ၾကက္သီးထဖြယ္ရာရႈခင္းေတြနဲ႔ ကမၻာ႔အျမင့္ဆံုးမိုးေမွ်ာ္တိုက္ႀကီး ၇ ခုအေၾကာင္း

Zawgyi Font ျဖင့္ဖတ္ရန္

Leonard Zhukovsky/Shutterstock

ႏိုင္ငံတစ္ႏုိင္ငံတိုးတက္လားမတိုးတက္ဘူးလားဆိုတာ အျမင္နဲ႔ဆံုးျဖတ္လို႔ရႏုိင္တဲ့အရာေတြထဲ မိုးေမွ်ာ္တိုက္ေတြပါဝင္လို႔ေနပါတယ္။ ေပေပါင္းဆယ္ခ်ီရာခ်ီျမင့္မားၾကတဲ့ မိုးေမွ်ာ္တိုက္ႀကီးေတြေပၚက ျမင္ရတဲ့ ရႈခင္းေတြဟာဆိုရင္လည္း ေလတျဖဴးျဖဴးတိုက္ေနတဲ့ၾကားက ၾကက္သီးထေစမွာအမွန္ပါပဲ။ ကမၻာအႏွံ႔က ခရီးသြားေတြကို ဆြဲေဆာင္ေနတဲ့ အျမင့္ဆံုးမိုးေမွ်ာ္တိုက္ႀကီးေတြအေၾကာင္း Insider မွာ ေတြ႕မိတဲ့အတြက္ ျပန္လည္ကိုးကားမွ်ေဝေပးလိုက္ပါတယ္။

(၁) Vincom Landmark 81 tower

ဟိုခ်ီမင္းမွာရွိတဲ့ မိုးေမွ်ာ္တုိက္ႀကီးကေတာ့ ဗီယက္နမ္မွာ အျမင့္ဆံုးလို႔ The Skyscraper Center က သတ္မွတ္ထားခဲ့ပါတယ္။ ေပေပါင္း ၁၅၄၀ ျမင့္ၿပီး အထဲမွာဆိုရင္ေတာ့ ၾကယ္ငါးပြင့္စားေသာက္ဆိုင္ႀကီးေတြ၊ ဇိမ္ခံဟိုတယ္ႀကီးေတြနဲ႔ ရုပ္ရွင္ရံုေတြအျပင္ စကိတ္ကြင္းေတြေတာင္ ထည့္သြင္းထားပါတယ္တဲ့။

Saigoneer/Shutterstock

(၂) New York, 111 West 57th Street

ဒီမိုးေမွ်ာ္တိုက္ကေတာ့ နယူးေယာက္တစ္ၿမိဳ႕လံုးမွာ အႀကီးဆံုးေတာ့မဟုတ္ေပမယ့္ ကမၻာ႔ဧရိယာအေသးဆံုးမိုးေမွ်ာ္တိုက္ဆုိတဲ့ ဂုဏ္ပုဒ္ကိုအပိုင္သိမ္းထားခဲ့တာပါ။ ေျပာရရင္ကမၻာ႕အပိန္ဆံုး မိုးေမွ်ာ္တိုက္ေလးေပါ့။ နယူးေယာက္ရဲ႕ 111 West 57th လမ္းမွာတည္ရွိၿပီး Central Park ရဲ႕ အေပၚစီးရႈခင္းေတြကို တဝႀကီး ခံစားရမွာပဲျဖစ္ပါတယ္။

View this post on Instagram

Coming Soon…

A post shared by 111 West 57th St. (@111w57) on Nov 4, 2016 at 10:38pm PDT

(၃) Liebian International Building

Liebian International Plaza လို႔လည္း လူသိမ်ားတဲ့ မိုးေမွ်ာ္တိုက္ႀကီးကေတာ့ တရုတ္ႏုိင္ငံရဲ႕ Guizhou အေနာက္ေတာင္ပိုင္း Gyuyang မွာ တည္ရွိေနပါတယ္။ ဟိုတယ္ေတြ၊ ရံုးခန္းေတြအျပင္ ေဈးဝယ္စင္တာႀကီးပါ ထည့္သြင္းထားတာျဖစ္လို႔ အဲဒီေဒသကလူေတြအတြက္ေတာ့ အားကိုးေလာက္စရာပါပဲ။ ဒီအျပင္ ကမၻာ႔အႀကီးဆံုး လူလုပ္ေရတံခြန္အတုဟာဆိုရင္လည္း ဒီအေဆာက္္အဦရဲ႕ ေရွ႕မ်က္ႏွာစာမွာ ထည့္သြင္းဖန္တီးထားပါေသးတယ္။ ေရတံခြန္ေတာင္ ေပ ၃၅၀ ရွိတယ္ဆိုေတာ့ အေဆာက္အဦရဲ႕အျမင့္ကို စဥ္းစားသာၾကည့္ပါေတာ့။

