၃လအတြင္း ​အ​ေကာင္​့တု​ေပါင္​း ၂.၂ ဘီလ်ံအထိ ဖ်က္​ခ်ပစ္​ခဲ့တဲ့ ​​ေဖ့စ္​ဘြတ္​ခ္​

Zawgyi Font ျဖင့္ဖတ္ရန္

​ေဖ့စ္​ဘြတ္​ခ္​ကုမၸဏီဟာ ကုမၸဏီရဲ႕ စံခ်ိန္​တင္​အ​ေနနဲ႔ ၿပီးခဲ့တဲ့ ဇန္​န၀ါရီလက​ေန မတ္​လအထိ သံုးလတာကာလအတြင္​းမွာ ​ေဖ့စ္​ဘြတ္​ခ္​ အ​ေကာင္​့တု​ေပါင္​း ၂.၂ ဘီလ်ံအထိ ဖ်က္​ခ်ပစ္​ခဲ့တယ္​လို႔ သိရပါတယ္​။ တစ္​ဆက္​တည္​းမွာပဲ ​အ​ေကာင္​့​တု​ေပါင္​း ၁.၂ ဘီလ်ံကိုပါ Disabled လုပ္​ခဲ့တာျဖစ္​ပါတယ္​။

ကမၻာ​ေပၚမွာ လစဥ္​လတိုင္​း ​ေဖ့စ္​ဘြတ္​ခ္​ပံုမွန္​သံုးစြဲသူဟာ ၂.၃၈ ဘီလ်ံ႐ွိ​ေနၿပီး အခုဖ်က္​ခ်ပစ္​ခဲ့တဲ့ အ​ေရအတြက္​ဟာ လစဥ္​ပံုမွန္​သံုးစြဲသူအ​ေရအတြက္​နဲ႔ ထပ္​တူနီးပါး​ေလာက္​ျဖစ္​​ေနခဲ့ပါတယ္​။ ​

​ေဖ့စ္​ဘြတ္​ခ္​ဟာ ဒီလိုစာရင္​းဇယားအတိအက်နဲ႔ အစီရင္​ခံစာကို ​ေနာက္​ႏွစ္​ကစတင္​ၿပီး သံုးစြဲသူ​ေတြထံ ၃ လ တစ္​ႀကိမ္​ အသိ​ေပး​ေဖာ္​ျပသြား​ေတာ့မွာ ျဖစ္​တယ္​လို႔လည္​း ​ေၾကျငာသြားခဲ့တာပါ။ စီအီးအို ဇူကာဘတ္​က​ေတာ့ အင္​တာနက္​အဓိကဝန္​​ေဆာင္​မႈ​​ေတြနဲ႔ လူမႈကြန္​ရက္​ ​ေတြဟာ ဒီလိုအက်ယ္​တဝင္​့​ေဖာ္​ျပမႈမ်ိဳး လုပ္​​ေဆာင္​သင္​့တယ္​လို႔ ယံုၾကည္​​ေၾကာင္​း ​ေျပာခဲ့ပါတယ္​။

​​ေဖ့စ္​ဘြတ္​ခ္​က​ေနတစ္​ဆင္​့ လက္​နက္​​ေမွာင္​ခိုမႈနဲ႔ မူးယစ္​​ေဆး ဥပ​ေဒပ ​ေရာင္​းဝယ္​မႈ​ေတြလည္​း ျဖစ္​ပြား​ေနၿပီး ဒါ​ေတြကိုလည္​း ႏိုင္​နင္​း​ေအာင္​ထိန္​းခ်ဳပ္​သြားမယ္​လို႔ တရားမဝင္​​ေမွာင္​ခိုမႈနဲ႔ပတ္​သက္​ၿပီး ​ေဖ့စ္​ဘြတ္​ခ္​က ပထမဆံုးအႀကိမ္​အ​ေနနဲ႔ ​ေၾကျငာသြားခဲ့တာပါ။

