iKON ကနေ ထွက်ပြီး YG နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ B.I

iKON ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်သူ B.I ဟာ လွန်ခဲ့တဲ့ ၃ နှစ်က မူးယစ်ဆေးသုံးစွဲခဲ့တယ်လို့ ပြောထားတဲ့ Kakao Talk ရဲ့ Chat list တွေဟာ ဒီနေ့မနက်အစောပိုင်းမှာ Dispatch သတင်းဌာနကနေ တဆင့်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ YG ကနေ ဒီသတင်းကို ငြင်းပေးခဲ့ပြီး B.I ဟာ မူးယစ်ဆေးလုံးဝမသုံးစွဲခဲ့ဘူးဆိုတာကို ထုတ်ပြန်ချက်ပေးခဲ့ပါတယ်။

နောက်ထပ်နာရီပိုင်းအကြာမှာတော့ B.I ကိုယ်တိုင် သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေတဆင့် ထွက်ပေါ်လာတဲ့သတင်းတွေနဲ့ ပတ်သတ်ပြီး တောင်းပန်စာတင်ခဲ့ကာ ဖြေရှင်းပြခဲ့ပါတယ်။ အချိန်ကာလတစ်ခုတုန်းက သူ့အနေနဲ့ စိတ်တွေအရမ်းဖိစီးနေတုန်းမှာ သုံးဖို့အတွက် စဉ်းစားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကြောက်ရွံ့ခဲ့တာကြောင့် မသုံးရဲခဲ့ဖူးလို့ ရှင်းပြခဲ့ပြီး သူ့ရဲ့ လုပ်ရပ်အတွက် နောင်တရတာကြောင့် အဖွဲ့ကနေ ထွက်ချင်တယ်လို့ ကြေညာခဲ့ပါတယ်။

အခုဆိုရင်တော့ B.I ဟာ iKON ကနေ ထွက်ခွာသွားပြီဖြစ်တဲ့အကြောင်းကို YG Entertainment က ထုတ်ပြန်လိုက်ပြီဖြစ်ပြီး အေဂျင်စီနဲ့လည်း စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုတာကို ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီလိုသတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ YG Entertainment ရဲ့ စတော့ရှယ်ယာဈေးတွေက ကျဆင်းလျှက်ရှိနေပြီး Law of Jungle အစီအစဉ်ကလည်း B.I ပါဝင်ရိုက်ကူးထားတဲ့အခန်းတွေကို ဖြတ်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

YG အနေနဲ့ အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ပရိသတ်တွေကတော့ အခုလို B.I ကို အေဂျင်စီကနေရော၊ အဖွဲ့ကနေပါ ထွက်ခွာခွင့်ပြုလိုက်တာနဲ့ ပတ်သတ်ပြီး YG ကို အပြစ်တင်ဝေဖန်လျှက်ရှိကြပါတယ်။ Ref : Allkpop Mia (Momolay)

Leave a Reply

Your email address will not be published. Required fields are marked *