ဟာသကားေတြ႐ိုက္ဖို႔ ျမင့္ျမတ္ ရဲ႕ဇာတ္ကားေတြကိုျပန္ၾကည့္မယ္လို႔ ေျပာလိုက္တဲ့ ရဲတိုက္

ဟာသကားေတြ႐ိုက္ဖို႔ ျမင့္ျမတ္ ရဲ႕ဇာတ္ကားေတြကိုျပန္ၾကည့္မယ္လို႔ ေျပာလိုက္တဲ့ ရဲတိုက္

အႏုပညာေလာကထဲကေနအေၾကာင္းကိစၥတခုေၾကာင့္ခဏေပ်ာက္ကြယ္သြားတဲ့ မင္းသားရဲတိုက္ကေတာ့ လက္ရွိခ်ိန္မွာအႏုပညာေလာကထဲကိုေတာ့ အေကာင္းဆံုးရုပ္ရွင္ေတြနဲ႔ ျပန္လည္ဝင္ေရာက္လာခဲ့ျပီ ျဖစ္ပါတယ္။ရဲတိုက္ကေတာ့ ဒ႑ာရီမိုးဆိုတဲ့ ရုပ္ရွင္နဲ႔ပရိသတ္ေတြရဲ့စိတ္ဝင္စားမႈကို ခံေနရတာ ျဖစ္ပါတယ္။သရုပ္ေဆာင္ပီျပင္လွတဲ့ ရဲတိုက္ကေတာ့ သူ႔အေနနဲ႔ေနာက္ထပ္ ရုပ္ရွင္ဇာတ္ကားေတြ အမ်ားၾကီး ရိုက္ဖို႔ရွိေနပါတယ္။

ဒ႑ာရီမိုး ဇာတ္ကားရိုက္ျပီးေနာက္မွာေတာ့ ရဲတိုက္က ေခၚသံ ဆိုတဲ့ရုပ္ရွင္ရိုက္ဖို႔ အစီအစဥ္ရွိေနျပီး ဒီဇာတ္ကားထဲမွာေတာ့မင္းသား မင္းသမီးေတြ မ်ားစြာ ပါဝင္တာ ျဖစ္ပါတယ္။ရဲတိုက္ကေတာ့ဒီဇာတ္ကားေလးဟာ ဟာသကားေလးျဖစ္ျပီးသူ႔အေနနဲ႔ ဟာသကားေတြသိပ္မရိုက္ဖူးတာေၾကာင့္ ဟာသဇာတ္ရုပ္ေတြကို ျမင့္ျမတ္ဆီကေန ေလ့လာရမယ္လို႔ ေျပာၾကားသြား ခဲ့တာ ျဖစ္ပါတယ္။

ရဲတိုက္ကေတာ့အင္တာဗ်ဴးတြင္ မင္းသား ၅ ေယာက္ပါဝင္မယ့္ ေခၚသံ ဇာတ္ကားမွာ ပါဝင္မယ့္ အေၾကာင္းနဲ႔ပတ္သက္ျပီး “ဟာသကားပါ။ ကုိဘိုစန္းနဲ႔ က်ေနာ္တိ႔ုၾကားမွာရွိတဲ့ ယံုၾကည္မႈ ပ်က္ျပားသြားတဲ့ အတြက္ျပန္လည္ စမ္းသပ္တာပါ။ယံုၾကည္မႈတခုကို ဇာတ္ကားတခုနဲ႔ ျပန္လည္စမ္းသပ္တဲ့သေဘာမ်ိဳးေပါ့။ ျပန္ရိုက္လို႔ရလားေပါ့။က်ေနာ္ကလည္း ရိုက္လို႔ရပါတယ္ေပ့ါ။ေျပာရလို႔ရွိရင္ေတာ့ အႏုပညာသမား အခ်င္းခ်င္း ေၾကးေခၚျပီးေတာ့ ဖဲရိုက္တဲ့သေဘာပါပဲ”

