အလွအပနဲ႔က်န္းမာေရးအတြက္ ၾကက္ဥအကာကို အေကာင္းဆံုးသံုးႏိုင္မယ့္ နည္းလမ္း(၅)ခု

Zawgyi Font ျဖင့္ဖတ္ရန္

Sponsored

ၾကက္ဥတစ္လံုးနဲ႕ထမင္းတစ္နပ္ေျဖရွင္းတတ္တဲ့ ငပ်င္းေလးေတြရွိလား။ ၾကက္ဥဟာ အာဟာရဓာတ္ၾကြယ္၀လြန္းတဲ့စားစရာတစ္မ်ိဳးျဖစ္ျပီး ခ်က္ျပဳတ္ရလြယ္ကူတာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက အားကိုးရတဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ၾကက္ဥကိိုေၾကာ္စား၊ ခ်က္စားတာေတြအျပင္ ၾကက္ဥအကာကို အက်ိဳးရွိိရွိ အသံုးျပဳနိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) က်န္းမာေတာက္ပတဲ့ဆံေကသာအတြက္

shutterstock

ၾကက္ဥအကာတစ္လံုးနဲ႕ သံလြင္ဆီအနည္းငယ္ကိုေရာေမႊျပီး ဆံပင္နဲ႕ ဦးေရျပားအႏွံ႕လိမ္းေပးကာ နာရီ၀က္ေလာက္ထားျပီးေခါင္းေလွ်ာ္ေပးလိုက္မယ္ဆိုရင္ ေျခာက္ေသြ႕ေနတဲ့၊ အဖ်ားနွစ္ခြျဖစ္ေနတဲ့ ဆံပင္ေတြ သိသိသာသာျပန္ေကာင္းလာျပီး နဂိုကထက္ ပိုေတာက္ပလာတာေတြေတြ႕ရပါလိမ့္မယ္။

(၂) မ်က္နွာအသားအေရအတြက္

shutterstock Sponsored

ၾကက္ဥအကာတစ္လံုး၊ သံပရိုရည္တစ္ဇြန္း နဲ႕ ပ်ားရည္တစ္ဇြန္းတို႕ကို သမေအာင္ေရာေမႊျပီး မ်က္နွာအႏွံ႕ခပ္ပါးပါးေလးလိမ္းေပးပါ။ မိနစ္နွစ္ဆယ္ေလာက္ၾကာရင္ ေရေႏြးေလးနဲ႕ မ်က္နွာသစ္ေပးျပီး အစိုဓာတ္ျဖည့္ခရင္မ္ကို လိမ္းေပးလိုက္မယ္ဆိုရင္ မ်က္နွာမွာျဖစ္ေနတဲ့ အမည္းစက္နဲ႕ အမာရြတ္ေတြကိုေလ်ာ့ပါးလာေစျပီး အသားအေရကို ၾကည္လင္ေစပါတယ္။ အသားအေရအမ်ိဳးအစားအားလံုးအတြက္ အဆင္ေျပတဲ့နည္းလမ္းျဖစ္လို႕ လူတိုင္းစိတ္ခ်လက္ခ်လုပ္နိုင္ပါတယ္။

(၃) အ၀မလြန္ေအာင္ထိန္းဖို႕အတြက္

shutterstock

ၾကက္ဥအကာမွာ ပရိုတင္းဓာတ္ၾကြယ္၀စြာ ပါ၀င္ျပီး ကယ္လိုရီနည္းတဲ့ အစားအစာတစ္မ်ိဳးျဖစ္တာေၾကာင့္ အ၀လြန္ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ကိုယ္အေလးခ်ိန္ထိန္းေနတဲ့သူ၊ ၀ိတ္ေလွ်ာ့ေနတဲ့သူေတြအေနနဲ႕ တစ္ရက္ကို ၾကက္ဥအကာ နွစ္လံုးစားေပးရင္ ခႏၶာကိုယ္အတြက္ လံုေလာက္တဲ့အာဟာရကိုရနိုင္ျပီမို႕ တျခားေထြေထြထူးထူး စားဖို႕မလိုေတာ့ပါဘူး။

READBeauty Blender ကို ထိထိေရာက္ေရာက္ နဲ႔ အသုံးျပဳႏုိင္မယ့္ နည္းလမ္းေကာင္းမ်ား

(၄) ဦးေႏွာက္မွတ္ဉာဏ္တိုးတက္ဖို႕အတြက္

shutterstock

ၾကက္ဥအကာမွာ choline ျဒပ္ေပါင္းပါ၀င္တာေၾကာင့္ ဦးေနွာက္ရဲ႕မွတ္ဉာဏ္စြမ္းအားကို တိုးတက္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ၾကက္ဥအကာပဲ သီးသန္႕စားတာပဲျဖစ္ျဖစ္၊ ႏြားနို႕နဲ႕ တြဲစားတာပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္။ ေန႕စဥ္ၾကက္ဥအကာကို စားေပးျခင္းက ဦးေနွာက္မွတ္ဉာဏ္တိုးေစတဲ့အျပင္ အာရံုေၾကာစနစ္ကိုပါ ေကာင္းေကာင္းလည္ပတ္ေအာင္ေထာက္ပံ့ေပးနိုင္စြမ္းရွိပါတယ္။

