အရပ္ ကလန္ကလားနဲ႔ စပယ္ယာလုပ္ရတာ အဆင္မေျပဘူးဆိုတဲ့ ေက်ာ္ထက္ေအာင္

Zawgyi Font ျဖင့္ဖတ္ရန္

“ခ်ဴဆီ” ဇာတ္ကားနဲ႔ ပိတ္ကားထက္ေပၚ ေရာက္လာခဲ့တဲ့ ေက်ာ္ထက္ေအာင္ကို ေနာက္ထပ္ ပြဲထုတ္လိုက္သူက ေအာင္ခတ္မင္း ရုပ္ရွင္ထုတ္လုပ္ေရးက ျဖစ္ပါတယ္။ အေျခခံလူတန္းစား ဘဝမ်ိဳးစံုကို ဖန္တီးပံုေဖာ္ထားတဲ့ “စရိုက္” ရုပ္ရွင္ကားၾကီးမွာ ကားစပယ္ယာ တင္ေမာင္ဝင္းအျဖစ္ ေက်ာ္ထက္ေအာင္က သရုပ္ေဆာင္ထားပါတယ္။ presenter ဘဝကေန စပယ္ယာ အျဖစ္ သရုပ္ေဆာင္ရတဲ့အေပၚ ေက်ာ္ထက္ေအာင္က ခုလို ေျပာျပသြားပါတယ္။

“စပယ္ယာ ဆိုတာကို career တစ္ခုအေနနဲ႔ လုပ္တာကိုပဲ ျပထားတာေပါ့ေနာ္။ စပယ္ယာ ဘယ္လိုလုပ္တယ္ ဆိုတာေတာ့ မျပထားပါဘူး။ အကိုကေလ ကလန္ကယားနဲ႔ ဘီအမ္မွာ စပယ္ယာလုပ္ရတယ္ဆိုေတာ့ သိပ္ေတာ့ အဆင္မေျပဘူး။ အထဲမွာေတာင္ ကုန္းျပီး စီးရတာဆိုေတာ့ ။ ေအာ္တာေတြကအစ အဆင္မေျပဘူး။ ကိုယ္ေအာ္ရင္ presenter အသံဆိုေတာ့ စပယ္ယာသံ မေပါက္ဘူး။ ကြမ္းေတြလည္း စားရတယ္။ ကြမ္းဆိုရင္ ရတာေပါ့ ဆိုျပီး စားလိုက္တာ။ ေဆးေတြဘာေတြ ထည့္ရတာ မသိဘူး။ ဝယ္လိုက္တာပဲ။ မူးေတာင္သြားတယ္။” လို႔ ဆိုပါတယ္။

ဒါရိုက္တာ ၾသရသရဲ႕ ညႊန္ၾကားမႈေအာက္မွာ အရင္ဆံုး သရုပ္ေဆာင္ၾကည့္ျပီးမွ မြမ္းမံသင္ၾကားေပးမႈေတြ ထပ္ဆင့္လုပ္ေဆာင္ရတယ္လုိ႔ ေက်ာ္ထက္ေအာင္က ေျပာျပသြားပါတယ္။

စရိုက္ ရုပ္ရွင္ကားၾကီးမွာေတာ့ အကယ္ဒမီ ခိုင္သင္းၾကည္ ၊ အကယ္ဒမီ လူမင္း ၊ အကယ္ဒမီ ထြန္းအိျႏၵာဗို ၊ ေက်ာ္ထက္ေအာင္နဲ႔ တကြ အႏုပညာရွင္မ်ားစြာ ပါဝင္သရုပ္ေဆာင္ထားျပီး ေမလ (၃၀) ရက္ေန႔မွာ တစ္ႏိုင္ငံလံုး ရံုတင္ျပသြားမွာ ျဖစ္ပါတယ္။

Unicode Font ဖြင့်ဖတ်ရန်

“ချူဆီ” ဇာတ်ကားနဲ့ ပိတ်ကားထက်ပေါ် ရောက်လာခဲ့တဲ့ ကျော်ထက်အောင်ကို နောက်ထပ် ပွဲထုတ်လိုက်သူက အောင်ခတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ဖြစ်ပါတယ်။ အခြေခံလူတန်းစား ဘဝမျိုးစုံကို ဖန်တီးပုံဖော်ထားတဲ့ “စရိုက်” ရုပ်ရှင်ကားကြီးမှာ ကားစပယ်ယာ တင်မောင်ဝင်းအဖြစ် ကျော်ထက်အောင်က သရုပ်ဆောင်ထားပါတယ်။ presenter ဘဝကနေ စပယ်ယာ အဖြစ် သရုပ်ဆောင်ရတဲ့အပေါ် ကျော်ထက်အောင်က ခုလို ပြောပြသွားပါတယ်။

“စပယ်ယာ ဆိုတာကို career တစ်ခုအနေနဲ့ လုပ်တာကိုပဲ ပြထားတာပေါ့နော်။ စပယ်ယာ ဘယ်လိုလုပ်တယ် ဆိုတာတော့ မပြထားပါဘူး။ အကိုကလေ ကလန်ကယားနဲ့ ဘီအမ်မှာ စပယ်ယာလုပ်ရတယ်ဆိုတော့ သိပ်တော့ အဆင်မပြေဘူး။ အထဲမှာတောင် ကုန်းပြီး စီးရတာဆိုတော့ ။ အော်တာတွေကအစ အဆင်မပြေဘူး။ ကိုယ်အော်ရင် presenter အသံဆိုတော့ စပယ်ယာသံ မပေါက်ဘူး။ ကွမ်းတွေလည်း စားရတယ်။ ကွမ်းဆိုရင် ရတာပေါ့ ဆိုပြီး စားလိုက်တာ။ ဆေးတွေဘာတွေ ထည့်ရတာ မသိဘူး။ ဝယ်လိုက်တာပဲ။ မူးတောင်သွားတယ်။” လို့ ဆိုပါတယ်။

ဒါရိုက်တာ သြရသရဲ့ ညွှန်ကြားမှုအောက်မှာ အရင်ဆုံး သရုပ်ဆောင်ကြည့်ပြီးမှ မွမ်းမံသင်ကြားပေးမှုတွေ ထပ်ဆင့်လုပ်ဆောင်ရတယ်လို့ ကျော်ထက်အောင်က ပြောပြသွားပါတယ်။

စရိုက် ရုပ်ရှင်ကားကြီးမှာတော့ အကယ်ဒမီ ခိုင်သင်းကြည် ၊ အကယ်ဒမီ လူမင်း ၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို ၊ ကျော်ထက်အောင်နဲ့ တကွ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပြီး မေလ (၃၀) ရက်နေ့မှာ တစ်နိုင်ငံလုံး ရုံတင်ပြသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *