အဖွဲ့ကနေထွက်ပြီး တစ်ကိုယ်တော် အောင်မြင်မှုတွေရရှိနေတဲ့ Idols ၅ ယောက်

အဖွဲ့ကနေထွက်ပြီး အောင်မြင်မှုတွေရရှိထားတဲ့ နာမည်ကြီး အနုပညာရှင်များစွာရှိပါတယ်။ ဒီထဲကမှ idols ၅ ယောက်အကြောင်း ပြောပြချင်ပါတယ်။ ဒီ idols တွေကတော့ သူတို့ရဲ့ကိုယ်ပိုင် ကျွမ်းကျင်မှု၊ ၀ါသနာနဲ့ တစ်ကိုယ်တော်ရပ်တည်ပြီး အောင်မြင်နေကြသူတွေဖြစ်ပါတယ်။

Girls’ Generation အဖွဲ့ဝင်ဟောင်း Jessica Jessica ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ Girls” Generation အဖွဲ့ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ အဖွဲ့ကနေထွက်ခွာပြီးချိန်မှာ Blanc & Eclare ကိုယ်ပိုင် ဖက်ရှင်အမှတ်တံဆိပ်ကို ထုတ်လုပ်ခဲ့ပြီး ကိုယ်တိုင်လည်း ဒီဇိုင်နာအဖြစ် ပါဝင်လုပ်ကိုင်ပါတယ်။ ဖက်ရှင်ဝါသနာပေါ်အခြေခံပြီး စီးပွားရေးလုပ်ခဲ့သလို အနုပညာဝါသနာကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ တစ်ကိုယ်တော်သီချင်းဖြစ်တဲ့ FLY ကို ကိုယ်တိုင်ရေးခဲ့ပြီး Music Charts တွေရဲ့ထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အနုပညာသက်တမ်း ၁၀ နှစ်ပြည့်အဖြစ် My Decade အယ်လ်ဘမ်ကိုလည်း ဖြန့်ချိနိုင်ခဲ့ပါတယ်။

2PM အဖွဲ့ဝင်ဟောင်း Jay Park 2PM အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ Jay Park ဟာ သူ့ရဲ့ Myspace ကွန်မန့်ဟောင်းတွေကို netizens တွေက ရှာတွေ့ပြီးနောက် အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့တာကြောင့် အဖွဲ့ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ Hip Hop scene ကြောင့် ကိုရီးယားအေဂျင်စီတစ်ခုနဲ့ ၂၀၁၀ မှာ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Jay Park ဟာ Hip Hop label AOMG မှာ ဦးဆောင်သူတစ်ယောက်ဖြစ်လာခဲ့ပြီး H1GHR MUSIC RECORDS ကို တည်ထောင်ခဲ့ကာ JAY-Z”s Roc Nation နဲ့လည်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

f(x) အဖွဲ့ဝင်ဟောင်း Sulli f(x) အဖွဲ့ဝင်အနေနဲ့ ပွဲဦးထွက်လာချိန်မှာ အမျိုးသားပရိသတ်များရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တာ Sulli ပါ။ ၂၀၁၅ မှာတော့ SM အင်တာတိတ်မန့်ကနေ Sulli တစ်ယောက် f(x) ကနေ ထွက်တော့မယ်ဆိုတဲ့ သတင်းဆိုးကြီးကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Sulli ရဲ့တစ်ကိုယ်တော် လှုပ်ရှားမှုတွေအတွက် အေဂျင်စီကနေ ပံ့ပိုးပေးခဲ့ပါတယ်။ Sulli ဟာ မကြာသေးခင်က Real ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း active ဖြစ်တဲ့အနုပညာရှင် ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးတဲ့ Sulli ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ သရုပ်ဆောင်ပိုင်းမှာ ပိုမိုတွေ့မြင်ရပါတယ်။

ချစ်​သူ​ကောင်​မ​လေးကို သာသာ​လေးချီပြီး Workout လုပ်​ပြလိုက်​တဲ့ သင်​ဇာဝင့်​​ကျော်​ရဲ့ချစ်​သူ

Winner အဖွဲ့ဝင်ဟောင်း Nam Tae Hyun မနှစ်ကနိုဝင်ဘာလမှာ YG အင်တာတိတ်မန့်ကနေ Winner အဖွဲ့ဝင် Nam Tae Hyun နဲ့ စာချုပ်ကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Nam Tae Hyun ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့် Winner အဖွဲ့ကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Nam Tae Hyun ဟာ South Club ဆိုတဲ့ ကိုယ်ပိုင် Rock Band ထောင်ခဲ့ပြီး အဖွဲ့ဝင်သစ်တွေနဲ့အတူ အယ်လ်ဘမ်သစ်တစ်ချပ် ဖြန့်ခဲ့ပါတယ်။

MBLAQ အဖွဲ့ဝင်ဟောင်း Lee Joon Lee Joon ဟာ ၂၀၁၄ ခုနှစ်က MBLAQ အဖွဲ့ကနေ ထွက်ခွာခဲ့ပြီး အဆိုတော်ဘ၀ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် ပြောင်းလဲကြိုးစားခဲ့ပါတယ်။ Lee Joon ဟာ Iris 2 ၊ Sent From Heaven ၊ Mister Baek နဲ့ Gap-Dong စတဲ့ နာမည်ကြီး ဒရမ်မာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ KBS 2TV ရဲ့ The Weird Father မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကြည့်ရှုသူတွေဆီကနေ အချစ်တွေနဲ့ ထောက်ပံ့မှုများစွာ ရရှိခဲ့ပါတယ်။ Ref : Allkpop Mia (Momolay)

Leave a Reply

Your email address will not be published. Required fields are marked *