ဟာသဇာတ္ရုပ္အတြက္ဘယ္လိုျပင္ဆင္သြားမလဲဆိုတဲ့ အေပၚမွာေတာ့“ျမင့္ျမတ္ကားေတြ နည္းနည္းျပန္ၾကည့္မယ္။သူ႔ဟာသကားေတြ ျပန္ၾကည့္မယ္။သူ႔အိုက္တင္ေလးေတြ ၾကည့္မယ္။ဘာလို႔လဲဆိုေတာ့ ဟာသကက်ေနာ့္လိုင္းမဟုတ္ဘူး။ဒီလိုမ်ိဳး တခါတေလအေၾကာင္းကိစၥနဲ႔ လုပ္တယ္ဆိုေတာ့အဲ့ဒါ က်ေနာ္ သူမ်ားဟာ ငွားသံုးမယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: နာမည္ႀကီး

Unicode

ဟာသကားတွေရိုက်ဖို့ မြင့်မြတ် ရဲ့ဇာတ်ကားတွေကိုပြန်ကြည့်မယ်လို့ ပြောလိုက်တဲ့ ရဲတိုက်

အနုပညာလောကထဲကနေအကြောင်းကိစ္စတခုကြောင့်ခဏပျောက်ကွယ်သွားတဲ့ မင်းသားရဲတိုက်ကတော့ လက်ရှိချိန်မှာအနုပညာလောကထဲကိုတော့ အကောင်းဆုံးရုပ်ရှင်တွေနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ရဲတိုက်ကတော့ ဒဏ္ဍာရီမိုးဆိုတဲ့ ရုပ်ရှင်နဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ခံနေရတာ ဖြစ်ပါတယ်။သရုပ်ဆောင်ပီပြင်လှတဲ့ ရဲတိုက်ကတော့ သူ့အနေနဲ့နောက်ထပ် ရုပ်ရှင်ဇာတ်ကားတွေ အများကြီး ရိုက်ဖို့ရှိနေပါတယ်။

ဒဏ္ဍာရီမိုး ဇာတ်ကားရိုက်ပြီးနောက်မှာတော့ ရဲတိုက်က ခေါ်သံ ဆိုတဲ့ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိနေပြီး ဒီဇာတ်ကားထဲမှာတော့မင်းသား မင်းသမီးတွေ များစွာ ပါဝင်တာ ဖြစ်ပါတယ်။ရဲတိုက်ကတော့ဒီဇာတ်ကားလေးဟာ ဟာသကားလေးဖြစ်ပြီးသူ့အနေနဲ့ ဟာသကားတွေသိပ်မရိုက်ဖူးတာကြောင့် ဟာသဇာတ်ရုပ်တွေကို မြင့်မြတ်ဆီကနေ လေ့လာရမယ်လို့ ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။

ရဲတိုက်ကတော့အင်တာဗျူးတွင် မင်းသား ၅ ယောက်ပါဝင်မယ့် ခေါ်သံ ဇာတ်ကားမှာ ပါဝင်မယ့် အကြောင်းနဲ့ပတ်သက်ပြီး “ဟာသကားပါ။ ကိုဘိုစန်းနဲ့ ကျနော်တိ့ုကြားမှာရှိတဲ့ ယုံကြည်မှု ပျက်ပြားသွားတဲ့ အတွက်ပြန်လည် စမ်းသပ်တာပါ။ယုံကြည်မှုတခုကို ဇာတ်ကားတခုနဲ့ ပြန်လည်စမ်းသပ်တဲ့သဘောမျိုးပေါ့။ ပြန်ရိုက်လို့ရလားပေါ့။ကျနော်ကလည်း ရိုက်လို့ရပါတယ်ပေ့ါ။ပြောရလို့ရှိရင်တော့ အနုပညာသမား အချင်းချင်း ကြေးခေါ်ပြီးတော့ ဖဲရိုက်တဲ့သဘောပါပဲ”

ဟာသဇာတ်ရုပ်အတွက်ဘယ်လိုပြင်ဆင်သွားမလဲဆိုတဲ့ အပေါ်မှာတော့“မြင့်မြတ်ကားတွေ နည်းနည်းပြန်ကြည့်မယ်။သူ့ဟာသကားတွေ ပြန်ကြည့်မယ်။သူ့အိုက်တင်လေးတွေ ကြည့်မယ်။ဘာလို့လဲဆိုတော့ ဟာသကကျနော့်လိုင်းမဟုတ်ဘူး။ဒီလိုမျိုး တခါတလေအကြောင်းကိစ္စနဲ့ လုပ်တယ်ဆိုတော့အဲ့ဒါ ကျနော် သူများဟာ ငှားသုံးမယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit: နာမည်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *