Zawgyi Font ဖြင့်ဖတ်ရန်
Share0 Shares
Share0 Shares
Unicode Font ဖြင့်ဖတ်ရန်
Share0 Shares
လှတောနယ်က လင်မယား နှစ်ယောက် ရန်ဖြစ်ကြသောအခါ
လင်မယားနှစ်ယောက် ရန်ဖြစ်နေကြတယ်။
ကောင်မ နင်က ရန်ကုန်လိုပဲ ရန်ကုန်ဆိုတော့ ဘာဖြစ်လဲ ရန်ကုန်ဆိုတော့ နင်က ဆန်ကုန်တာပဲ အဖတ်တင်တယ်ဆန်ကုန်မြေလေးမ
အံမယ် ရှင်ကသာ မန္တလေး မန္တလေးက ဘာဖြစ်လဲ မန္တလေးဆိုတော့ အရမ်းဝေးတယ်ပြောတာ ။ ရှင့်ကို ငတုန်းလို့ ပြောတာ
နင်ကသာ လူတကာငိုတဲ့ ပူတာအိုကောင်မရဲ့ ရှင်ကသာ စစ်မီးပွားနေတဲ့ မြစ်ကြီးနားအကောင်ရဲ့
အံမယ် ရှင်ကသာ မောင်တောလို အချောင်စားချင်သူတွေ လုပ်စားနေတာ ဟေ့ နိုင်ငံရေးမပါနဲ့ ရန်ဖြစ်တာကွ။ ထောင်ထဲ တော့ မသွားနိုင်ဘူး။ ငါက စစ်တွေလို အချစ်တွေပဲထားပြီး မင်းကို တန်ဖိုးထားခဲ့တာကွ
သူကပြောရချည်သေး ။ ကျုပ်ကလည်း ပြွန်တန်ဆာလို အနွံတာခံခဲ့ရတာ ရှင်သိရဲ့လား မတာမ ငါ့ကို အဲ့လိုမနှိုင်းနဲ့။ ငါကလည်း နင့်ကို တပ်ကုန်းလို ငတ်ပြီးရုန်းခဲ့ရတာ နင်သိလား
သိဒယ် သိဒယ် ရှင်က တောင်ကြီးလို … …တောင်ကြီးလို… … ဟေ့ ဘာဖြစ်လဲ ကြောင် …… ကြောင်ချီးလုပ်နေတာ သီးမခံနိုင်ဘူးတော့
လာ လာချည်သေး တာချီလိတ်လို အသာရီလိုက်မယ်။ ငါ့ကို မော်လမြိုင်လို အပျော်ချိုင်ချင်နေတာ ငါသိတယ် သူကများ ကော့သောင်းလို ပျော့ပြောင်းသလိုနဲ့ ဖလမ်းလို အကြမ်းတွေ လာပြောနေတယ်
ပြောတယ်ကွာ … … မော်ချီးလို ပျော်ပြီး နေပလိုက်မယ် ဘာ … … ရှင်က တောင်ကုတ်လို စောင်ထုတ်ပြီး ဆင်းချင်နေတယ်ပေါ့
အေး ဟုတ်တယ် … …သံတွဲလို ငါ့အကြံကလည်း မလွဲစေရဘူး မတာမရဲ့ အဲတော့ ရှင်က ပခုက္ကူလို အရှုပ်လိုလူ လုပ်ချင်သပေါ့လေ လုပ်လိုက်စမ်းဘာ
အေးး ရဒယ် ငါကလည်း မိတ္ထီလာလို သိပ်ပြီးကဗျာမဆန်တော့ဘူး လာလေ ကျုပ်ကလည်း ဝ , တွေ လို ချတယ် တွယ်တယ် လာ
နောင်ဂျိန် နောင်ဂျိန်ချကြလေပြီ
Share0 Shares
Leave a Reply
Your email address will not be published. Required fields are marked *