အရွက္ေတြ ဟက္တက္ ကြဲကုန္ၾကၿပီ.. (ဘယ္သူေတြ ကြဲကုန္တာလဲ)

အရွက္ေတြ ဟက္တက္ ကြဲကုန္ၾကၿပီ.. (ဘယ္သူေတြ ကြဲကုန္တာလဲ)

ေနျပည္ေတာ္သက္ငယ္မုဒိမ္းမႈနဲ႔ပတ္သက္တဲ့သတင္းစာရွင္းလင္းပြဲမွာ၊ ရဲခ်ဳပ္ေအာင္နိုင္သူက၊ “ေအာင္ႀကီးဟာ စီစီတီဗီ ျမင္ကြင္းကေန(၂၈)မိနစ္ေပ်ာက္ေနတယ္” “သူ႔လက္ေတြကိုသူျပန္နမ္းေနတာေတြ႕တယ္” “သူ႔ဖာသာ (မရိုေသ့စကား) ဂြင္းထုၿပီး၊မဖြယ္မရာလုပ္ခဲ့ေၾကာင္းဝန္ခံ တယ္” “အဲဒီ(၂၈)မိနစ္အတြင္းမွာ၊အဲဒီေက်ာင္းကိုေရာက္လာတဲ့တစ္ဦးတည္း ေသာအမ်ိဳးသားျဖစ္တယ္” လို႔ ရွင္းခဲ့ပါတယ္ … ။ အခုဘီဘီစီကထုတ္ျပန္လိုက္တဲ့စီစီတီဗီမွတ္တမ္းမွာ ေတာ့စီစီတီဗီျမင္ကြင္းကေန၊ေအာင္ႀကီးေပ်ာက္ေနတာ(၁၂)မိနစ္ပဲရွိ တယ္။ ဒါ့အျပင္ အဲဒီအခ်ိန္ဟာ၊ ေက်ာင္းဆင္းခ်ိန္မို႔၊ ကေလးေတြကို မိဘေတြ ကလာႀကိဳေနတဲ့အခ်ိန္မို႔၊ ေအာင္ႀကီး ေပ်ာက္ေန တယ္ဆိုတဲ့(အမွန္ ကတံခါးပိတ္ထားလို႔၊မျမင္ရတာ။ေပ်ာက္တယ္လို႔ေျပာလို႔မရနို္င္ဘူး) (၁၂)မိနစ္မွာလည္း၊ ကေလးေတြဟာ စာသင္ခန္းထဲမွာဆရာမေတြနဲ႔ အတူရွိေနတယ္ဆိုတာေသခ်ာပါတယ္ … ။

သူ႔လက္သူ နမ္းတယ္ ဆိုတာကလည္း၊ ရဲမႉးဆိုသူရဲ့ ကားထဲကို တစုံတခု ဝင္ယူ သို႔မဟုတ္ ဝင္ထားရင္း၊ နမ္းတာသာ ျဖစ္တယ္။ ဂြင္းထုၿပီးမေတာ္ တေရာ္လုပ္ခဲ့လို႔၊ လက္ကို နမ္းတာမဟုတ္ဘူး။ ေအာင္နိုင္သူ ေျပာခဲ့တဲ့ ေပ်ာက္ေနတဲ့ (၂၈) မိနစ္မွာ၊ ေအာင္ႀကီိးတင္မက၊ ေက်ာင္းအုပ္ခ်ဳပ္ေရးမႉး ဥမၼာလွိုင္ရဲ့ ေယာက္်ား ရဲမႉးပါ၊ ေရာက္လာခဲ့တာ၊ စီစီတီဗီမွာ အထင္အရွားျမင္ရတယ္ … ။ အတိုခ်ဳပ္ရရင္၊ ေအာင္နိုင္သူ ရွင္းခဲ့သမၽွ အားလုံး ေသာက္တလြဲေတြခ်ည္း ျဖစ္ေနတယ္။ ဒါေၾကာင့္ ဒီအမႈကို ကမၻာက ဒီထက္ ပိုၿပီး အာ႐ုံစိုက္လာၾက ဦးမယ္။ ကၽြန္ေတာ့္ စိတ္ထင္၊ အခု ဘီဘီစီက တင္လိုက္တဲ့ စီစီတီဗီရဲ့ ေရွ႕ပိုင္းအခ်ိန္ မွတ္တမ္းကို၊ ေက်ာင္းတက္တဲ့ အခ်ိန္ကေနစၿပီး၊ ၾကည့္လိုက္ရင္၊တရားခံ အစစ္ေတာင္ေပၚလာနိုင္တယ္။ (ဒါလည္းဘီဘီစီက တမင္တစ္ကြက္ခ်န္ ထားတာျဖစ္နိုင္တယ္။)

ေအာင္နိုင္သူ ေသာက္ရွက္ဟက္တက္ကြဲၿပီ။ စီအိုင္ဒီလည္းကြဲၿပီ။ ျပည္ထဲေရးလည္းကြဲၿပီ။ ေအာင္ႀကီးဟာ တရားခံ အစစ္အမွန္ မဟုတ္တာ၊ ရာႏႈံးျပည့္နီးပါး ေသခ်ာေနၿပီ။ တရားကို နတ္ေစာင့္တယ္ဆိုတာ ဒါမ်ိဳးထင္ပါရဲ့။ ေလာင္မီးက် လ်က္ နတ္တို႔စက္ ဆိုၾကတယ္ မဟုတ္လား။ အခုေတာ့ လူယုတ္မာေတြ အစုလိုက္အျပဳံလိုက္ ေလာင္မီးက်ကုန္ၿပီ …. ။

