ကြိမ်နှုန်း ဇာတ်ကားကြီး Red Carpet Show ကို အနက်ရောင် Dress လေးနဲ့တက်ရောက်ခဲ့တဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေ ရဲ့ ပွဲတက်အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပါ။

ခိုင်နှင်းဝေက သမီးလေးရဲ့ ချစ်စရာအမူအယာလေးတွေနဲ့ ပုံရိပ်ကလေးတွေ ၊ video file လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေက ကြိမ်နှုန်း ဇာတ်ကားကြီး Red Carpet Show ကို တက်ရောက်ခဲ့တဲ့ အလှပုံရိပ်ကလေးတွေကို ဖော်ပြထားပါတယ်။

ခိုင်နှင်းဝေ က အနက်ရောင် Dress လေးနဲ့ တက်ရောက်ခဲ့ပြီး ” SY Film Production မှ ထုတ်လုပ်ရိုက်ကူးတဲ့ ကြိမ်နှုန်း – Frequency ဇာတ်ကားကြီး Red Carpet Show ပွဲလေး တက်ရောက်ဖြစ်ခဲ့ပါတယ်အောင်မြင်မှုတွေအများကြီးရရှိတဲ့ကားလေး ဖြစ်ပါစေရှင် ❤” ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေ ရဲ့ ပွဲတက် ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ Moekalay Source;khine hnin wai

Leave a Reply

Your email address will not be published. Required fields are marked *