









NoTwoKyauktan

Unicode

စက်လှေတိမ်းမှောက် ရေလုပ်သား(၈)ဦးသေဆုံး

မုတ္တမပင်လယ်ပြင်တွင်ငါးဖမ်းစက်လှေ (၂)စီးလေပွေမိ၍စက်လှေတိမ်းမှောက် ရာရေလုပ်သား(၈)ဦးသေဆုံး

မေ လ (၂၆) ရက် နေ့ (၀၀:၂၀) နာ ရီ အ ချိန် က သုံ ခွ မြို့ နယ် သာ ယာ မြိုင် ကျေး ရွာ မု တ္တ မ ပင် လယ် ကမ်း ခြေ နှင့်(၆) မိုင်ခန့် အ ကွာ ပင် လယ် ပြင် တွင်ငါး ဖမ်း စက် လှေ(၂) စီး လေ ပွေ မိ ၍ စက် လှေ တိမ်း မှောက် ပြီးရေ လုပ် သား (၈) ဦး သေ ဆုံး မှု ဖြစ် ပွား ခဲ့ သည်….

အခင်းဖြစ်နေရာသို့သုံးခွမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မျိုးနိုင်သုံးခွမြို့နယ်ရဲတပ်ဖွဲ့ ဝင်များမီးသတ်တပ်ဖွဲ့များ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှသွားရောက်ကူညီမှုမျာ းပေးပြီးစစ်ဆေးဆောင်ရွက်ရာ…

စက်လှေမှောက်ရေလုပ်သားများမှာမွန်ပြည်နယ်ပေါင်မြို့ နယ်အလှပ်ကျေးရွာမှအလျား(၃၀)ပေအနံ(၈)ပေ၊ဇောက်(၆)ပေခန့်ရှိငါးဖမ်းစက်လှေ(၂)စီးဖြင့်ပဲ့နင်း ဦးကျော်ထူးအောင်(၃၄)နှစ်(ဘ)ဦးတင်အောင် ပါ(၆)ဦးလိုက်ပါလာသောငါးဖမ်းစက်လှေနှင့်ပဲ့နင်းဦးအောင်သန်းဝင်း (၃၆)နှစ်(ဘ)ဦးမောင်လှ ပါ(၆)ဦးလိုက် ပါလာသောငါးဖမ်းစက်လှေ(၂)စီးတို့ပင် လယ်ပြင်တွင်လေပွေမိ၍တိမ်းမှောက်နစ်မြှုပ်ခဲ့ခြင်းဖြစ်ပြီး…

ဦးဉာဏ်မြင့်ငါးဖမ်းစက်လှေနှင့်အခြားငါးဖမ်းစက်လှေများမှတွေ့ရှိကူညီဆယ်ယူလာကြောင်းသိရပြီးငါးဖမ်းစက်လှေနစ်မြှုပ်မှုကြောင့်ပဲ့နင်းဦးကျော်ထူးအောင်လိုက်ပါလာစက်လှေမှရေလုပ်သား ဦးနိုင်ဝင်း(၅၃)နှစ်၊ ဦးအောင်အောင်(၃၆)နှစ်၊ဦးထွန်းထွန်း(၅၃)နှစ် တို့ (စီစစ်ဆဲ)(၃)ဦးသေဆုံးခဲ့ပြီး…..

ဦးကျော်ထူးအောင်ဦးသက်ဝေ ဦးထွန်းနိုင်တို့အသက်ရှင်လျှက်ကျန်ရှိခဲ့သည်။ပဲ့နင်းဦးအောင်သန်းဝင်းလိုက်ပါသောငါးဖမ်းစက်လှေမှဦးကျော်သူ(၄၀)နှစ်ဦးစိုးဦး(၄၀)နှစ်ကျော်စိုးလွင်(၂၁)နှစ်လူကျော်(၂၀)နှစ်ဦးနိုင်(၄၀)နှစ်တို့(စီစစ်ဆဲ) (၅)ဦးသေဆုံးခဲ့ကြပြီးဦးအောင်သန်းဝင်းအသက်ရှင်ကျန်ခဲ့ကြောင်းသိရသည်….

သက် ဆိုင် ရာ မှ သေ ဆုံး သူ ရုပ် အ လောင်း များ ကို မီး လောင် ချောင်း ထိပ် ကမ်း န ဖူး တွင် ထား ရှိ ပြီးမေ လ (၂၇) ရက် နေ့ တွင် သေ ဆုံး သူ မိ သား စု များ ရောက် ရှိ လာ ပါ က သြင်္ဂ ိုလ် နိုင် ရန် နှင့် ကူ ညီ မှု များဆောင် ရွက် ပေး မည် ဖြစ် ပြီး ဖြစ် စဉ် နှင့် ပတ် သက် ၍ သုံး ခွ မြို့ နယ် ရဲ စ ခန်း မှ သေ မှု သေ ခင်း ဖွင့် လှစ် စစ် ဆေးဆောင် ရွက် လျက် ရှိ ကြောင်း သိ ရ သည်…..

(ပင်လယ်ပြင်ကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေရေလုပ်သားများမိုးဦးကျကာလမိုးသက်လေပြင်းများကျရောက်နိုင်သောကြောင့်သတိထားကြပါခင်ဗျာ)…..

NoTwoKyauktan

Leave a Reply

Your email address will not be published. Required fields are marked *