READၾသစေတးလ်နဲ႔ ပတ္သက္လို႔ ၾကံဳေတြ႕ရမယ့္ ထူးထူးျခားျခား အခ်က္မ်ား

View this post on Instagram

A waterfall in the middle of the city? There’s one in Guizhou, China. What some people mistook for a massive leak is actually an artificial waterfall on the facade of Liebian International Building in Guiyang, the capital of Guizhou. The water feature stands 350 ft high on the side of the 397 ft skyscraper. It has met criticism among locals who think running the waterfall is a waste of electricity as it costs $118 an hour to power the waterfall’s four pumps. In its defense, the building claims that the waterfall will only run on special occasions and use recycled water. —AFP

A post shared by INQUIRER PROPERTY (@inquirerproperty) on Jul 29, 2018 at 11:43pm PDT

(၄) The Vessel

READသုႆန္အလား ေျခာက္ကပ္တိတ္ဆိတ္ေနတဲ့ ေတာင္ကိုရီးယားမွ အပန္းေျဖဥယ်ာဥ္ႀကီး

ပ်ားလပို႔ပံုသ႑ာန္မ်ိဳး ဒီဇိုင္းထြင္ဖန္တီးထားတဲ့ The Vessel ကေတာ့ ၿဗိတိသွ်ဗိသုကာပညာရွင္ Thomas Heatherwick ရဲ႕ လက္ရာႀကီးပါ။ Hudson ျမစ္ကမ္းနေဘးမွာ တည္ရွိတာေၾကာင့္ တျခားေနရာေတြထက္ ေလတိုက္တာကို ပိုခံစားရမွာျဖစ္ၿပီး အျမင့္ေပကေတာ့ ၁ပ ၁၅၀ ရွိပါတယ္။

Leonard Zhukovsky/Shutterstock

(၅) Umeda Sky Building

ဂ်ပန္က Umeda Sky မိုးေမွ်ာ္တိုက္မွာေတာ့ ထူးထူးဆန္းဆန္းလုပ္ႏုိင္မယ့္ အရာတစ္ခုရွိပါတယ္။ ဒါကေတာ့ စက္လွကားစီးတာပါပဲ။ မွန္ေတြနဲ႔ျပဳလုပ္ထားတဲ့ ဓာတ္ေလွကားျဖစ္တာေၾကာင့္ ဘယ္ေနရာၾကည့္ၾကည့္ အသည္းတယားယားနဲ႔ခံစားရမွာပါ။ လာလည္သူေတြကိုေတာ့ အပေၚဆံုးထပ္မွာရွိတဲ့ ပန္းျခံမွာ ၿမိဳ႕ရႈခင္းေတြၾကည့္ဖို႔ ျပဳလုပ္ေပးထားၿပီး အဲဒီပန္းျခံကို floating garden လို႔ေတာင္ တင္စားထားသတဲ့။

Benny Marty/ShutterstockLukasz Palka/Shutterstock

(၆) The Marina Bay Sands Hotel

စကၤာပူက infinity pool ရွိတဲ့ ဒီအေဆာက္အဦကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား ရင္းႏွီးၾကမွာပါေနာ္။ အျမင့္ေပ ၆၃၆ ေပရွိၿပီး ဟိုတယ္အျပင္ ေဈးႀကီးပစၥည္းေတြေရာင္းတဲ့ ေဈးဝယ္စင္တာနဲ႔ spa ေတြကို ထည့္သြင္းေပးထားပါတယ္။

Vichy Deal/ShutterstockMila Larson/Shutterstock

(၇) Infinity London

ဒါကေတာ့ အခုအခ်ိန္အထိ ေဆာက္လုပ္ေရးလုပ္ငန္းေတြေတာင္မစရေသးတဲ့ အေဆာက္အဦတစ္ခုပါ။ ဒါေပမဲ့လည္း သူ႕ရဲ႕ 3-D ပံုၾကမ္းနဲ႔တင္ကို ေတာ္ေတာ္ေလးမိုက္ေနတယ္လို႔ ခံစားမိတဲ့အတြက္ ထည့္ေပးလိုက္တာပါ။ ေဆာက္လုပ္ေရးစတင္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ၿပီး အစီအစဥ္အတုိင္းသာျဖစ္မယ္ဆိုင္ေတာ့ ၂၀၂၀ ခုႏွစ္မွာ စပါလိမ့္မယ္။ ဒီမိုးေမွ်ာ္တိုက္မွာ အဆြဲေဆာင္ႏို္င္ဆံုးကေတာ့ တိုက္ႀကီးရဲ႕အေပၚဆံုးက ေရကူးကန္ပါပဲ။ အထပ္ေပါင္း ၅၅ ထပ္ပါဝင္္ေအာင္ လန္ဒန္ၿမိဳ႕လည္ေခါင္မွာ တည္ေဆာက္ဖို႔ အစီအစဥ္ေရးဆြဲထားခဲ့ပါတယ္။

Penny

Unicode Font ဖြင့်ဖတ်ရန်

Leonard Zhukovsky/Shutterstock

နိုင်ငံတစ်နိုင်ငံတိုးတက်လားမတိုးတက်ဘူးလားဆိုတာ အမြင်နဲ့ဆုံးဖြတ်လို့ရနိုင်တဲ့အရာတွေထဲ မိုးမျှော်တိုက်တွေပါဝင်လို့နေပါတယ်။ ပေပေါင်းဆယ်ချီရာချီမြင့်မားကြတဲ့ မိုးမျှော်တိုက်ကြီးတွေပေါ်က မြင်ရတဲ့ ရှုခင်းတွေဟာဆိုရင်လည်း လေတဖြူးဖြူးတိုက်နေတဲ့ကြားက ကြက်သီးထစေမှာအမှန်ပါပဲ။ ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးတွေအကြောင်း Insider မှာ တွေ့မိတဲ့အတွက် ပြန်လည်ကိုးကားမျှဝေပေးလိုက်ပါတယ်။

(၁) Vincom Landmark 81 tower

ဟိုချီမင်းမှာရှိတဲ့ မိုးမျှော်တိုက်ကြီးကတော့ ဗီယက်နမ်မှာ အမြင့်ဆုံးလို့ The Skyscraper Center က သတ်မှတ်ထားခဲ့ပါတယ်။ ပေပေါင်း ၁၅၄၀ မြင့်ပြီး အထဲမှာဆိုရင်တော့ ကြယ်ငါးပွင့်စားသောက်ဆိုင်ကြီးတွေ၊ ဇိမ်ခံဟိုတယ်ကြီးတွေနဲ့ ရုပ်ရှင်ရုံတွေအပြင် စကိတ်ကွင်းတွေတောင် ထည့်သွင်းထားပါတယ်တဲ့။

Saigoneer/Shutterstock

(၂) New York, 111 West 57th Street

ဒီမိုးမျှော်တိုက်ကတော့ နယူးယောက်တစ်မြို့လုံးမှာ အကြီးဆုံးတော့မဟုတ်ပေမယ့် ကမ္ဘာ့ဧရိယာအသေးဆုံးမိုးမျှော်တိုက်ဆိုတဲ့ ဂုဏ်ပုဒ်ကိုအပိုင်သိမ်းထားခဲ့တာပါ။ ပြောရရင်ကမ္ဘာ့အပိန်ဆုံး မိုးမျှော်တိုက်လေးပေါ့။ နယူးယောက်ရဲ့ 111 West 57th လမ်းမှာတည်ရှိပြီး Central Park ရဲ့ အပေါ်စီးရှုခင်းတွေကို တဝကြီး ခံစားရမှာပဲဖြစ်ပါတယ်။

View this post on Instagram

Coming Soon…

A post shared by 111 West 57th St. (@111w57) on Nov 4, 2016 at 10:38pm PDT

(၃) Liebian International Building

Liebian International Plaza လို့လည်း လူသိများတဲ့ မိုးမျှော်တိုက်ကြီးကတော့ တရုတ်နိုင်ငံရဲ့ Guizhou အနောက်တောင်ပိုင်း Gyuyang မှာ တည်ရှိနေပါတယ်။ ဟိုတယ်တွေ၊ ရုံးခန်းတွေအပြင် ဈေးဝယ်စင်တာကြီးပါ ထည့်သွင်းထားတာဖြစ်လို့ အဲဒီဒေသကလူတွေအတွက်တော့ အားကိုးလောက်စရာပါပဲ။ ဒီအပြင် ကမ္ဘာ့အကြီးဆုံး လူလုပ်ရေတံခွန်အတုဟာဆိုရင်လည်း ဒီအဆောက်အဦရဲ့ ရှေ့မျက်နှာစာမှာ ထည့်သွင်းဖန်တီးထားပါသေးတယ်။ ရေတံခွန်တောင် ပေ ၃၅၀ ရှိတယ်ဆိုတော့ အဆောက်အဦရဲ့အမြင့်ကို စဉ်းစားသာကြည့်ပါတော့။

READသြစတေးလျနဲ့ ပတ်သက်လို့ ကြုံတွေ့ရမယ့် ထူးထူးခြားခြား အချက်များ

View this post on Instagram

A waterfall in the middle of the city? There’s one in Guizhou, China. What some people mistook for a massive leak is actually an artificial waterfall on the facade of Liebian International Building in Guiyang, the capital of Guizhou. The water feature stands 350 ft high on the side of the 397 ft skyscraper. It has met criticism among locals who think running the waterfall is a waste of electricity as it costs $118 an hour to power the waterfall’s four pumps. In its defense, the building claims that the waterfall will only run on special occasions and use recycled water. —AFP

A post shared by INQUIRER PROPERTY (@inquirerproperty) on Jul 29, 2018 at 11:43pm PDT

(၄) The Vessel

READသုဿန်အလား ခြောက်ကပ်တိတ်ဆိတ်နေတဲ့ တောင်ကိုရီးယားမှ အပန်းဖြေဥယျာဉ်ကြီး

ပျားလပို့ပုံသဏ္ဍာန်မျိုး ဒီဇိုင်းထွင်ဖန်တီးထားတဲ့ The Vessel ကတော့ ဗြိတိသျှဗိသုကာပညာရှင် Thomas Heatherwick ရဲ့ လက်ရာကြီးပါ။ Hudson မြစ်ကမ်းနဘေးမှာ တည်ရှိတာကြောင့် တခြားနေရာတွေထက် လေတိုက်တာကို ပိုခံစားရမှာဖြစ်ပြီး အမြင့်ပေကတော့ ၁ပ ၁၅၀ ရှိပါတယ်။

Leonard Zhukovsky/Shutterstock

(၅) Umeda Sky Building

ဂျပန်က Umeda Sky မိုးမျှော်တိုက်မှာတော့ ထူးထူးဆန်းဆန်းလုပ်နိုင်မယ့် အရာတစ်ခုရှိပါတယ်။ ဒါကတော့ စက်လှကားစီးတာပါပဲ။ မှန်တွေနဲ့ပြုလုပ်ထားတဲ့ ဓာတ်လှေကားဖြစ်တာကြောင့် ဘယ်နေရာကြည့်ကြည့် အသည်းတယားယားနဲ့ခံစားရမှာပါ။ လာလည်သူတွေကိုတော့ အပေါ်ဆုံးထပ်မှာရှိတဲ့ ပန်းခြံမှာ မြို့ရှုခင်းတွေကြည့်ဖို့ ပြုလုပ်ပေးထားပြီး အဲဒီပန်းခြံကို floating garden လို့တောင် တင်စားထားသတဲ့။

Benny Marty/ShutterstockLukasz Palka/Shutterstock

(၆) The Marina Bay Sands Hotel

စင်္ကာပူက infinity pool ရှိတဲ့ ဒီအဆောက်အဦကိုတော့ လူတော်တော်များများ ရင်းနှီးကြမှာပါနော်။ အမြင့်ပေ ၆၃၆ ပေရှိပြီး ဟိုတယ်အပြင် ဈေးကြီးပစ္စည်းတွေရောင်းတဲ့ ဈေးဝယ်စင်တာနဲ့ spa တွေကို ထည့်သွင်းပေးထားပါတယ်။

Vichy Deal/ShutterstockMila Larson/Shutterstock

(၇) Infinity London

ဒါကတော့ အခုအချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်းတွေတောင်မစရသေးတဲ့ အဆောက်အဦတစ်ခုပါ။ ဒါပေမဲ့လည်း သူ့ရဲ့ 3-D ပုံကြမ်းနဲ့တင်ကို တော်တော်လေးမိုက်နေတယ်လို့ ခံစားမိတဲ့အတွက် ထည့်ပေးလိုက်တာပါ။ ဆောက်လုပ်ရေးစတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အစီအစဉ်အတိုင်းသာဖြစ်မယ်ဆိုင်တော့ ၂၀၂၀ ခုနှစ်မှာ စပါလိမ့်မယ်။ ဒီမိုးမျှော်တိုက်မှာ အဆွဲဆောင်နိုင်ဆုံးကတော့ တိုက်ကြီးရဲ့အပေါ်ဆုံးက ရေကူးကန်ပါပဲ။ အထပ်ပေါင်း ၅၅ ထပ်ပါဝင်အောင် လန်ဒန်မြို့လည်ခေါင်မှာ တည်ဆောက်ဖို့ အစီအစဉ်ရေးဆွဲထားခဲ့ပါတယ်။

Penny

Leave a Reply

Your email address will not be published. Required fields are marked *