လူႀကိဳက္မ်ားတဲ့ Xiaomi ရဲ႕ Mi Band ေမာ္ဒယ္အသစ္ ထြက္လာေတာ့မည္

Zawgyi Font ျဖင့္ဖတ္ရန္

www.mi.com

လတ္တေလာ အာရွတလႊားမွာ လူသံုးမ်ားလာေနတဲ့ fitness tracker စမတ္လက္ပတ္တစ္မ်ိဳးျဖစ္တဲ့ Mi Band ကေတာ့ အဆင့္ျမွင့္တင္မႈေတြ ျပဳလုပ္ထားတဲ့ ေမာ္ဒယ္အသစ္ ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ နည္းပညာ အြန္လိုင္းမဂၢဇင္း Tech Crunch မွာ ေရးသားေဖာ္ျပထားတာပါ။

အသစ္ထြက္ရိွလာမွာကေတာ့ Mi Band 4 ပဲ ျဖစ္ပါတယ္။ အေရွ႕က ေမာ္ဒယ္ေတြထက္ အဆင့္ပိုျမွင့္ထားတဲ့ အခ်က္ ၂ မ်ိဳး ပါရိွပါတယ္။ Display ပိုင္းမွာ AMOLED မ်က္ႏွာျပင္က ယခင္ေမာ္ဒယ္ေတြထက္ ၃၉.၉% ပိုႀကီးလာမွာ ျဖစ္ပါတယ္။

www.mi.com

ဒါ့အျပင္ Xiaomi ကုမၸဏီရဲ႕ အသိဉာဏ္တုစနစ္ျဖစ္တဲ့ XiaoAI ကို အသံုးျပဳထားတဲ့ Voice Assistant ပါ ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။ Band ရဲ႕ လုပ္ေဆာင္မႈေတြကို စကားနဲ႔ပါ ခိုင္းေစလို႔ရေတာ့မွာ ျဖစ္ပါတယ္။ ပိုႀကီးလာမယ့္ မ်က္ႏွာျပင္မွာလည္း အေရာင္ေပါင္း ၁၆ သန္းနဲ႔ theme ေပါင္း ၇၇ မ်ိဳး ပါရိွတဲ့အတြက္ မ်က္ႏွာျပင္ႀကီးႀကီးမွာ ပိုမိုေကာင္းမြန္လာတဲ့ display နဲ႔ အခ်က္ျပစနစ္ေတြ၊ fitness ဇယားေတြကို ၾကည့္႐ႈႏုိင္မွာျဖစ္ပါတယ္။

READဦးေႏွာက္ထဲလွ်ပ္စစ္ပစၥည္းထည့္သြင္းကုသမည့္နည္းပညာကုမၸဏီကုိ အီလြန္မတ္စ္တည္ေထာင္www.mi.com

ႏုိင္ငံတကာေစ်းကြက္မွာေတာ့ ဘယ္အခ်ိန္တရားဝင္ ဝယ္ယူႏိုင္မလဲ မသိရေသးပါဘူး။ တ႐ုတ္ျပည္တြင္းမွာေတာ့ ထို Mi Band 4 ကို လာမယ့္ ဇြန္လ ၁၆ ရက္ေန႔မွာ ဝယ္လို႔ရေတာ့မွာ ျဖစ္ပါတယ္။  ေစ်းႏႈန္းကေတာ့ ခန္႔မွန္းေျခ ေဒၚလာ ၄၀ ဝန္းက်င္ ရိွမယ္လို႔ သိရပါတယ္။

www.mi.com

White (ShweMom)

Unicode Font ဖြင့်ဖတ်ရန်

www.mi.com

လတ်တလော အာရှတလွှားမှာ လူသုံးများလာနေတဲ့ fitness tracker စမတ်လက်ပတ်တစ်မျိုးဖြစ်တဲ့ Mi Band ကတော့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတဲ့ မော်ဒယ်အသစ် ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ နည်းပညာ အွန်လိုင်းမဂ္ဂဇင်း Tech Crunch မှာ ရေးသားဖော်ပြထားတာပါ။

အသစ်ထွက်ရှိလာမှာကတော့ Mi Band 4 ပဲ ဖြစ်ပါတယ်။ အရှေ့က မော်ဒယ်တွေထက် အဆင့်ပိုမြှင့်ထားတဲ့ အချက် ၂ မျိုး ပါရှိပါတယ်။ Display ပိုင်းမှာ AMOLED မျက်နှာပြင်က ယခင်မော်ဒယ်တွေထက် ၃၉.၉% ပိုကြီးလာမှာ ဖြစ်ပါတယ်။

www.mi.com

ဒါ့အပြင် Xiaomi ကုမ္ပဏီရဲ့ အသိဉာဏ်တုစနစ်ဖြစ်တဲ့ XiaoAI ကို အသုံးပြုထားတဲ့ Voice Assistant ပါ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ Band ရဲ့ လုပ်ဆောင်မှုတွေကို စကားနဲ့ပါ ခိုင်းစေလို့ရတော့မှာ ဖြစ်ပါတယ်။ ပိုကြီးလာမယ့် မျက်နှာပြင်မှာလည်း အရောင်ပေါင်း ၁၆ သန်းနဲ့ theme ပေါင်း ၇၇ မျိုး ပါရှိတဲ့အတွက် မျက်နှာပြင်ကြီးကြီးမှာ ပိုမိုကောင်းမွန်လာတဲ့ display နဲ့ အချက်ပြစနစ်တွေ၊ fitness ဇယားတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

READဦးနှောက်ထဲလျှပ်စစ်ပစ္စည်းထည့်သွင်းကုသမည့်နည်းပညာကုမ္ပဏီကို အီလွန်မတ်စ်တည်ထောင်www.mi.com

နိုင်ငံတကာဈေးကွက်မှာတော့ ဘယ်အချိန်တရားဝင် ဝယ်ယူနိုင်မလဲ မသိရသေးပါဘူး။ တရုတ်ပြည်တွင်းမှာတော့ ထို Mi Band 4 ကို လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ဝယ်လို့ရတော့မှာ ဖြစ်ပါတယ်။  ဈေးနှုန်းကတော့ ခန့်မှန်းခြေ ဒေါ်လာ ၄၀ ဝန်းကျင် ရှိမယ်လို့ သိရပါတယ်။

www.mi.com

White (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *