ဦးဝီရသူကို မျက်ကွယ်တရား စီရင်မည်

Zawgyi Font ဖြင့်ဖတ်ရန်

Share0 Shares

ဦးဝီရသူကို မျက်ကွယ်တရား စီရင်မည်

ဆရာတော်ဦးဝီရသူကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးမှ ဖမ်းဝရမ်းထုတ်ပေးခဲ့ပြီး ဖမ်းဆီးလို့မရနိုင်ဘူးဟု ယူဆခဲ့တာကြောင့်မျက်ကွယ်တရား စီရင်ချက်ချမည်ဟု ဆုံးဖြန်လိုက်ခြင်းဖြစ်ပါတယ့။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူရဲ့အမှုကို မျက်ကွယ်မှာ စစ်ဆေးဖို့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ ဇွန်လ ၁၁ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တိုင်တန်းခံထားရတဲ့ ဦးဝီရသူအတွက် ဒုတိယအကြိမ် ထုတ်ပြန်ထားတဲ့ဖမ်းဝရမ်းကို ရဲတပ်ဖွဲ့က တရားရုံးကိုတင်သွင်းရာမှာ ဦးဝီရသူကို ရဲတပ်ဖွဲ့အနေနဲ့ မဖမ်းမိနိုင်ဘူးလို့ ယူဆခဲ့တာကြောင့် မျက်ကွယ်မှာပဲ အမှုကိုဆက်လက်စစ်ဆေးဖို့ အမိန့် ချမှတ်လိုက်တာပါ။ဒုတိယမြောက် ဖမ်းဝရမ်းကိုတော့ ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က ဒုရဲမှူး တင်ထွန်းက တရားရုံးကို ဝရမ်းကို ပြန်လည်ပေးသွင်းခဲ့တာဖြစ်ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ဒီနေ့မှာ ဒုရဲမှူးတင်ထွန်းအပြင် ဒဂုံအရှေ့ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတို့ကို စစ်ဆေးခဲ့ပြီး အခုလို အမိန့်ကို ချမှတ်လိုက်တာလို့ တရားရုံးက ပြောပါတယ်။တရားရုံးကနေ အခုလို အမိန့်ချမှတ်လိုက်တာကြောင့် ဦးဝီရသူကို တရားခံပြေးအဖြစ် မကြေညာတော့ဘူးလို့ အနောက်ပိုင်းခရိုင်တရားရုံးရဲ့ သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင် တရားသူကြီး (၃) ဦးမင်းသန့်က ပြောပါတယ်။

နောက်တကြိမ်အမှုရုံးချိန်းကို ဇွန်လ ၁၈ ရက်နေ့ ပြန်လည်ချိန်းဆိုခဲ့ပြီး သက်သေတွေကို ဆက်လက် စစ်ဆေးသွားမယ်လို့ တရားရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး တရားရုံးက ဝရမ်းထုတ်ပေးထားတာပါ။

Share0 Shares

Unicode Font ဖြင့်ဖတ်ရန်

Leave a Reply

Your email address will not be published. Required fields are marked *