ခြေသလုံးကြီးသူတွေအတွက် ခြေသလုံးသွယ်လျစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း (၆)မျိုး
Zawgyi Font ဖြင့်ဖတ်ရန်
(၁) ခြေဖျားထောက်မယ်
healthyman/pinterest
(၅) ကြိုးခုန်မယ်
Ichigo121212/pixabay
MAY THAZINHTOO
sponsored
Unicode Font ဖြင့်ဖတ်ရန်
Image by engin akyurt from Pixabay Sponsored
တစ်ကိုယ်လုံးလှနေပါပြီဆိုမှ ခြေသလုံးတွေမှ တုတ်နေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်နေတဲ့ သူလေးတွေ ရှိနေလား။ ခြေသလုံးကိတ်နေတာလေးကို သွယ်လျသွားစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းလေးတွေကို အခုပဲကြည့်ပြီး ဒီနေ့ကစလို့ နေ့တိုင်းလုပ်လိုက်တော့နော်။
(၁) ခြေဖျားထောက်မယ်
PublicDomainPictures/pixabay
လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် ရေသန့်ဘူးသေးတစ်ဘူးစီ ကိုင်ပြီး ခြေစုံရပ်ပါ။ နေရာမှာတင် ခြေဖျားထောက်လိုက်၊ ပြန်ချလိုက် အခါ (၂၀) လုပ်ပေးပါ။
(၂) ခြေဖျားထောက်ပြီးလမ်းလျှောက်မယ်
PublicDomainPictures/pixabay Sponsored
လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် ရေသန့်ဘူးသေးတစ်ဘူးစီကိုင်ပြီး ခြေဖျားထောက်ပြီး တစ်မိနစ်လောက်လမ်းလျှောက်ပေးပါ။ ခန နားပြီး နောက်ထပ် တစ်မိနစ်ထပ်လျှောက်ပေးပါ။
(၃) လှေကားပေါ်ပြေးတက်ပါ
lograstudio/pinterest
လှေကားပေါ် ပြေးတက်တာကို ၁၀ မိနစ်လောက်လုပ်ပေးရမှာပါ။ လှေကားရှိတဲ့နေရာတိုင်းလုပ်လို့ရတာကြောင့် လွယ်ကူတဲ့ေ့လ့ကျင့်ခန်းဖြစ်ပြီး အကျိုးသက်ရောက်မှုလည်း အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခြေကျင်းဝတ်အဆစ်လွဲဖူးသူ၊ ဒူးနာတတ်တဲ့သူတွေကတော့ ဒီလေ့ကျင့်ခန်းကို မလုပ်သင့်ပါဘူး။
(၄) အလေးတုံးမပြီးလမ်းလျှောက်မယ်
healthyman/pinterest
လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် အလေးချိန်ရှိတဲ့တစ်ခုခုကို ကိုင်ပြီး လမ်းလျှောက်ပေးရမှာပါ။ ခြေဖျားထောက်စရာမလိုဘဲ ခန္ဓာကိုယ်ကိုဖြောင့်ဖြောင့်ထားပြီး ရှေ့တည့်တည့်ကိုကြည့်ပြီးလျှောက်ပေးရုံပါပဲ။ ၁၅ မိနစ်လောက် လျှောက်ပေးရုံနဲ့ထိရောက်မှုရှိတာကို တွေ့ရမှာပါ။
(၅) ကြိုးခုန်မယ်
Ichigo121212/pixabay
ကြိုးခုန်တာက ခြေသလုံးတွေကို လှပစေရုံတင်မကဘဲ နှလုံးကျန်းမာရေးကိုလည်းကောင်းစေတာကြောင့် ကိုယ်ကြိုက်တဲ့သီချင်းလေးဖွင့်ပြီး မိနစ်နှစ်ဆယ်လောက်ကြိုးခုန်ပေးလိုက်ပါလို့။
READချစ်သူကို ကိုယ်တတ်နိုင်သမျှလေးနဲ့ အစွမ်းကုန်ချစ်ပေးတဲ့ ချစ်သူကောင်လေးတွေဆိုတာ ဒီလိုပါ….
(၆) တောင်တက်လေ့ကျင့်ခန်း
ပုံမှာပြထားသလို နေလိုက်ပြီး ခြေထောက်တွေကို တောင်တက်သလိုမျိုး လုပ်ပေးရမှာပါ။ ခြေထောက်တစ်ချောင်းကို ရင်ဘတ်နားကိုကပ်လိုက်ပြီး အနောက်ဘက်ပြန်လှမ်းလိုက်တဲ့အချိန်မှာ နောက်ခြေထောက်တစ်ဖက်ကို ရင်ဘတ်နားကပ်လိုက်ပြီး အနောက်ဘက်လှမ်းတဲ့ပုံစံမျိုး တလှည့်စီလုပ်ပေးလိုက်ရုံပါပဲ။
MAY THAZINHTOO
sponsored
Leave a Reply
Your email address will not be published. Required fields are marked *