ျမန္မာကားေတြကုိ ေပါကားေတြလုိ႔ ေဝဖန္တာေ တြ႐ွိေတာ့ဘူးလုိ႔ ေျပာလိုက္တဲ့ဒါ႐ုိက္တာ ေက်ာ္ေဇာလင္း(အေတြးပုံရိပ္)

ျမန္မာကားေတြကုိ ေပါကားေတြလုိ႔ ေဝဖန္တာေ တြ႐ွိေတာ့ဘူးလုိ႔ ေျပာလိုက္တဲ့ဒါ႐ုိက္တာ ေက်ာ္ေဇာလင္း(အေတြးပုံရိပ္)

အလြမ္း အေဆြး Drama ဟာသ အက္႐ွင္ စတဲ့ ဇာတ္လမ္းေကာင္းမ်ားစြာကုိ ဇာတ္လမ္းဇာတ္အိမ္ေကာင္းေကာင္းနဲ႔ အျမဲ႐ုိက္တတ္ၿပီး ဟာသကားေတြကုိ အဓိကထား႐ုိက္တဲ့ဒါ႐ုိက္တာ ေက်ာ္ေဇာလင္း(အေတြးပုံရိပ္)ကေတာ့ ျမန္မာကားေတြကုိေပါကားေတြလုိ႔ ေဝဖန္တာေ မ႐ွိေတာ့ဘူးလုိ႔ အကုန္သိမီဒီယာနဲ႔ အင္တာ ဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ဒါ႐ုိက္တာေက်ာ္ေဇာလင္း (အေတြးပုံရိပ္)က“တစ္ခ်ိန္တုန္းကေတာ့တအားႀကီးလႈပ္ခပ္ခဲ့တယ္ေပါ့ေနာ္ ဒါေပမဲ့အခ်ိန္တန္ေတာ့လည္း ၿငိမ္သြားတာပါပဲ ေျပာရမယ္ဆုိရင္ကြၽန္ေတာ္တုိ႔ ဘုရားရဲ႕စကားနဲ႔ေျပာရမယ္ဆုိရင္ဘယ္အရာမွ မျမဲပါဘူးေနာ္အဓိကေတာ့ လုပ္ေဆာင္တဲ့အလုပ္ေတြေပၚမွာလဲမူတည္တာေပါ့ကြၽန္ေတာ္တုိ႔ကခုနကေျပာတဲ့ ေပါကားဆုိတာေခါင္းစဥ္တပ္ခံရတဲ့ေပါကားဆုိတာကဘယ္သူမွလူတစ္ေယာက္ဟာကုိယ့္ကုိယ္ကုိယ္လူေပါစာရင္းအဝင္မခံဘူးေလ။ကုိယ့္ကုိယ္ကုိယ္ လူေပါျဖစ္ေအာင္လည္း ဘယ္သူမွ မၾကံစည္ၾကဘူး။

ကုိယ့္ဇာတ္ကားေတြကုိလည္းအေျပာအဆုိခံရေအာင္အဲ့လုိစာရင္းထဲဝင္သြားေအာင္ဘယ္သူမွမဖန္တီးၾကဘူး။အႏုပညာအလုပ္ကုိလုပ္ေနရင္းနဲ႔မတူေစခ်င္တာပုိၿပီးေတာ့ ေျပာင္ေျမာက္ေစခ်င္တာေလာဘအတၱေတြပါသြားမယ္သတိမထားမိတာေတြပါသြားမယ္ ဒါေၾကာင့္လည္းပရိသတ္ၾကည့္လုိက္တဲ့အခ်ိန္မွာမတူညီတဲ့ကြဲျပဲမႈေတြျဖစ္ေနတာေပါ့ေနာ္။

အခုေတာ့ အဲ့ေခါင္းစဥ္ကလုံးဝေမွးမွိန္ၿပီးေတာ့ေပ်ာက္ကြယ္နီးပါးျဖစ္ေနပါၿပီ။အဲ့တာကဘာျဖစ္လုိ႔လဲဆုိေတာ့ ကြၽန္ေတာ္တုိ႔လက္႐ွိတင္တဲ့ကားေတြေရာေနာက္တင္မယ့္ကားေတြအေပၚမွာလည္းပရိသတ္က ကြၽန္ေတာ္တုိ႔ ဖန္တီးမႈအေပၚမွာလည္းတေျဖးေျဖးနဲ႔ နားလည္မႈ ပုိရလာၿပီလုိ႔ထင္ပါတယ္။

ကြၽန္ေတာ္တုိ႔ ႐ုိက္ကူးရတဲ့ အခုိက္အခဲေတြ ဇာတ္လမ္း႐ွားပါးမႈေတြအရင္တုန္းကလုိ ဝတၳဳေတြ ႐ုပ္ျပကာတြန္းေတြကုိ အားကုိးမွီခုိၿပီး ႐ုိက္လုိ႔မရေတာ့တဲ့အခ်ိန္မွာကုိယ္ပုိင္ဇာတ္လမ္းေတြဖန္တီးၾကရတာကုိး

