ေက်ာက္မဲၿမိဳ႕က ဇြဲေကာင္းခဲ႔တဲ႔ ေက်ာင္းသူေလး ယခုနွစ္ ၁၀ တန္းစာေမးပြဲ ေအာင္သြားပါၿပီ…

ေက်ာက္မဲၿမိဳ႕က ဇြဲေကာင္းခဲ႔တဲ႔ ေက်ာင္းသူေလး ယခုနွစ္ ၁၀ တန္းစာေမးပြဲ ေအာင္သြားပါၿပီ…

အဲဒီ ေက်ာင္းသူေလးကေတာ့ မအင္ၾကင္းခိုင္လို႔ေခၚၿပီး အရပ္က ၃ ေပေလာက္ဘဲရွိတဲ႔သမီးငယ္ေလးပါ။

ဆယ္တန္းစာေမးပြဲကို ေလးႏွစ္ေျမာက္ေျဖဆိုၿပီးမွ ယခုႏွစ္မွာ ခုံနံပါတ္ရမ-၁၀၇၉ ျဖင့္ ေအာင္ျမင္ခဲ႔သူေလးပဲ ျဖစ္ပါ တယ္ …။

ယခုလို ဆယ္တန္းစာေမးပြဲ ေအာင္သြားတာနဲ႔ ပါတ္သက္လို႔ သူမ၏မိခင္လေဒၚညြန္႔ညြန္႔မ်ဳိးက”” သမီးေလး ဒီႏွစ္ဆယ္တန္းေအာင္တယ္ဆိုတဲ႔ အေၾကာင္း သူ႔ဆရာမေတြ ဖုန္းဆက္လာေတာ့ ဖုန္းကိုင္ထားတဲ႔လက္ေတြ ေတာင္တုန္ေနၿပီး အရမ္းကို ဝမ္းသာသြားတာ သမီးေလးဆယ္တန္းေအာင္သြားတာ ထီေပါက္သလိုကို ဝမ္းသာတယ္ သမီးက ဆယ္တန္းကို မေအာင္မခ်င္းေျဖမွာလို႔ ေျပာခဲ႔ဘူးတယ္ အခုေတာ့ စတုတၲႏွစ္ေျမာက္မွာ ေအာင္ခဲ႔ပါတယ္ “” လို႕ ေျပာပါ တယ္ …။

ဆက္လက္၍၎က”” သမီးက တကၠသုိလ္ဆက္တက္မွာပါ အေဝးသင္မဟုတ္ဘဲ ေက်ာင္းတက္မွာပါ ယခုေလာေလာဆယ္ေတာ့ ကြန္ပ်ဴတာသင္တန္းတက္ေနပါတယ္ “” လို႕လည္း ေျပာပါေသးတယ္ …။

ယခုအခါ သမီးေလးမအင္ၾကင္းခိုင္မွာ အသက္ ၂၀ ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး ဆယ္တန္းေအာင္ျမင္ဖို႔ အရမ္းႀကိဳးစားခဲ႔ရသူျဖစ္ပါသည္ ။ အရပ္ပုလြန္းသူေလးျဖစ္တာေၾကာင့္ ေက်ာင္းတက္တဲ႔ အခ်ိန္မွာ စာေရးတာကအစ ခက္ခက္ခဲခဲႀကိဳးစားခဲ႔ရသူေလးပဲ ျဖစ္ပါ တယ္ …။

တစ္နွစ္ၿပီးတစ္နွစ္ သူ႔ရဲ႕သူငယ္ခ်င္းေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေအာင္ျမင္သြားခဲ႔ေပမဲ႔လဲ သူမဟာ စိတ္ဓါတ္မက်ဘဲ စာေမးပြဲဆက္ေျဖခဲ႔ရာမွာ ယခု စတုတၳႏွစ္ေျမာက္မွာေတာ့ သူမရဲ႕ ရည္မွန္းခ်က္ေတြျပည့္ဝခဲ႔ပါၿပီ …။

ဒီႏွစ္ ဆယ္တန္းမေအာင္လို႔ စိတ္ညစ္ေနၾကတဲ႔ ေက်ာင္းသူ/ေက်ာင္းသားေလးေတြ သမီးေလး မအင္ၾကင္းခိုင္လိုဘဲ အသည္းေကာင္းေကာင္း ဇြဲေကာင္းေကာင္းနဲ႔ ဆက္ႀကိဳးစားၾကဖို႔ တိုက္တြန္း အားေပးလိုက္ပါတယ္ ေနာ္ …။ ။

မဂၤလာထြန္း ( ေက်ာက္မဲ )

………………………….

