ႏွစ္ပတ္အလို ႐ုပ္႐ွင္ဇာတ္ကား အား ေကာ္ပီ လို႔ေျပာၾကတဲ့အေပၚျပန္လည္ေျဖ႐ွင္းထားတဲ့ ေျပတီဦး

ႏွစ္ပတ္အလို ႐ုပ္႐ွင္ဇာတ္ကား အား ေကာ္ပီ လို႔ေျပာၾကတဲ့အေပၚျပန္လည္ေျဖ႐ွင္းထားတဲ့ ေျပတီဦး

ေျပတီဦးဟာ အႏုပညာေလာကထဲကို လြန္ခဲ့တဲ့ဆယ္စုႏွစ္အေက်ာ္ကတည္းကဝင္ေရာက္လာခဲ့သူျဖစ္ၿပီးသ့ူရဲ႕ဂ႐ုဏာသံေလးရယ္သ႐ုပ္ေဆာင္ေကာင္းမႉေတြရယ္ေၾကာင့္ပရိသတ္ အားေပးမႉရ႐ွိခဲ့ၿပီး ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ထိပ္တန္းမင္းသားတစ္လက္ျဖစ္ပါတယ္။ေျပတီဦးကလက္႐ွိမွာအကယ္ဒမီေရႊစင္႐ုပ္တုေတြကိုလက္ဝယ္ပိုင္ပိုင္သိမ္းပိုက္ထားႏိုင္ၿပီျဖစ္သလို ခ်စ္ဇနီး အိျႏၵာေက်ာ္ဇင္နဲ႔ ခ်စ္တဲ့သားေတြသမီးေတြနဲ႔အတူသာယာေပ်ာ္ရႊင္တဲ့မိသားစုဘဝေလးကို တည္ေဆာက္ထားႏိုင္သူတစ္ဦးပါ။

လက္႐ွိမွာအႏုပညာအလုပ္ေတြကိုလက္မလည္ေအာင္လုပ္ေနတဲ့ ေျပတီဦးကမၾကာမီကမီဒီယာေတြနဲ႔အင္တာဗ်ဴးမွာသူပါဝင္သ႐ုပ္ေဆာင္ထားတဲ့“ႏွစ္ပတ္အလို”႐ုပ္႐ွင္ဇာတ္ကားႀကီးကိုေကာ္ပီလို႔ေျပာေနၾကတာနဲ႔ပတ္သက္ၿပီး ေျဖ႐ွင္းသြားခဲ့ပါတယ္။

ေျပတီဦးကႏွစ္ပတ္အလိုဇာတ္ကားရဲ႕ထူးျခားခ်က္ေတြကို“ဒီႏွစ္ပတ္အလိုဇာတ္ကားကိုကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔႐ိုက္တဲ့႐ုပ္႐ွင္ဇာတ္ကားအေနနဲ႔စၿပီးသိတာေပါ့ေနာ္။ဒီႏွစ္ပတ္အလိုဇာတ္ကားေလးကိုကြၽန္ေတာ္တို႔အားလံုး တ္ညီလက္ညီႀကိဳးစားပမ္းစားနဲ႔အသက္သြင္းခဲ့ၾကတယ္။ကားနာမည္ကိုကႏွစ္ပတ္အလို။

အဲဒီတုန္းကသူ႔ရဲ႕ဝတၳဳကလည္း မထြက္ေသးဘူး။အခန္းဆက္အေနနဲ႔ပါေနတုန္း႐ွိေသးတယ္။လံုးခ်င္းဝတၳဳမထြက္ရေသးဘူးေပါ့။အခုကြၽန္ေတာ္တိုရဲ႕ဒီႏွစ္ပတ္အလိုဇာတ္ကားႀကီးကလည္းရံုတင္ေတာ့မယ္။ရံုတင္ဖို႔ႏွစ္ပတ္အလိုမွာစာအုပ္ကိုအမွတ္တရအျဖစ္နဲ႔ထုတ္တယ္ေပါ။ကြၽန္ေတာ္တို႔အေနနဲ႔အဲ့ဒီအတြက္ထူးထူးဆန္းဆန္းေလးလည္းခံစားရတယ္။အိုင္ဒီယာေလးလည္းႀကိဳက္တယ္ေပါ့ေနာ္၊သေဘာက်ပါတယ္” လို႔ ေျပာၾကားထားပါတယ္။

ႏွစ္ပတ္အလုိဇာတ္ကားႀကီးကိုေကာ္ပီလို႔ေျပာေနၾကတဲ့အေပၚကိုေတာ့ ေျပတီဦးက“မဟုတ္ပါဘူး။နာမည္တူတာနဲ႔တင္ပဲေကာ္ပီလို႔ထင္ေယာင္ထင္မွားျဖစ္တတ္ၾကပါတယ္။တကယ့္တကယ္ကေတာ့ အဂၤလိပ္ကားနဲ႔ နာမည္ေလးသြားဆင္တာ။ဇာတ္လမ္းက ဘာမွကိုမဆိုင္ဘူး”လို႔ ႐ွင္းျပထားပါတယ္။

ေျပတီဦးကဇာတ္ကားလက္ခံရာမွာအဓိကေရြးျဖစ္တဲ့ပံုစံေတြကိုေတာ့“ကြၽန္ေတာ္တို႔ကဇာတ္ကားတစ္ကားကိုေရြးခ်ယ္ရာမွာကိုယ့္ေနရာေကာင္းမွ၊ကိုယ့္လုပ္ကြက္ရမွ၊ကိုယ့္ရဲ႕အႏုပညာကိုခ်ျပတဲ့ဇာတ္လမ္းမ်ိဴးျဖစ္မွအဲ့လိုဇာတ္လမ္းမ်ိဳးပဲ႐ိုက္မယ္လို႔ေတာ့ကြၽန္ေတာ့္မွာ အဲ့လိုစိတ္မ်ိဳးမ႐ွိဘူးေပါ့ေနာ္”လို႔ေျပာထားၿပီး ပရိသတ္အတြက္အက်ိဳး႐ွိမယ့္ဇာတ္လမ္းမ်ိဳးဆိုလက္ခံျဖစ္တယ္လို႔လည္း “ဇာတ္လမ္းကေကာင္းမယ္။

ပရိသတ္ၾကည့္ရတာတန္မယ့္ကားမ်ိဳးျဖစ္မယ္။ ပရိသတ္အတြက္ထိုက္ထိုင္တန္တန္ေလးၾကည့္ရမယ့္ကားမ်ိဳးျဖစ္မယ္။ကြၽန္ေတာ့္ရဲ႕အႏုပညာညီအစ္ကိုေမာင္ႏွမေတြလုပ္ကြက္ရမယ့္ကားမ်ိဴးေလးလည္းျဖစ္မယ္ဆိုရင္ကြၽန္ေတာ့္အတြက္အဲ့လိုကားမ်ိဳးေလးေတြ႐ိုက္ျဖစ္တယ္”လို႔ ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးေရာ ေျပတီဦးကိုခ်စ္ၾကလား။ေျပတီဦးပါဝင္တဲ့ ႏွစ္ပတ္အလိုဇာတ္ကားႀကီးကိုေရာ သြားေရာက္အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Credit: Can’t Wait To Say

Unicode

နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကား အား ကော်ပီ လို့ပြောကြတဲ့အပေါ်ပြန်လည်ဖြေရှင်းထားတဲ့ ပြေတီဦး

ပြေတီဦးဟာ အနုပညာလောကထဲကို လွန်ခဲ့တဲ့ဆယ်စုနှစ်အကျော်ကတည်းကဝင်ရောက်လာခဲ့သူဖြစ်ပြီးသ့ူရဲ့ဂရုဏာသံလေးရယ်သရုပ်ဆောင်ကောင်းမှူတွေရယ်ကြောင့်ပရိသတ် အားပေးမှူရရှိခဲ့ပြီး အောင်မြင်ကျော်ကြားလာတဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပါတယ်။ပြေတီဦးကလက်ရှိမှာ အကယ်ဒမီရွှေစင်ရုပ်တုတွေကိုလက်ဝယ်ပိုင်ပိုင်သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို ချစ်ဇနီး အိန္ဒြာကျော်ဇင်နဲ့ ချစ်တဲ့သားတွေသမီးတွေနဲ့အတူသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူတစ်ဦးပါ။

လက်ရှိမှာအနုပညာအလုပ်တွေကိုလက်မလည်အောင်လုပ်နေတဲ့ ပြေတီဦးကမကြာမီကမီဒီယာတွေနဲ့အင်တာဗျူးမှာသူပါဝင်သရုပ်ဆောင်ထားတဲ့“နှစ်ပတ်အလို”ရုပ်ရှင်ဇာတ်ကားကြီးကိုကော်ပီလို့ပြောနေကြတာနဲ့ပတ်သက်ပြီး ဖြေရှင်းသွားခဲ့ပါတယ်။

ပြေတီဦးကနှစ်ပတ်အလိုဇာတ်ကားရဲ့ထူးခြားချက်တွေကို“ဒီနှစ်ပတ်အလိုဇာတ်ကားကိုကျွန်တော်တို့က ကျွန်တော်တို့ရိုက်တဲ့ရုပ်ရှင်ဇာတ်ကားအနေနဲ့စပြီးသိတာပေါ့နော်။ဒီနှစ်ပတ်အလိုဇာတ်ကားလေးကိုကျွန်တော်တို့အားလုံး တ်ညီလက်ညီကြိုးစားပမ်းစားနဲ့အသက်သွင်းခဲ့ကြတယ်။ကားနာမည်ကိုကနှစ်ပတ်အလို။

အဲဒီတုန်းကသူ့ရဲ့ဝတ္ထုကလည်း မထွက်သေးဘူး။အခန်းဆက်အနေနဲ့ပါနေတုန်းရှိသေးတယ်။လုံးချင်းဝတ္ထုမထွက်ရသေးဘူးပေါ့။အခုကျွန်တော်တိုရဲ့ဒီနှစ်ပတ်အလိုဇာတ်ကားကြီးကလည်းရုံတင်တော့မယ်။ရုံတင်ဖို့နှစ်ပတ်အလိုမှာစာအုပ်ကိုအမှတ်တရအဖြစ်နဲ့ထုတ်တယ်ပေါ့နော်။ကျွန်တော်တို့အနေနဲ့အဲ့ဒီအတွက်ထူးထူးဆန်းဆန်းလေးလည်းခံစားရတယ်။အိုင်ဒီယာလေးလည်းကြိုက်တယ်ပေါ့နော်၊သဘောကျပါတယ်” လို့ ပြောကြားထားပါတယ်။

နှစ်ပတ်အလိုဇာတ်ကားကြီးကိုကော်ပီလို့ပြောနေကြတဲ့အပေါ်ကိုတော့ ပြေတီဦးက“မဟုတ်ပါဘူး။နာမည်တူတာနဲ့တင်ပဲကော်ပီလို့ထင်ယောင်ထင်မှားဖြစ်တတ်ကြပါတယ်။တကယ့်တကယ်ကတော့ အင်္ဂလိပ်ကားနဲ့ နာမည်လေးသွားဆင်တာ။ဇာတ်လမ်းက ဘာမှကိုမဆိုင်ဘူး”လို့ ရှင်းပြထားပါတယ်။

ပြေတီဦးကဇာတ်ကားလက်ခံရာမှာအဓိကရွေးဖြစ်တဲ့ပုံစံတွေကိုတော့“ကျွန်တော်တို့ကဇာတ်ကားတစ်ကားကိုရွေးချယ်ရာမှာကိုယ့်နေရာကောင်းမှ၊ကိုယ့်လုပ်ကွက်ရမှ၊ကိုယ့်ရဲ့အနုပညာကိုချပြတဲ့ဇာတ်လမ်းမျိူးဖြစ်မှအဲ့လိုဇာတ်လမ်းမျိုးပဲရိုက်မယ်လို့တော့ကျွန်တော့်မှာ အဲ့လိုစိတ်မျိုးမရှိဘူးပေါ့နော်”လို့ပြောထားပြီး ပရိသတ်အတွက်အကျိုးရှိမယ့်ဇာတ်လမ်းမျိုးဆိုလက်ခံဖြစ်တယ်လို့လည်း “ဇာတ်လမ်းကကောင်းမယ်။

ပရိသတ်ကြည့်ရတာတန်မယ့်ကားမျိုးဖြစ်မယ်။ ပရိသတ်အတွက်ထိုက်ထိုင်တန်တန်လေးကြည့်ရမယ့်ကားမျိုးဖြစ်မယ်။ကျွန်တော့်ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေလုပ်ကွက်ရမယ့်ကားမျိူးလေးလည်းဖြစ်မယ်ဆိုရင်ကျွန်တော့်အတွက်အဲ့လိုကားမျိုးလေးတွေရိုက်ဖြစ်တယ်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ပြေတီဦးကိုချစ်ကြလား။ပြေတီဦးပါဝင်တဲ့ နှစ်ပတ်အလိုဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Credit: Can’t Wait To Say

Leave a Reply

Your email address will not be published. Required fields are marked *