ထွင်းဖောက်မြင်ဝတ်စုံ ဝတ်ဆင်ခဲ့တဲ့ ဗီယက်နမ်မော်ဒယ်ကို အရေးယူဖို့ပြင်နေတဲ့ အာဏာပိုင်အဖွဲ့

Zawgyi Font ဖြင့်ဖတ်ရန်

Share0 Shares

ထွင်းဖောက်မြင်ဝတ်စုံ ဝတ်ဆင်ခဲ့တဲ့ ဗီယက်နမ်မော်ဒယ်ကို အရေးယူဖို့ပြင်နေတဲ့ အာဏာပိုင်အဖွဲ့

မကြာသေးခင်က ကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ ထွင်းဖောက်မြင် မဟူရာဝတ်စုံနဲ့ ပရိသတ်တွေကို လှုပ်ခတ်ခဲ့တဲ့ မော်ဒယ်ကတော့ ဗီယက်နမ်မော်ဒယ် Ngoc Trinh ဖြစ်ပါတယ်။ Ngoc Trinh ရဲ့လုပ်ရပ်ကို ဗီယက်နမ်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ဒါမျိုး မဖြစ်သင့်ဘူးလို့ ထောက်ပြမှုတွေ ရှိလာခဲ့ပါတယ်။

Ngoc Trinh ဝတ်ခဲ့တဲ့ဝတ်စုံကလည်း နောက်ကျောကို ဗြောင်အရှင်း လွှတ်ထားပြီး၊ ကျန်တာတွေကလည်း ဇာပဝါခပ်ပါးပါးလေး ဖုံးထားသလို၊ သူမရဲ့အလှတွေကို အတွင်းထဲမှာ အရှင်းသားမြင်ရစေမှာပါ။ ပေါင်တံရဲ့ဘေးနှစ်ဘက်ကိုလည်း ခါးအကျော်ထိ ခွဲထားပြီး၊ အတွင်းထဲမှာတော့ မလုံမလဲအလွှာခပ်ပါးပါးလေးကို ထပ်အုပ်ထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Ngoc Trinh ရဲ့ ဝတ်စားဆင်ယင်မှုက အမျိုးသားတိုင်းကို တံတွေးခဏခဏ မျိုချစေခဲ့ပြီး၊ အတော်လေးကို ကြည့်ပျော်ရှုပျော် ထင်ပေါ်စေခဲ့ပါတယ်။ သို့သော်လည်း ဗီယက်ကောင်းအစိုးရကတော့ ဒီကိစ္စကို အလွန်မနှစ်မြို့ဖြစ်နေပြီး ထိုက်သင့်တဲ့ အရေးယူမှုမျိုးပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အားကစားနဲ့ယဉ်ကျေးမှုဝန်ကြီး Nguyen Ngoc Thien က “ သူ့ ဝတ်ထားတာက ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ အတော်လေးကို မလျှော်ကန်တာပါ … ပြည်သူကို ဒေါသထွက်အရှက်ရစေခဲ့ပြီး စော်ကားပုတ်ခတ်ရာလည်း ရောက်ပါတယ် ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူကပဲ Ngoc Trinh ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့တာပါ။

ဒီအတွက် Ngoc Trinh ဟာ ကြီးမားတဲ့အရေးယူမှုမျိုး၊ ဒါမှမဟုတ် မြင့်မားတဲ့ဒဏ်ငွေမျိုး ပေးဆောင်ရဖို့ ရှိပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ သူ့အနေနဲ့ Ngoc Trinh ရဲ့ လွတ်လပ်ခွင့်ကို မထိပါးစေလိုသော်လည်း အစိုးရဘက်က တုန့်ပြန်မှုက မမှားဘူးလို့ ထောက်ခံခဲ့ပါတယ်။

အခြားတစ်ဦးကတော့ နိုင်ငံကို ကိုယ်စားပြုနေသူတိုင်း နိုင်ငံခြားရောက်သွားရင် ဒီလို လုပ်ခွင့်ရှိတယ်လို့ ထင်မှာစိုးလို့ Ngoc Trinh ကို ပြင်းထန်စွာအရေးယူဖို့ ထောက်ပြထားပါတယ်။

Share0 Shares

Unicode Font ဖြင့်ဖတ်ရန်

Leave a Reply

Your email address will not be published. Required fields are marked *