Unicode

ကျောက်မဲမြို့က ဇွဲကောင်းခဲ့တဲ့ ကျောင်းသူလေး ယခုနှစ် ၁၀ တန်းစာမေးပွဲ အောင်သွားပါပြီ…

အဲဒီ ကျောင်းသူလေးကတော့ မအင်ကြင်းခိုင်လို့ခေါ်ပြီး အရပ်က ၃ ပေလောက်ဘဲရှိတဲ့သမီးငယ်လေးပါ။

ဆယ်တန်းစာမေးပွဲကို လေးနှစ်မြောက်ဖြေဆိုပြီးမှ ယခုနှစ်မှာ ခုံနံပါတ်ရမ-၁၀၇၉ ဖြင့် အောင်မြင်ခဲ့သူလေးပဲ ဖြစ်ပါ တယ် …။

ယခုလို ဆယ်တန်းစာမေးပွဲ အောင်သွားတာနဲ့ ပါတ်သက်လို့ သူမ၏မိခင်လဒေါ်ညွန့်ညွန့်မျိုးက”” သမီးလေး ဒီနှစ်ဆယ်တန်းအောင်တယ်ဆိုတဲ့ အကြောင်း သူ့ဆရာမတွေ ဖုန်းဆက်လာတော့ ဖုန်းကိုင်ထားတဲ့လက်တွေ တောင်တုန်နေပြီး အရမ်းကို ဝမ်းသာသွားတာ သမီးလေးဆယ်တန်းအောင်သွားတာ ထီပေါက်သလိုကို ဝမ်းသာတယ် သမီးက ဆယ်တန်းကို မအောင်မချင်းဖြေမှာလို့ ပြောခဲ့ဘူးတယ် အခုတော့ စတုတ္တနှစ်မြောက်မှာ အောင်ခဲ့ပါတယ် “” လို့ ပြောပါ တယ် …။

ဆက်လက်၍၎င်းက”” သမီးက တက္ကသိုလ်ဆက်တက်မှာပါ အဝေးသင်မဟုတ်ဘဲ ကျောင်းတက်မှာပါ ယခုလောလောဆယ်တော့ ကွန်ပျူတာသင်တန်းတက်နေပါတယ် “” လို့လည်း ပြောပါသေးတယ် …။

ယခုအခါ သမီးလေးမအင်ကြင်းခိုင်မှာ အသက် ၂၀ နှစ်ပြည့်တော့မှာဖြစ်ပြီး ဆယ်တန်းအောင်မြင်ဖို့ အရမ်းကြိုးစားခဲ့ရသူဖြစ်ပါသည် ။ အရပ်ပုလွန်းသူလေးဖြစ်တာကြောင့် ကျောင်းတက်တဲ့ အချိန်မှာ စာရေးတာကအစ ခက်ခက်ခဲခဲကြိုးစားခဲ့ရသူလေးပဲ ဖြစ်ပါ တယ် …။

တစ်နှစ်ပြီးတစ်နှစ် သူ့ရဲ့သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အောင်မြင်သွားခဲ့ပေမဲ့လဲ သူမဟာ စိတ်ဓါတ်မကျဘဲ စာမေးပွဲဆက်ဖြေခဲ့ရာမှာ ယခု စတုတ္ထနှစ်မြောက်မှာတော့ သူမရဲ့ ရည်မှန်းချက်တွေပြည့်ဝခဲ့ပါပြီ …။

ဒီနှစ် ဆယ်တန်းမအောင်လို့ စိတ်ညစ်နေကြတဲ့ ကျောင်းသူ/ကျောင်းသားလေးတွေ သမီးလေး မအင်ကြင်းခိုင်လိုဘဲ အသည်းကောင်းကောင်း ဇွဲကောင်းကောင်းနဲ့ ဆက်ကြိုးစားကြဖို့ တိုက်တွန်း အားပေးလိုက်ပါတယ် နော် …။ ။

မင်္ဂလာထွန်း ( ကျောက်မဲ )

………………………….

Leave a Reply

Your email address will not be published. Required fields are marked *