရင်လဲပြေလည်မှုတွေရသွားတတ်ပါတယ်။ကျန်းမာရေးကတော့ အနည်းငယ်အားနည်းပေမဲ့ကုသလွယ်တဲ့ရောဂါပဲဖြစ်ပါလိမ့်မယ်။အချစ်ရေးအတွက်စိတ်ချမ်းသာရပါလိမ့်မယ်။ချစ်သူရဲ့အထင်ကြီးအားကိုးခြင်းကိုခံရပါလိမ့်မယ်။အိမ်ထောင်ရေး မှာတော့အနည်းငယ်သဘောထားကွဲလွဲစရာတွေဖြစ်ရတတ်ပါတယ်။ပညာရေးအလွန်ကောင်းနေမည်။

အကျိုးပေးဂဏန်း 1/6/9အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။ယတြာ အုန်းညွှန့် ၆ညွှန့်ဘုရားကပ်လှူပါ။

#တနင်္လာ

ဒီကာလအတွင်းမိမိအတွက်ကောင်းသောအယူအဆစိတ်ကူးတွေတွေးမိစိတ်ကူးမိနေတတ်ပါတယ်။ အကြံ ကောင်းတစ်ချက်ကြောင့်ပဲအရမ်းအဆင်ပြေသွားကြသူတွေတွေ့ဖူးပါလိမ့်မယ်။မိမိရတဲ့အကြံဉာဏ်တွေကိုကောင်းစွာအသုံးချတတ်ဖု့ိလိုအပ်ပါတယ်။ လူချစ်လူခင်များနေတတ်ပါတယ်။မိမိကိုကူညီမဲ့သူတွေရှိနေတတ်ပါတယ်။ငွေကြေးကိစ္စများ ပြောဆိုဆောင်ရွက်လို့ကောင်းပါတယ်။တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းများလဲ ရလာတတ်ပါတယ်။အလုပ်နဲ့ပက်သက်ပြီးတော့လဲလုပ်ဖော်ကိုင်ဖက်တွေနဲ့လက်တွဲညီညီလုပ်ကိုင်နိုင်ပါလိမ့်မယ်။

ကိုယ်ပိုင်စီးပွားရေးများ ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင်တော့ဒီနေ့မှာအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ကားဝယ်ခြင်း၊ကားရောင်း ခြင်း၊အလဲအထပ်လုပ်ခြင်းများဒီကာလမှာလုပ်သင့်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အားရစရာ ကောင်းပါတယ်။ကျန်းမာရေးညံ့နေသူတောင်နလန်ပြန်ထူလာမဲ့ကာလပါပဲ။အချစ်ရေးအထူးကောင်းတယ်။ ချစ် ရသူနဲ့ ကြည်နူးရမဲ့အချိန်ကာလပါပဲ။ချစ်သူမရသေးသူများချစ်သူသစ်ရလွယ်ပါတယ်။အိမ်ထောင်ရေးကတော့သင့်နေပါတယ်။ပညာရေးနဲ့ပက်သက်ပြီးတော့လဲ မိမိရဲ့သင်ယူနိုင်စွမ်းကြောင့် အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/7အထူးဟော စိတ်လက်ကြည်သာမှုရှိပါလိမ့်မယ်။ယတြာ ကော်ဖီနဲ့ကိတ်မုန့်ဘုရားကပ်လှူပါ။

#အင်္ဂါ

ဒီကာလအတွင်းမိမိအတွက်သတိပေးစေချင်တာကဒေါသမကြီးလိုက်ပါနဲ့။ဒေါသကြောင့်အမှားတွေကို ထပ်ခါထပ်ခါကျူးလွန်မိတတ်ပါတယ်။ဒေါသဖြစ်လာပြီဆိုချက်ချင်းမတုန့်ပြန်လိုက်ပါနဲ့။အချိန်ယူစဉ်းစားပြီးမှပဲ လုပ်ကိုင်ဆောင်ရွက်ပါ။စွန့်စားလုပ်ကိုင်ရမဲ့ကိစ္စတွေကိုဒီကာလမလုပ်ပါနဲ့။သူေဋ္ဌးဖြစ် ခွေးဖြစ်လုပ်ရမဲ့ကိစ္စတွေကိုလုံးဝမလုပ်လိုက်ပါနဲ့။အလုပ်တွေနဲ့ ပက်သက်ပြီး တတ်နိုင်သမျှကိုယ်တိုင်လုပ်ပါ။အသေးအမွှားကိစ္စလောက်ပဲတစ်ပါးသူတွေကိုခိုင်းစေလိုက်ပါ။ခရီးတွေမလိုအပ်ရင်မသွားလိုက်ပါနဲ့။ငွေကံကတော့ကောင်းနေတတ်ပါတယ်။