(၅) အရိုးက်န္းမာသန္စြမ္းဖို႕အတြက္

pinterest

ေန႕စဥ္အစားအေသာက္မွာ ၾကက္ဥအကာတစ္လံုး ပါေအာင္စားေပးတာက ခႏၶာကိုယ္ၾကံ့ခိုင္မႈအတြက္ေလ့က်င့္ခန္္းလုပ္ေနသူေတြအတြက္ အေထာက္အကူျဖစ္ေစရံုမက အရိုးကိုသိပ္သည္းသန္မာေစတာေၾကာင့္ အမ်ိဳးသမီးေတြ အသက္ၾကီးလာရင္ျဖစ္တတ္တဲ့ အရိုးပါးအရိုးပြေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါေသးတယ္။

MAY THAZINHTOO

sponsored

Unicode Font ဖြင့်ဖတ်ရန်

Sponsored

ကြက်ဥတစ်လုံးနဲ့ထမင်းတစ်နပ်ဖြေရှင်းတတ်တဲ့ ငပျင်းလေးတွေရှိလား။ ကြက်ဥဟာ အာဟာရဓာတ်ကြွယ်ဝလွန်းတဲ့စားစရာတစ်မျိုးဖြစ်ပြီး ချက်ပြုတ်ရလွယ်ကူတာကြောင့် တော်တော်များများက အားကိုးရတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥကိုကြော်စား၊ ချက်စားတာတွေအပြင် ကြက်ဥအကာကို အကျိုးရှိရှိ အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ကျန်းမာတောက်ပတဲ့ဆံကေသာအတွက်

shutterstock

ကြက်ဥအကာတစ်လုံးနဲ့ သံလွင်ဆီအနည်းငယ်ကိုရောမွှေပြီး ဆံပင်နဲ့ ဦးရေပြားအနှံ့လိမ်းပေးကာ နာရီဝက်လောက်ထားပြီးခေါင်းလျှော်ပေးလိုက်မယ်ဆိုရင် ခြောက်သွေ့နေတဲ့၊ အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေ သိသိသာသာပြန်ကောင်းလာပြီး နဂိုကထက် ပိုတောက်ပလာတာတွေတွေ့ရပါလိမ့်မယ်။

(၂) မျက်နှာအသားအရေအတွက်

shutterstock Sponsored

ကြက်ဥအကာတစ်လုံး၊ သံပရိုရည်တစ်ဇွန်း နဲ့ ပျားရည်တစ်ဇွန်းတို့ကို သမအောင်ရောမွှေပြီး မျက်နှာအနှံ့ခပ်ပါးပါးလေးလိမ်းပေးပါ။ မိနစ်နှစ်ဆယ်လောက်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပြီး အစိုဓာတ်ဖြည့်ခရင်မ်ကို လိမ်းပေးလိုက်မယ်ဆိုရင် မျက်နှာမှာဖြစ်နေတဲ့ အမည်းစက်နဲ့ အမာရွတ်တွေကိုလျော့ပါးလာစေပြီး အသားအရေကို ကြည်လင်စေပါတယ်။ အသားအရေအမျိုးအစားအားလုံးအတွက် အဆင်ပြေတဲ့နည်းလမ်းဖြစ်လို့ လူတိုင်းစိတ်ချလက်ချလုပ်နိုင်ပါတယ်။

(၃) အဝမလွန်အောင်ထိန်းဖို့အတွက်

shutterstock

ကြက်ဥအကာမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ကယ်လိုရီနည်းတဲ့ အစားအစာတစ်မျိုးဖြစ်တာကြောင့် အဝလွန်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန်ထိန်းနေတဲ့သူ၊ ဝိတ်လျှော့နေတဲ့သူတွေအနေနဲ့ တစ်ရက်ကို ကြက်ဥအကာ နှစ်လုံးစားပေးရင် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အာဟာရကိုရနိုင်ပြီမို့ တခြားထွေထွေထူးထူး စားဖို့မလိုတော့ပါဘူး။

READBeauty Blender ကို ထိထိရောက်ရောက် နဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းများ

(၄) ဦးနှောက်မှတ်ဉာဏ်တိုးတက်ဖို့အတွက်

shutterstock

ကြက်ဥအကာမှာ choline ဒြပ်ပေါင်းပါဝင်တာကြောင့် ဦးနှောက်ရဲ့မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥအကာပဲ သီးသန့်စားတာပဲဖြစ်ဖြစ်၊ နွားနို့နဲ့ တွဲစားတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ နေ့စဉ်ကြက်ဥအကာကို စားပေးခြင်းက ဦးနှောက်မှတ်ဉာဏ်တိုးစေတဲ့အပြင် အာရုံကြောစနစ်ကိုပါ ကောင်းကောင်းလည်ပတ်အောင်ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။

(၅) အရိုးကျန်းမာသန်စွမ်းဖို့အတွက်

pinterest

နေ့စဉ်အစားအသောက်မှာ ကြက်ဥအကာတစ်လုံး ပါအောင်စားပေးတာက ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက်လေ့ကျင့်ခန်းလုပ်နေသူတွေအတွက် အထောက်အကူဖြစ်စေရုံမက အရိုးကိုသိပ်သည်းသန်မာစေတာကြောင့် အမျိုးသမီးတွေ အသက်ကြီးလာရင်ဖြစ်တတ်တဲ့ အရိုးပါးအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။

MAY THAZINHTOO

sponsored

Leave a Reply

Your email address will not be published. Required fields are marked *