အဲ့အခါက်ေတာ့တစ္ေယာက္ေယာက္နဲ႔တစ္ေယာက္ ပုိေကာင္းေအာင္တစ္ကားနဲ႔တစ္ကားပုိရယ္ရေအာင္ စဥ္းစားၿပီးဖန္တီးၾကတယ္ဆုိတာကုိပရိသတ္ တေျဖးေျဖးပိုၿပီးေတာ့နားလည္မႈရလာလုိ႔ဒီေခါင္းစဥ္က တေျဖးေျဖးနဲ႔ကြယ္ေပ်ာက္သြားတယ္လုိ႔ထင္ပါတယ္ အဲ့အတြက္လည္း ကြၽန္ေတာ္ ေက်နပ္ပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

Credit: နာမည္ႀကီး

Unicode

မြန်မာကားတွေကို ပေါကားတွေလို့ ဝေဖန်တာေတြရှိတော့ဘူးလို့ ပြောလိုက်တဲ့ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)

အလွမ်း အဆွေး Drama ဟာသ အက်ရှင် စတဲ့ ဇာတ်လမ်းကောင်းများစွာကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အမြဲရိုက်တတ်ပြီး ဟာသကားတွေကို အဓိကထားရိုက်တဲ့ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)ကတော့ မြန်မာကားတွေကိုပေါကားတွေလို့ ဝေဖန်တာေ မရှိတော့ဘူးလို့ အကုန်သိမီဒီယာနဲ့ အင်တာ ဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)က“တစ်ချိန်တုန်းကတော့တအားကြီးလှုပ်ခပ်ခဲ့တယ်ပေါ့နော် ဒါပေမဲ့အချိန်တန်တော့လည်း ငြိမ်သွားတာပါပဲ ပြောရမယ်ဆိုရင်ကျွန်တော်တို့ ဘုရားရဲ့စကားနဲ့ပြောရမယ်ဆိုရင်ဘယ်အရာမှ မမြဲပါဘူးနော်အဓိကတော့ လုပ်ဆောင်တဲ့အလုပ်တွေပေါ်မှာလဲမူတည်တာပေါ့ကျွန်တော်တို့ကခုနကပြောတဲ့ ပေါကားဆိုတာခေါင်းစဉ်တပ်ခံရတဲ့ပေါကားဆိုတာကဘယ်သူမှလူတစ်ယောက်ဟာကိုယ့်ကိုယ်ကိုယ်လူပေါစာရင်းအဝင်မခံဘူးလေ။ကိုယ့်ကိုယ်ကိုယ် လူပေါဖြစ်အောင်လည်း ဘယ်သူမှ မကြံစည်ကြဘူး။

ကိုယ့်ဇာတ်ကားတွေကိုလည်းအပြောအဆိုခံရအောင်အဲ့လိုစာရင်းထဲဝင်သွားအောင်ဘယ်သူမှမဖန်တီးကြဘူး။အနုပညာအလုပ်ကိုလုပ်နေရင်းနဲ့မတူစေချင်တာပိုပြီးတော့ ပြောင်မြောက်စေချင်တာလောဘအတ္တတွေပါသွားမယ်သတိမထားမိတာတွေပါသွားမယ် ဒါကြောင့်လည်းပရိသတ်ကြည့်လိုက်တဲ့အချိန်မှာမတူညီတဲ့ကွဲပြဲမှုတွေဖြစ်နေတာပေါ့နော်။

အခုတော့ အဲ့ခေါင်းစဉ်ကလုံးဝမှေးမှိန်ပြီးတော့ပျောက်ကွယ်နီးပါးဖြစ်နေပါပြီ။အဲ့တာကဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လက်ရှိတင်တဲ့ကားတွေရောနောက်တင်မယ့်ကားတွေအပေါ်မှာလည်းပရိသတ်က ကျွန်တော်တို့ ဖန်တီးမှုအပေါ်မှာလည်းတဖြေးဖြေးနဲ့ နားလည်မှု ပိုရလာပြီလို့ထင်ပါတယ်။

ကျွန်တော်တို့ ရိုက်ကူးရတဲ့ အခိုက်အခဲတွေ ဇာတ်လမ်းရှားပါးမှုတွေအရင်တုန်းကလို ဝတ္ထုတွေ ရုပ်ပြကာတွန်းတွေကို အားကိုးမှီခိုပြီး ရိုက်လို့မရတော့တဲ့အချိန်မှာကိုယ်ပိုင်ဇာတ်လမ်းတွေဖန်တီးကြရတာကိုး

အဲ့အခါကျတော့တစ်ယောက်ယောက်နဲ့တစ်ယောက် ပိုကောင်းအောင်တစ်ကားနဲ့တစ်ကားပိုရယ်ရအောင် စဉ်းစားပြီးဖန်တီးကြတယ်ဆိုတာကိုပရိသတ် တဖြေးဖြေးပိုပြီးတော့နားလည်မှုရလာလို့ဒီခေါင်းစဉ်က တဖြေးဖြေးနဲ့ကွယ်ပျောက်သွားတယ်လို့ထင်ပါတယ် အဲ့အတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

Credit: နာမည်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *