မကြာခင်​ နာမည်​ကြီးလာဦးမယ့်​ ​ရွှေအိမ်​စည် ​အကြမ်းစား သရုပ်​​ဆောင်​ထားတဲ့ Ar T ရဲ့သီချင်းသစ်

အမိုက်​စားသီချင်း​တွေကို ခံစားချက်​အပြည့်​နဲ့ သီဆိုပြီ ပရိသတ်​​တွေကို ချပြ​လေ့ရှိတဲ့ အဆို​တော်​ Ar T က​တော့ လူငယ်​ပရိသတ်​​တွေ အခိုင်​အမာရရှိထားတဲ့ အဆို​တော်​တစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ Ar T က ​မော်​ဒယ်​ ​ရွှေအိမ်​စည်​ အမိုက်​စား သရုပ်​​ဆောင်​ထားတဲ့ သီချင်းသစ်​​လေးတစ်​ပုဒ်​ကို မကြာခင်​မှာ ချပြ​တော့မယ့်​အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ Ar T ရဲ့ သီချင်းသစ်​ထဲမှာ သရုပ်​​ဆောင်​ထားတဲ့ အိမ်​စည့်​ရဲ့ပုံရိပ်​​တွေက​တော့ အရမ်းကို လန်း​နေတာပါ​နော်​။

မိုမို​လေးချစ်​ပရိသတ်​​တွေအတွက်​ မကြာခင်​ ပရိသတ်​​တွေကြားမှာ နာမည်​ကြီးလာဦးမယ့်​ ​ရွှေအိမ်​စည်​ အမိုက်​စားသရုပ်​​ဆောင်​ထားတဲ့ Ar T ရဲ့ သီချင်းအသစ်​ထဲက ပုံရိပ်​တစ်​ချို့ကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ Ar T က​တော့ “Broken Paradise ရဲ့ music video အမြည်းလေးကို မနက်ဖြန်ညမှာ Shwe Eain Si ရဲ့ personal account ကနေတင်ပေးမယ်နော်။ အခုတော့ပုံလေးတွေပဲအရင်ကြည့်ထားပေးပါနော်။ Official Music Video ကိုတော့ သောကြာနေ့ (၁၂.၀၇.၂၀၁၉) နေ့လယ် (၁၂)နာရီမှာ AR-T page ကနေတင်ပေးမှာပါ။…ချစ်သယ်…” ဆိုပြီး “Broken Paradise” ဆိုတဲ့ သူ့ရဲ့ သီချင်းသစ်​​လေးထဲက အမိုက်​စားပုံရိပ်​​တွေ ​ဝေမျှ​ပေးထားတာပါ။

တစ်နှစ်ပြည့်တော့မယ့် တစ်ရက်ကြီး တစ်ရက်ငယ် လွင်ထက် နဲ့ မြတ်သူ

Wow! အရမ်းလန်းတယ်​ အိမ်​စည်​ရယ်​.. .

အဆိုတော် Ar-T ကတော့ သီချင်းကောင်းများစွာကို ကိုယ်တိုင်ဖန်တီးပြီး၊ ပရိသတ်တွေကိုချပြလေ့ရှိတဲ့ အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။ Ar-Tကတော့ ပြီးခဲ့တဲ့ လပိုင်းလောက်ကလည်း သီချင်းကောင်းတွေ များစွာပါဝင်တဲ့ “Moving Colors ” ဆိုတဲ့ သီချင်းခွေလေးကို ထွက်ရှိထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်​ဝင်​စားစရာ​ကောင်းတဲ့ Ar T ရဲ့”Broken Paradise” သီချင်းဗီဒီယိုလေးထွက်​လာရင်​ အား​ပေးကြဖို့ မမေ့ပါနဲ့နော်။ Myint Myat Source;Ar T”s Facebook Photo:Ria Bo Vich

Leave a Reply

Your email address will not be published. Required fields are marked *