မင္းဒင္၏ ေဖ့ဘုတ္အေကာင့္မွ ကူးယူေဖာ္ၿပ ပါသည္။ (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

အရှက်တွေ ဟက်တက် ကွဲကုန်ကြပြီ.. (ဘယ်သူတွေ ကွဲကုန်တာလဲ)

နေပြည်တော်သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ၊ ရဲချုပ်အောင်နိုင်သူက၊ “အောင်ကြီးဟာ စီစီတီဗီ မြင်ကွင်းကနေ(၂၈)မိနစ်ပျောက်နေတယ်” “သူ့လက်တွေကိုသူပြန်နမ်းနေတာတွေ့တယ်” “သူ့ဖာသာ (မရိုသေ့စကား) ဂွင်းထုပြီး၊မဖွယ်မရာလုပ်ခဲ့ကြောင်းဝန်ခံ တယ်” “အဲဒီ(၂၈)မိနစ်အတွင်းမှာ၊အဲဒီကျောင်းကိုရောက်လာတဲ့တစ်ဦးတည်း သောအမျိုးသားဖြစ်တယ်” လို့ ရှင်းခဲ့ပါတယ် … ။ အခုဘီဘီစီကထုတ်ပြန်လိုက်တဲ့စီစီတီဗီမှတ်တမ်းမှာ တော့စီစီတီဗီမြင်ကွင်းကနေ၊အောင်ကြီးပျောက်နေတာ(၁၂)မိနစ်ပဲရှိ တယ်။ ဒါ့အပြင် အဲဒီအချိန်ဟာ၊ ကျောင်းဆင်းချိန်မို့၊ ကလေးတွေကို မိဘတွေ ကလာကြိုနေတဲ့အချိန်မို့၊ အောင်ကြီး ပျောက်နေ တယ်ဆိုတဲ့(အမှန် ကတံခါးပိတ်ထားလို့၊မမြင်ရတာ။ပျောက်တယ်လို့ပြောလို့မရနို်င်ဘူး) (၁၂)မိနစ်မှာလည်း၊ ကလေးတွေဟာ စာသင်ခန်းထဲမှာဆရာမတွေနဲ့ အတူရှိနေတယ်ဆိုတာသေချာပါတယ် … ။

သူ့လက်သူ နမ်းတယ် ဆိုတာကလည်း၊ ရဲမှူးဆိုသူရဲ့ ကားထဲကို တစုံတခု ဝင်ယူ သို့မဟုတ် ဝင်ထားရင်း၊ နမ်းတာသာ ဖြစ်တယ်။ ဂွင်းထုပြီးမတော် တရော်လုပ်ခဲ့လို့၊ လက်ကို နမ်းတာမဟုတ်ဘူး။ အောင်နိုင်သူ ပြောခဲ့တဲ့ ပျောက်နေတဲ့ (၂၈) မိနစ်မှာ၊ အောင်ကြီိးတင်မက၊ ကျောင်းအုပ်ချုပ်ရေးမှူး ဥမ္မာလှိုင်ရဲ့ ယောက်ျား ရဲမှူးပါ၊ ရောက်လာခဲ့တာ၊ စီစီတီဗီမှာ အထင်အရှားမြင်ရတယ် … ။ အတိုချုပ်ရရင်၊ အောင်နိုင်သူ ရှင်းခဲ့သမျှ အားလုံး သောက်တလွဲတွေချည်း ဖြစ်နေတယ်။ ဒါကြောင့် ဒီအမှုကို ကမ္ဘာက ဒီထက် ပိုပြီး အာရုံစိုက်လာကြ ဦးမယ်။ ကျွန်တော့် စိတ်ထင်၊ အခု ဘီဘီစီက တင်လိုက်တဲ့ စီစီတီဗီရဲ့ ရှေ့ပိုင်းအချိန် မှတ်တမ်းကို၊ ကျောင်းတက်တဲ့ အချိန်ကနေစပြီး၊ ကြည့်လိုက်ရင်၊တရားခံ အစစ်တောင်ပေါ်လာနိုင်တယ်။ (ဒါလည်းဘီဘီစီက တမင်တစ်ကွက်ချန် ထားတာဖြစ်နိုင်တယ်။)

အောင်နိုင်သူ သောက်ရှက်ဟက်တက်ကွဲပြီ။ စီအိုင်ဒီလည်းကွဲပြီ။ ပြည်ထဲရေးလည်းကွဲပြီ။ အောင်ကြီးဟာ တရားခံ အစစ်အမှန် မဟုတ်တာ၊ ရာနှုံးပြည့်နီးပါး သေချာနေပြီ။ တရားကို နတ်စောင့်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ လောင်မီးကျ လျက် နတ်တို့စက် ဆိုကြတယ် မဟုတ်လား။ အခုတော့ လူယုတ်မာတွေ အစုလိုက်အပြုံလိုက် လောင်မီးကျကုန်ပြီ …. ။

မင်းဒင်၏ ဖေ့ဘုတ်အကောင့်မှ ကူးယူဖော်ပြ ပါသည်။ (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *