ဆံပင်မြန်မြန်ရှည်စေချင်တယ်ဆိုတဲ့သူတွေ လိုက်နာရမယ့် ဆံပင်ထိန်းသိမ်းနည်း (၇)နည်း

Zawgyi Font ဖြင့်ဖတ်ရန်













Em Em

sponsored

Unicode Font ဖြင့်ဖတ်ရန်

Shutterstock/Puhhha Sponsored

ဆံပင်မရှည်လာတော့လို့ ဒါမှမဟုတ် အရှည်နှေးနေလို့ စိတ်မပူပါနဲ့နော်။ ဆံပင်ကိုမြန်မြန်ရှည်စေမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ဒီနည်းလမ်းလေးကို လိုက်နာပေးခြင်းဖြင့် ဆံကေသာတွေသန်စွမ်းကျန်းမာလာတာကို တွေ့မြင်ရမှာပါ။

(၁) ဆံပင်သန်ဖို့အတွက် ဦးရေပြားကျန်းမာရေးကလည်း အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် ဦးရေပြားကို နေ့စဉ် ၁၀ မိနစ်ခန့် ပုံမှန်နှိပ်နယ်ပေးရပါမယ်။

shutterstock/ puhhha Sponsored

(၂) သင့်ဆံပင်အဖျားနှစ်ခွလေးတွေကို ကပ်ကြေးလေးနဲ့ ၂ပတ်တစ်ခါ ၂ စင်တီမီတာခန့် ညှပ်ညှပ်ပေးပါ။

(၃) ခေါင်းခဏခဏမလျှော်ပါနဲ့။ ဆပ်ပြာကဆံပင်ကို ခြောက်သွေ့စေတဲ့အတွက် ဆံပင်အရှည်နှေးစေပါတယ်။

(၄) ခေါင်းကိုခဏခဏ မဖြီးပါနဲ့။ ဆံပင်တွေကို ခြောက်သွေ့ပြီး ၂ခွဖြစ်စေနိုင်လို့ပါ။ ဘီးကြဲကိုသာအသုံးပြုသင့်ပါတယ်။

(၅) စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ စိတ်ဖိစီးမှုများလွန်းရင် ဆံပင်အရှည်နှေးသလို၊ ဆံပင်တွေလည်း မွဲခြောက်ခြောက်ဖြစ်နေမှာပါ။

Sofia Zhuravetc/shutterstock

(၆) သင့်ရဲ့ခေါင်းအုံးစွပ်ကို ဖဲသား၊ ပိုးသားလို ချောမွေ့တဲ့ပိတ်စကို အသုံးပြုပါ။ ကြမ်းတမ်းတဲ့ ပိတ်စတွေနဲ့ ဆံပင်ပွတ်တိုက်ပါများလာတဲ့အခါ ဆံသားပျက်စီးပြီး အရှည်နှေးသွားမှာပါ။

READဦးရေပြားမှာ ဗောက်ထနေတယ်ဆိုတာ သိသာစေမယ့် အချက် (၄)ချက်

(၇) ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေပြန်ဆေးတဲ့အခါ နောက်ဆုံးရေမှာ ရှာလကာရည်ကို ထည့်ပြီးလောင်းချပေးလိုက်ရုံပါပဲ။

Em Em

sponsored

Leave a Reply

Your email address will not be published. Required fields are marked *