အဘက်ဘက်ကငွေဝင်စရာအကြောင်းတရားတွေပေါ်လာတတ်ပါတယ်။အကြွေးတွေရစရာရှိရင်ပြန်တောင်းခံလို့ကောင်းတဲ့နေ့ရက်တွေလဲဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေကို မိမိကကူညီရတာများမဲ့ကာလပါ။သတိထားရမဲ့အချက်က အလျင်လိုရင်အနှေးဖြစ်တတ်ပါတယ်။ကြိုတင်စီမံထားရင်လဲ လွဲတတ်ပါတယ်။ကျန်းမာရေး ကတော့ အညံ့နည်းပါတယ်။အချစ်ရေးကံအလွန်ကောင်းပါတယ်။ချစ်သူဆီကအကူအညီတွေရရှိ တတ်ပါတယ်။အိမ်ထောင်ရေးသာယာပျော်ရွှင်ရပါလိမ့်မယ်။ပညာရေးအနည်းငယ် ညံ့နေတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/4/8အထူးဟော ကံအားနည်းနေမည်။ယတြာ ဆေးအလှူတွေများများလုပ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း မိမိအတွက်အဆင်ပြေအောင်မြင်မဲ့လမ်းစကိုရလာတတ်ပါတယ်။လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ကိုယ်ဒူးကိုယ်ချွန်ကြိုးစားသူများပိုမိုအဆင်ပြေအောင်မြင်တတ်ပါတယ်။ မိမိ ပင်ပန်းရကျိုးနပ်မဲ့ကာလတွေပါပဲ။ကိုယ်ပိုင်စီးပွားဖြစ်စေ၊လခစားဝန်ထမ်းဖြစ်စေ အတိုက်အခိုက်ရန်သူပေါများနေတတ်တာကိုတော့တွေ့ရပါတယ်။ဒါကြောင့်ဒီကာလတွေမှာတော့ ခြေလှမ်းမမှားဖို့လိုပါတယ်။ကိုယ်ပိုင်စီးပွားများအလုပ်တွေတိုးလာတတ်ပါတယ်။ဒါကြောင့်ပဲမိမိအပေါ်လုပ်ငန်းတူတွေရဲ့တိုက်ခိုက်ခြင်းကိုလဲခံရတတ်ပါတယ်။

တစိမ်းလိင်မတူသူတွေနဲ့ ဆင်ခြင်နေထိုင်လိုက်ပါ။စွပ်စွဲပြောဆိုသမုတ်ခြင်းမျိုးခံရတတ်လို့ပါပဲ။ကျန်းမာရေးအညံ့အတော်လေးကင်းသွားပါလိမ့်မယ်။ပါးစပ်ပျက်ပြီးစားသောက်တာအရသာမတွေ့သူများစားဝင်အိပ်ပျော်မဲ့အချိန်ကာလကိုရောက်နေပါပြီ။အချစ်ရေးမှာတော့အချစ်စစ်လား၊ဒါမှမဟုတ်တစ်ခုခုလိုလားလို့ချဉ်းကပ်တာလားဆိုတာ ကိုခွဲခြားသိတတ်ဖို့လိုပါတယ်။အိမ်ထောင်ရေးမှာတော့အဆင်ပြေတိုးတတ်ပါလိမ့်မယ်။အိမ်ထောင်ရေးသာယာ စိတ်ချမ်းသာရပါလိမ့်မယ်။ပညာရေးမှာတော့ မိမိကိုယ်တိုင်ထိုးထွင်းဉာဏ်ရှိဖို့လိုပါတယ်။

အကျိုးပေးဂဏန်း 2/5/8အထူးဟော အတိုက်အခိုက်များမည်။ယတြာ ငှက်ပျောသီးမှည့်ဘုရားကပ်လှူပါ။

#ကြာသပတေး

ဒီကာလအတွင်းလိုအပ်တာတွေကိုဝယ်ယူဖြည့်ဆည်းနိုင်ပါလိမ့်မယ်။စီးပွားရေးနဲ့ပက်သက်ပြီး မိမိရဲ့ဆန်း သစ်တဲ့အတွေးအခေါ်တွေကြောင့်သူများထက်နှာတဖျားသာတဲ့အခြေအနေကိုရောက်ရှိပါလိမ့်မယ်။ ငွေတွေလဲ များများဝင်လာမဲ့ကာလဖြစ်တာကြောင့် စုဆောင်းနိုင်ပါလိမ့်မယ်။ လိုအပ်နေတဲ့အကြံဉာဏ်တွေကိုဆရာသမားတွေဆီကရပါလိမ့်မယ်။ထီဝါသနာပါသူများဒီကာလအတွင်းမှာထီကံစမ်းထားသင့်ပါတယ်။ အလုပ်တွေကိုအားလုံးကောင်းကောင်းကိုင်တွယ်အသုံးပြုနိုင်ပါတယ်။စိတ်ထဲလိုချင်တာတွေကိုလဲ ရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။

ဘာသာရေးနဲ့ပက်သက်တဲ့လက်ဆောင်မျိုးတွေရလာတတ်ပါတယ်။သူငယ်ချင်းတွေနဲ့စီးပွားကိစ္စ၊ပညာရေးကိစ္စ၊လူမှုရေးကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလို့အထူးကောင်းပါတယ်။အောက်လက်ငယ်သားတွေကိုနေရာပေးတာ၊လိုအပ်တာများသင်ပေးပါ။သူများကိုကူညီတာမိမိကိုကူညီရာ ရောက်မဲ့ကာလတွေဖြစ်ပါလိမ့်မယ်။ကျန်းမာရေးအညံ့ နည်းပြီးဒေါင်ဒေါင်မြည်ပြန်ကောင်းနေမဲ့ကာလပါပဲ။အချစ်ရေးကိစ္စတွေမှာတော့လိုလားတောင်းတနေတဲ့အချစ် ရေးမျိုးရရှိပါလိမ့်မယ်။အိမ်ထောင်ရေးမှာပြန်လည်နွေးထွေးမှုတွေရပါလိမ့်မယ်။ပညာရေးကံအားကောင်းပါတယ်။

အကျိုးပေးဂဏန်း 3/5/6အထူးဟော အလုပ်တွေတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ယတြာ ဘဂဝါဂုဏ်တော်ကိုနေ့စဉ်သက်စေ့ရွတ်ပွားပါ။

#သောကြာ

ဒီကာလအတွင်းအထိုင်မနေရတတ်၊ခရီးသွားလာစရာကိစ္စတစ်မျိုးမျိုးပေါ်လာတတ်ပါတယ်။မိတ်ဆွေရင်းနှီးသူတွေရဲ့သာရေးနာရေးကိစ္စတွေလဲတတ်နိုင်သ၍ကူညီလုပ်ကိုင်ပေးနေရတတ်ပါတယ်။စေတနာနဲ့ပြောတဲ့စကားဖြစ်ပေမဲ့အသံနည်းနည်းမာသွားတာနဲ့ မိမိကိုအထင်လွဲသွားတတ်ပါတယ်။တတ်နိုင်သမျှ ဥပေက္ခာနဲ့နေတာမျိုးကမိမိအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အပျော်နဲ့အချိန်ကုန်တာ၊ဖျော်ဖြေရေးတွေနဲ့အချိန်ကုန်တာမျိုး တွေဖြစ်ရတတ်ပါတယ်။မိမိလက်ထဲရှိတဲ့စက်ပစ္စည်းတွေ ခြူခြာလွယ်တဲ့နေ့ရက်တွေပါပဲ။

မိမိကဆိုင်ဖွင့်ထားသူဆိုအနည်းငယ်အရောင်းအဝယ်အေးနေတတ်ပါတယ်။သူတစ်ပါးထံကအကြံဉာဏ်ယူတာမျိုးကအခြေအနေပိုဆိုး သွားစေနိုင်ပါတယ်။မိမိနားမလည်၊မတတ်ကျွမ်းတဲ့ကိစ္စတွေအတွက်အချိန်ကုန်လူပန်းအဖြစ်မခံလိုက်ပါနဲ့။လူငယ် များ အပျော်အပါးနောက်လိုက်ရင်အန္တရာယ်များတတ်တဲ့ကာလထဲရောက်နေပါတယ်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူနဲ့ တွေ့ဆုံရချိန်နည်းပါးပါလိမ့်မယ်။အိမ်ထောင်ရေးသာယာမှုတွေ အဆင်ပြေမှုတွေကြုံရတတ်ပါတယ်။ပညာ ရေးတွေမှာတော့မိမိကိုယ်တိုင်က စိတ်နှစ်မရဖြစ်လွယ်ပါတယ်။

အကျိုးပေးဂဏန်း 4/6/7အထူးဟော လူမှုရေးကိစ္စတွေများနေတတ်ပါတယ်။ယတြာ ထန်းလျက် ၁၁လုံးကို စက္ကူနဲ့ခင်းပြီး ခွေးကျွေးလိုက်ပါ။

#စေန

ဒီကာလအတွင်းအလုပ်ခွင်ထဲမှာပါးနပ်ဖို့လိုပါတယ်။ အားနာတတ်လို့ကတော့အလုပ်တွေပုံနေတတ်ပါ တယ်။ကိုယ့်အလုပ်ကိုယ်လုပ်ပါ။သူများခိုင်းလဲမိမိအလုပ်မပြီးသေးဘဲမလုပ်လိုက်ပါနဲ့။အနုစိပ်လုပ်ရတဲ့အလုပ်တွေအပေါ်မှာစိတ်နှစ်ထားနိုင်ဖို့လိုပါတယ်။ခေါင်းစားရတဲ့အလုပ်တွေ၊တာဝန်ကြီးတဲ့အလုပ်တွေလုပ်ကိုင်နေရတာကြောင့်စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်။ရင်းနှီးမြုပ်နှံမှုတွေသေချာစစ်ဆေးပြီးမှဆောင်ရွက်ပါ။အမှုအခင်းနဲ့ ပက်သက်သောကိစ္စရပ်များကို အာမခံပေးခြင်း၊သက်သေလိုက်ပေးခြင်းများစဉ်းစားဆင်ခြင်ပြီးမှဆောင်ရွက်လုပ်ကိုင်သင့်ပါတယ်

ကြာမြင့်နေပြီဖြစ်တဲ့ပစ္စည်းအဟောင်းအစုတ်တွေရှိရင်ရောင်းထုတ်လိုက်တာပိုကောင်းပါတယ်။လမ်းဟောင်းမလိုက်ပဲလမ်းသစ်စဉ်စားပါ။ short cut သဘောမျိုး ဖြတ်လမ်းနဲ့အဆင်ပြေနိုင်မဲ့ကိစ္စမျိုးကိုလုပ်ကိုင်ဆောင်ရွက်စေချင်ပါတယ်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူကမိမိကိုဖေးမကူညီပါလိမ့်မယ်။မိမိအရေးကိစ္စတွေ ကိုတတ်နိုင်တဲ့ငွေအား၊လူအားနဲ့ကူညီပါလိမ့်မယ်။အိမ်ထောင်ရေးကတော့တကျက်ကျက်ဖြစ်လွယ်ပါတယ်။လူမှု ရေးကိစ္စတွေမှာလဲရန်များနေနိုင်တာကိုတွေ့ရပါတယ်။ပညာရေးမှာအတွက်အချက်ပိုင်းအားနည်းနေမည်။

အကျိုးပေးဂဏန်း 1/5/7အထူးဟော ခေါင်းရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။ယတြာ အာပူလျှာပူတစ်ပွဲ ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695 09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *