သားႀကီး(ေဒြး)ကိုသတိရေၾကာင္းေျပာျပလာတဲ့ အကယ္ဒမီထြန္းအိျႏၵာဗိုလ္

သားႀကီး(ေဒြး)ကိုသတိရေၾကာင္းေျပာျပလာတဲ့ အကယ္ဒမီထြန္းအိျႏၵာဗိုလ္

ဇူလိုင္လ ၁၁ ရက္မွာဆိုရင္ ျပည္သူခ်စ္သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ကိုသားႀကီး(ေဒြး)ကြယ္လြန္တာ ၁၂ ႏွစ္ရွိၿပီ ျဖစ္ေပမဲ့ သတိရေနဆဲပါလို႔ အကယ္ဒမီထြန္းအိျႏၵာဗိုလ္က ေျပာလာပါတယ္။ ဇူလုိင္လ ၁၀ ရက္မွာ က်င္းပခဲ့တဲ့ႀကိမ္ႏႈန္းရုပ္ရွင္ဇာတ္ကား Press Show မွာ အခုလိုပဲ ေျပာျပလာတာ ျဖစ္ပါတယ္။

“ကိုသားႀကီးနဲ႔ ဇာတ္ကားေတြ အမ်ားႀကီးရိုက္ဖူးတယ္။ေၾကာ္ျငာေတြလည္းရိုိက္ဖူးတယ္။အလုပ္ေတြ အမ်ားႀကီးလုပ္ခဲ့ဖူးတယ္။အလုပ္ကို တကယ္ႀကိဳးစားတဲ့သူျဖစ္တယ္။ေနာက္ပိုင္းေတာ့သိပ္မဆံုျဖစ္ေတာ့ဘူး။ သူကခံစားမႈအားေကာင္းတယ္။သူခံစားရသေလာက္လည္းမ်က္ႏွာမွာေပၚေအာငသရုပ္ေဆာင္ႏုိင္စြမ္းရိွတဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ပါ။အဲဒါေၾကာင့္လည္းသူ႔ကို ပရိသတ္က ဒီေန႔အထိမေမ့ႏုိင္တာလို႔ ထင္ပါတယ္။

သူကအသံကိုအဓိကအားျပဳတဲ့မင္းသားေတာ့မဟုတ္ဘူး။မ်က္လံုး၊မ်က္ႏွာကို အဓိကအားျပဳတဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တယ္။ပရိသတ္ေတြက သူ႔ကိုခ်စ္ခင္ျမတ္ႏုိ္းၾကလုိ႔ ဒီေန႔အထိမေမ့ႏုိင္ၾကသလို ကၽြန္မတို႔လည္းသတိရပါတယ္။”လုိ႔ အကယ္ဒမီ ထြန္းအိျႏၵာဗိုလ္က ေျပာပါတယ္။

ေဒြးနဲ႔ ထြန္းအိျႏၵာဗိုလ္တို႔ ပါဝင္သရုပ္ေဆာင္ခဲ့တဲ့အခ်စ္မရိွေသာေန႔စဲြမ်ား၊ရင္ခြင္နန္းေတာ္စတဲ့ဇာတ္ကားေတြ ဆိုရင္ ပရိသတ္အားေပးမႈမ်ားစြာ ရရိွခဲ့တဲ့ဇာတ္ကားေတြျဖစ္ပါတယ္။

အကယ္ဒမီ ထြန္းအိျႏၵာဗိုလ္ကေတာ့ အခုလက္ရိွမွာ အေမရိကန္ ဒါရိုက္တာ Graham Streeter ႏွင့္ တဲြဖက္ဒါရိုက္တာ ေဆြဇင္ထိုက္တုိ႔ ပံုေဖာ္ရိုက္ကူးမယ့္ “ေမတၱာ” ရုပ္ရွင္ကားမွာ သရုပ္ေဆာင္လူမင္း၊အိႏၵိယ မင္းသား Gin Mung တို႔နဲ႔အတူ အဓိကပါဝင္သရုပ္ေဆာင္မွာျဖစ္ပါတယ္။

Credit: မ်ိဳးေကခိုင္ ( အကုန္သိ သတင္းဌာန ) –

Unicode

သားကြီး(ဒွေး)ကိုသတိရကြောင်းပြောပြလာတဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်

ဇူလိုင်လ ၁၁ ရက်မှာဆိုရင် ပြည်သူချစ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုသားကြီး(ဒွေး)ကွယ်လွန်တာ ၁၂ နှစ်ရှိပြီ ဖြစ်ပေမဲ့ သတိရနေဆဲပါလို့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က ပြောလာပါတယ်။

ဇူလိုင်လ ၁၀ ရက်မှာ ကျင်းပခဲ့တဲ့ကြိမ်နှုန်းရုပ်ရှင်ဇာတ်ကား Press Show မှာ အခုလိုပဲ ပြောပြလာတာ ဖြစ်ပါတယ်။

“ကိုသားကြီးနဲ့ ဇာတ်ကားတွေ အများကြီးရိုက်ဖူးတယ်။ကြော်ငြာတွေလည်းရိုက်ဖူးတယ်။အလုပ်တွေ အများကြီးလုပ်ခဲ့ဖူးတယ်။အလုပ်ကို တကယ်ကြိုးစားတဲ့သူဖြစ်တယ်။နောက်ပိုင်းတော့သိပ်မဆုံဖြစ်တော့ဘူး။ သူကခံစားမှုအားကောင်းတယ်။သူခံစားရသလောက်လည်းမျက်နှာမှာပေါ်အောငသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။အဲဒါကြောင့်လည်းသူ့ကို ပရိသတ်က ဒီနေ့အထိမမေ့နိုင်တာလို့ ထင်ပါတယ်။

သူကအသံကိုအဓိကအားပြုတဲ့မင်းသားတော့မဟုတ်ဘူး။မျက်လုံး၊မျက်နှာကို အဓိကအားပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။ပရိသတ်တွေက သူ့ကိုချစ်ခင်မြတ်နိုးကြလို့ ဒီနေ့အထိမမေ့နိုင်ကြသလို ကျွန်မတို့လည်းသတိရပါတယ်။”လို့ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

ဒွေးနဲ့ ထွန်းအိန္ဒြာဗိုလ်တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အချစ်မရှိသောနေ့စွဲများ၊ရင်ခွင်နန်းတော်စတဲ့ဇာတ်ကားတွေ ဆိုရင် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။

အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ကတော့ အခုလက်ရှိမှာ အမေရိကန် ဒါရိုက်တာ Graham Streeter နှင့် တွဲဖက်ဒါရိုက်တာ ဆွေဇင်ထိုက်တို့ ပုံဖော်ရိုက်ကူးမယ့် “မေတ္တာ” ရုပ်ရှင်ကားမှာ သရုပ်ဆောင်လူမင်း၊အိန္ဒိယ မင်းသား Gin Mung တို့နဲ့အတူ အဓိကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Credit: မျိုးကေခိုင် ( အကုန်သိ သတင်းဌာန ) –

Leave a Reply

Your email address will not be published. Required fields are marked *