ရှက်တတ်သူတွေ ဓာတ်ပုံရိုက်တဲ့အခါ ပုံလှလှလေးတွေရဖို့ ရိုးရှင်းတဲ့ Pose များ
Zawgyi Font ဖြင့်ဖတ်ရန်
#1
rex feature/pinterest.
rex feature/pinterest
#2
#3
rex feature/pinterest
rex feature/pinterest
#4
butfirstcoffeeblog.
#5
butfirstcoffeeblog
#6
butfirstcoffeeblog.
#7
butfirstcoffeeblog.
sponsored
Unicode Font ဖြင့်ဖတ်ရန်
Image by Phan Minh Cuong An from Pixabay Sponsored
ဓါတ်ပုံရိုက်ပြီဆိုရင် ဘယ်လို Pose ပေးလို့ ပေးရမှှန်းမသိတဲ့ မိန်းကလေးတွေနဲ့ ကင်မရာရှေ့ရောက်ရင်ကို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတတ်တဲ့ မိန်းကလေးတွေမှာ သူများလို အမှတ်တရ ပုံလှလှလေးတွေ တော်တော်လေးကို မရှိသလောက် နည်းပါးတတ်ပါတယ်။ တကယ်လို့ သင်ကလည်း အဲ့ဒီလို မိန်းကလေး မျိုးဆိုရင် မပူပါနဲ့။ နောက်ဆို သင့်မှာလည်း သူများလို အမိုက်စားအမှတ်တရ ပုံလှလှလေးတွေ အများကြီးရှိလာတော့မှာပါ။ ကင်မရာရှေ့၊ လူရှေ့ ရောက်ရင် Pose မပေးတတ်ပါဘူးဆိုတဲ့ မိန်းမလှလေးတွေအတွက် ရိုးရှင်းတဲ့ Pose လေးတွေကို ဖော်ပြပေးချင်ပါတယ်။
#1
rex feature/pinterest.
ဒါကလည်း ရိုးလည်း ရိုးရှင်းပြီး လွယ်ကူတဲ့ Pose လေးပါ။ ဓါတ်ပုံရိုက်တဲ့ အခါမှာလည်း ကင်မရာထဲမှာ အရမ်းကို လှတဲ့ Pose လေးပါ။ အရင်ဆုံး စိတ်ကို အေးဆေး relax ထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်လမ်းလျှောက်တဲ့အခါမှာ လျှောက်တဲ့ အတိုင်းလေးပဲ သင့်ရဲ့ ခြေထောက်တစ်ဖက်ကို အသာလေးရှေ့ထုတ်လိုက်ရုံပါပဲ။ ခြေဖျားလေးကို ထောက်ပြီး အသာလေး နင်းလျှောက်နေတဲ့ ပုံစံလေးအတိုင်းပဲ လုပ်လိုက်ရင် ရပါပြီ။ လူကို ပိုပြီး အရပ်ရှည်သွယ်လျ သွားစေတဲ့ Pose လေးပါ။
rex feature/pinterest
#2
rex feature/pinterest Sponsored
လှုပ်ရှားရမှာ မကြောက်ပါနဲ့။ ပုံရိုက်ပြီဆိုတာနဲ့ အသင့်အနေအထားအတိုင်း ကင်မရာကို တည့်တည့်မတ်မတ်ကြီးပဲ ကြည့်မနေနဲ့ပါနဲ့။ လှုပ်ရှားလိုက်ပါ။ ပုံမှန်သင်နေ့စဉ်သွားလာနေထိုင်တဲ့အခါမှာ လှုပ်ရှားသလိုမျိုးလေးပဲ လှုပ်ရှားမှုလေး တစ်ခုခုကို လုပ်ပါ။ မတ်မတ်ကြီး တောင့်တောင့်ကြီး ရပ်မယ့်အစား ဘေးက စကပ်စလေးကို လက်နဲ့ ကိုင်ပြီး ဖွဖွလေး အသာလွှတ်ချတာပဲ ဖြစ်ဖြစ်၊ သင့်ရဲ့ ဘေးဆံပင်စလေးအနည်းငယ်ကိုပဲ ဖြစ်ဖြစ် အသာလေး ဆွဲလိုက်ပါ။
READသင့်ချစ်သူရဲ့ စိတ်ခံစားချက်တွေက သင့်ဆီမှာ မရှိတော့မှန်းသိသာနေတဲ့ အချက်(၄)ချက်rex feature/pinterest
#3
rex feature/pinterest
ထိုင်ချလိုက်ပါ။ ကင်မရာရှေ့မှာ တည့်တည့်ကြီး ကားကားကြီး သွားထိုင်ချခိုင်းတာမဟုတ်ပါဘူး။ ပုံထဲကလို ခြေထောက် နှစ် ခောျင်းကိုစေ့၊ အသာလေး ရှေ့ထုတ်ပြီး ထိုင်ချခိုင်းတာပါ။ အရှက်ကြီးသူလေးမို့ ကင်မရာကို မကြည့်ရဲသေးဘူး ဆိုရင် မျက်လွှာလေး အသာချထားလိုက်အုံး လုံး၀ မိုက်တဲ့ Pose လေး ဖြစ်သွားမှာပါ။
rex feature/pinterest
#4
butfirstcoffeeblog.
View ကို အသားပေးရိုက်ပါ။ ရှုခင်းကလည်း အရမ်းလှနေတယ်၊ ကိုယ်ကလည်း ကင်မရာထဲမှာ ကိုယ့်ပုံကြီးက ပြူးြ ပူးကြီး မပါချင်ဘူးဆိုရင်တော့ ဒီလို ပုံမျိုးရိုက်လို့ရပါတယ်။ တစ်ခုသတိပြုရမှာက ရှက်တတ်တယ်ဆိုရင်တော့ ကင်မရာ ကို တည့်တည့်ကြည့်မယ့်အစား ဘေးကို စောင်းကြည့်နေတဲ့ ပုံမျိုး၊ အောက်ကို ငုံ့ကြည့်နေတဲ့ ပုံမျိုးလေး ရိုက်ကြည့်ပါ။
#5
butfirstcoffeeblog
တစ်ချက်လေးစောင်းငဲ့ကြည့်ရမယ့် Pose ပါ။ ဒီနေရာမှာတော့ ရိုက်ပေးမယ့် သူရဲ့ အကူအညီနည်းနည်း တော့ လိုလာ ပါပြီ။ 1 2 3 ဆိုတာနဲ့ နောက်ကို သဘာဝကျကျ အသာလေး လှည့်ကြည့်ဖို့ ကင်မရာ ရိုက်ပေးမယ့် သူကတော့ အဆင် ပြေအောင် timing လေးတော့ အော်ပေးဖို့ လိုပါလိမ့်မယ်။ ဘာမှ လုပ်စရာမလိုပါဘူး။ ပုံမှန် အပြင်သွားလို့ တစ်ယောက် ယောက် ကိုယ့်နာမည်ခေါ်လိုက်တဲ့ အခါ လှည့်ကြည့်လိုက်တဲ့ ပုံမျိုးလေး လုပ်ရုံပါပဲ။ နောက်ပိုင်းကျွမ်းလာရင်တော့ အကြည့်တွေကိုပါ အမိုက်စားကြည့်ပစ်လိုက်နော်..
READ”No Boyfriend ,No Problem”လို့ဆိုတဲ့ မိန်းကလေးတွေရဲ့ခံယူချက်rex feature/pinterest
#6
butfirstcoffeeblog.
မျက်နှာချင်းဆိုင်ပြီး ကင်မရာကို တည့်တည့်မကြည့်ချင်တဲ့ သူတွေ အတွက် နောက်ထပ် Pose ပါ။ ဘေးဘက်ကို ခပ် စောင်း စောင်းလေးလှည့်နေတဲ့ Pose မျိုးလေးလည်း လုပ်လို့ရပါတယ်။
#7
butfirstcoffeeblog.
နောက်ထပ် Pose တစ်မျိုးကတော့ အောက်ကိုသာ ငုံကြည့်လိုက်ပါ။ ဒီလို အောက်ငုံ့ နေတဲ့ ပုံမို့  ကြည့်ကောင်းပါ့ မလား တွေးပြီး စိတ်မပူပါနဲ့။ ဒီ Pose ကလည်း လုံးဝမိုက်တဲ့ Pose ပါ။သတိထားရမှာက တောင့်တောင့်ကြီး ရပ်ပြီး အောက်ကို ငုံ့နေတာထက်စာရင် ခန္ဓာကိုယ်ကို တောင့်တောင့်ကြီးမနေပဲ သဘာဝကျကျလေး နေပေးဖို့တော့ လိုပါတယ်။
sponsored
Leave a Reply
Your email address will not be published. Required fields are marked *