





(popolay)

Unicode

ရေခဲသေတ္တာ အမှားကြာင့် မျက်နှာမှာ ၃၈ ချက် ချုပ်လိုက်ရတဲ့ ကလေးလေး

အိမ်မှာ ကလေးငယ်တွေ သားမီးလေးတွေ ရှိရင် ရေခဲသေတ္တာကို ဘယ်လို မှန်မှန် ကန်ကန် အသုံးပြုရသလဲ ဆိုတာ လူကြီးမိဘတွေ အနေနဲ့ ကလေးတွေကို အချိန် တစ်ခု ပေးပြီး နားလည်အောင် သင်ပြ ထားသင့် ပါတယ် ။ ဒီလိုမှ မဟုတ်ရင်တော့ ကလေးတွေ အတွက် ရေခဲ သေတ္တာ ဟာလည်း မျှော်လင့်မထားတဲ့ အန္တရာယ် ပေးနိုင်တယ် ဆိုတာ ဖော်ပြပါ သတင်းက မီးမောင်း ထိုးပြနေ ပါတယ် နော်…… ။

တရုပ်နိုင်ငံက ကလေးငယ်ဟာ ရေခဲ သေတ္တာခဲခန်း ထဲက အေးခဲနေတဲ့ အချိုရည် သံဗူး ပေါက်ထွက်ပြီးနောက် သူ့ရဲ့မျက်နှာ ပါပြင်ပေါ်မှာ ဟက်တက်ကြီး ပြတ်ရှသွားတဲ့ အတွက် မျက်နှာမှာ ၃၁ ချက်နဲ့ ပါးစပ် အတွင်းပိုင်းမှာ ၇ ချက် ချုပ်ခဲ့ ရပါတယ်။ အချိုရည်ဗူးဟာ ခဲခန်းထဲမှာ ၂ နာရီ ကြာလောက် ရှိနေတာမို့ ကလေးက သောက်ဖို့ ယူလိုက်တဲ့ အချိန်မှာ ကန်ထွက်ပြီး ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ် … ။

တချို့ လူကြီးတွေတောင် ရေခဲ့သေတ္တာထဲ ပစ္စည်း ထားသိုပုံနဲ့ ပက်သက်ပြီး မှားယွင်းနေ ကြတာတွေ ရှိပါတယ် ။ ရေခဲသေတ္တာရဲ့ ခဲခန်းဟာ သားစိမ်း၊ ငါးစိမ်းနဲ့ ရေခဲလုပ်ဖို့ အတွက် ဖြစ်ပါတယ် ။ ရေသန့်ဗူးတွေ အချိုရည်ဗူးတွေ ထားတာဟာ အင်မတန် အန္တရာယ် များပါတယ် …. ။

အထူးသဖြင့် ဘီယာ၊ အချိုရည် သံဗူးတွေဟာ အတွင်းမှာ ဂတ်စ်အတွက် နေရာ ချန်ထား ပါတယ်။ ခဲသွားတဲ့အခါ အတွင်းက ဂတ်စ်ရဲ့ နေရာကို ရေခဲက ဝင်ယူ သွားပြီး အခန့် မသင့်ရင် ပေါက်ကွဲ ထွက်တာမျိုး ဖြစ်တတ် ပါတယ် …. ။ ဒါကြောင့်မို့ မသိ နားမလည် သေးတဲ့ ကလေးတွေကို လူကြီး မိဘေ တွအနေနဲ့ ရေခဲ သေတ္တာကို ဘယ်လို မှန်မှန် ကန်ကန် အသုံး ပြုရမယ် ဆိုတာ သင်ကြား ပေးသင့် ပါတယ် ….. ။

(popolay)

Leave a Reply

Your email address will not be published. Required fields are marked *