ဒာ့အျပင္ အ​​မုန္​းစကားျပႆနာဟာလည္​း ​ေဖ့စ္​ဘြ​တ္​ခ္​ကုမၸဏီအတြက္​ ​ေနာက္​ထပ္​ စိန္​​ေခၚမႈတစ္​ရပ္​ျဖစ္​​ေနခဲ့ၿပီး ​ေဖ့စ္​ဘြတ္​ခ္​ ရဲ႕ လုပ္​​ေဆာင္​မႈစနစ္​အရ ဥာဏ္​ရည္​တု AI ဟာ အမုန္​းစကား​ေတြကို သိသာထင္​႐ွားစြာ အဓိပၸာယ္​မခြဲျခားႏိုင္​​ေသးတာ​ေၾကာင္​့ ဖယ္​႐ွားျဖဳတ္​ခ်ဖို႔ ခက္​ခဲ​ေနဆဲျဖစ္​တယ္​လို႔လဲ သိရပါ​ေသးတယ္​။ နည္​းပညာတိုးတက္​မႈနဲ႔အတူ အမုန္​းစကား​ေတြ ပ​ေပ်ာက္​သြားဖို႔ တျဖည္​းျဖည္​း လုပ္​​ေဆာင္​သြားႏိုင္​မွာျဖစ္​တယ္​လို႔ သိ႐ွိရတာပါ။

ZAW (H2H)

Unicode Font ဖြင့်ဖတ်ရန်

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ကုမ္ပဏီရဲ့ စံချိန်တင်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လအထိ သုံးလတာကာလအတွင်းမှာ ဖေ့စ်ဘွတ်ခ် အကောင့်တုပေါင်း ၂.၂ ဘီလျံအထိ ဖျက်ချပစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဆက်တည်းမှာပဲ အကောင့်တုပေါင်း ၁.၂ ဘီလျံကိုပါ Disabled လုပ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လစဉ်လတိုင်း ဖေ့စ်ဘွတ်ခ်ပုံမှန်သုံးစွဲသူဟာ ၂.၃၈ ဘီလျံရှိနေပြီး အခုဖျက်ချပစ်ခဲ့တဲ့ အရေအတွက်ဟာ လစဉ်ပုံမှန်သုံးစွဲသူအရေအတွက်နဲ့ ထပ်တူနီးပါးလောက်ဖြစ်နေခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ ဒီလိုစာရင်းဇယားအတိအကျနဲ့ အစီရင်ခံစာကို နောက်နှစ်ကစတင်ပြီး သုံးစွဲသူတွေထံ ၃ လ တစ်ကြိမ် အသိပေးဖော်ပြသွားတော့မှာ ဖြစ်တယ်လို့လည်း ကြေငြာသွားခဲ့တာပါ။ စီအီးအို ဇူကာဘတ်ကတော့ အင်တာနက်အဓိကဝန်ဆောင်မှုတွေနဲ့ လူမှုကွန်ရက် တွေဟာ ဒီလိုအကျယ်တဝင့်ဖော်ပြမှုမျိုး လုပ်ဆောင်သင့်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လက်နက်မှောင်ခိုမှုနဲ့ မူးယစ်ဆေး ဥပဒေပ ရောင်းဝယ်မှုတွေလည်း ဖြစ်ပွားနေပြီး ဒါတွေကိုလည်း နိုင်နင်းအောင်ထိန်းချုပ်သွားမယ်လို့ တရားမဝင်မှောင်ခိုမှုနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်က ပထမဆုံးအကြိမ်အနေနဲ့ ကြေငြာသွားခဲ့တာပါ။

ဒာ့အပြင် အမုန်းစကားပြဿနာဟာလည်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေခဲ့ပြီး ဖေ့စ်ဘွတ်ခ် ရဲ့ လုပ်ဆောင်မှုစနစ်အရ ဉာဏ်ရည်တု AI ဟာ အမုန်းစကားတွေကို သိသာထင်ရှားစွာ အဓိပ္ပာယ်မခွဲခြားနိုင်သေးတာကြောင့် ဖယ်ရှားဖြုတ်ချဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့လဲ သိရပါသေးတယ်။ နည်းပညာတိုးတက်မှုနဲ့အတူ အမုန်းစကားတွေ ပပျောက်သွားဖို့ တဖြည်းဖြည်း လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်လို့ သိရှိရတာပါ။

ZAW (H2H)

Leave a Reply

Your email address will not be published. Required fields are marked *