‘ပိတောက်ကတဲ့ဂီတ’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပိုးမမှီသာကို သရုပ်ဆောင်သင်ပေးနေတဲ့ ပိုင်ဖြိုးသု

နိုင်ငံကျော် မင်းသမီးလေး ပိုင်ဖြိုးသုက သရုပ်ဆောင်ကောင်းရုံသာမက သူမရဲ့အလုပ်ကို စိတ်ပါဝင်စားစွာနဲ့ အာရုံစိုက် လုပ်ကိုင်သူ တစ်ယောက် ဖြစ်ပါတယ်။ “သရီးဂဲလ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားတဲ့ ပိုင်ဖြိုးသုက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက “မီ” ဆိုတဲ့ ဇာတ်ရုပ်နဲ့လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝ ရရှိထားသူလေး ဖြစ်ပါတယ်။

ပိုင်ဖြိုးသုက လက်ရှိမှာတော့ စိုင်းစိုင်းခမ်းလှိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပိုးမမှီသာကို သရုပ်ဆောင်သင်ပေးနေရတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က “ပိတောက်ကတဲ့ဂီတ ရုပ်ရှင်အတွက် Training လုပ်ပေးနေတဲ့ မမသုသု… Thank you Paing Phyo Thu for coaching our new actress Poe Mamhe Thar” ဆိုပြီး ပိုင်ဖြိုးသုအတွက် ကျေးဇူးတင်စကား ပြောထားပါသေးတယ်။

“ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်မှာ ဖြစ်ပြီး ဂီတနောက်ခံ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီ မင်းသမီးချော ပိုင်ဖြိုးသုကတော့ ပိုးမမှီသာကို သူမရဲ့ ပညာတွေကို အကုန်ထုတ်ပြီး သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ ။ ဒီ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း သင်္ကြန်ရုပ်ရှင်ဇာတ်လမ်းဖြစ်လို့ စိတ်ဝင်စားစရာကောင်းမှာ အသေအချာပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။ Rowena Source: Sai Sai Kham Leng”s fb

Leave a Reply

Your email address will not be published. Required fields are marked *