Video ကြည့်ရန်….
………………………..
Unicode
အဆိုတော်ဝနတို့ရဲ့ရဟန်းခံအလှူအကြောင်း LIVE လွှင့်နေစဉ် EFFECT တွေ မှားနှိပ်မိလို့ ရယ်စရာဖြစ်ခဲ့ရတဲ့ ဝါရှောင် ဆရာတော်ရဲ့ VIDEO
အဆိုတော်ဝနတစ်ယောက် နှစ်ရှည်လများ အမြတ်တနိုးထားခဲ့တဲ့ဆံပင်အရှည်ကြီးကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့အကြောင်း ကို ဝိုင်းမော်မြို့နယ် ဝါရှောင် ရွာမှာရှိတဲ့ သီတလရံသီကျောင်းဆရာတော် အရှင်ဝိဇယ က ညခင်းမှာ Live လွှင့်ပြီး ကြည်နူးဝမ်းသာစွာ မိန့်ကြားခဲ့ တာပဲဖြစ်ပါတယ်။ ဒီလို မိန့်ကြားနေစဉ်မှာပဲ Facebook Live မှာပါတဲ့ Effect တွေကို နှိပ်မိပြီး ပုံစံတွေပြောင်းကာ ရယ်မောစရာတွေဖြစ်ခဲ့ပါတယ်။ Live ကိုကြည့်ရှုသူတိုင်းကလည်း မရယ်ပဲမနေနိုင်တော့လို့ ဆရာတော်ကို တောင်းပန် ကြောင်းဦးတင်ပြီး ရယ်မောခဲ့ကြပါတယ် …။
ဆရာတော်ဟာ အသက်အရွယ်အားဖြင့်ရော ဝါအားဖြင့်ရော ကြီးရင့်နေပြီဖြစ်ပြီး ခေတ်လူငယ်တွေကြား ရေပန်းစားနေတဲ့ Facebook ရဲ့ Effect တွေကို ကျွမ်းကျွမ်း ကျင်ကျင် အသုံးမပြုတတ်တာကြောင့် ဒီလို ဟာသသဘောလေးတွေဖြစ်ခဲ့ရတာပဲဖြစ်ပါ တယ်။ ကြည်နူးစရာ ရယ်မောစရာ ကောင်းတဲ့ အမှားလေးမို့ အားလုံးကလည်း ထပ်တူ ဝမ်းသာကြည်နူးစိတ်နဲ့ ရယ်မောရင်း ပျော်စရာကောင်းတဲ့အခိုက် အတန့်လေး ဖြစ်ခဲ့ ပါ တယ် …။
အဆိုတော်ဝနရဲ့ ရဟန်းဘွဲ့အမည်ကတော့ ရှင်ပညာဝုဓဖြစ်ပြီး ရဟန်းတို့ရဲ့ ဝိနည်းတွေနဲ့ အညီ ဆွမ်းခံထွက်ပြီး မြင့်မြတ်တဲ့သာသနာ့အနွယ်ဝင် အဖြစ်နဲ့ အေးအေးချမ်းချမ်း သီတင်း သုံးနေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို သံစဉ်တွေနဲ့ဖျော်ဖြေခဲ့ပြီး လက်ရှိမှာတော့ အေးချမ်းတဲ့ ဘုရားတရားရိပ်မှာ တရားအားထုတ်ပြီး လောကီရဲ့ ပူလောင်မှုတွေကို ခေတ္တဆေးကြောနေခဲ့တာပဲဖြစ်ပါတယ်။ သာဓုပါ ရှင်ပညာဝုဓရေ။ ဆရာတော်ကြီးရဲ့ ရယ်မောစရာဖြစ်ခဲ့တဲ့ အလွဲ Video လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ် နော် …။ ။
Video ကြည့်ရန်
Photo – ဝါရှောင် ဆရာတော်
………………………..
Leave a Reply
Your email address will not be published. Required fields are marked *