ေမ်ာေနတုန္းသရုပ္ေဆာင္ရဲတိုက္နဲ႔အေမနဲ႕ကုိေတြ႕တယ္ဆိုတဲ့ ကစ္ကစ္

Zawgyi Font ျဖင့္ဖတ္ရန္

ဟာသ သရုပ္ေဆာင္ကစ္ကစ္ဟာ က်န္းမာေရးအေျခအေနယိုယြင္းေနခဲ့ျပီး ေက်ာက္ကပ္ေရာဂါနဲ႔ ေဆးရံုတက္ေနရတာၾကာခဲ့ျပီျဖစ္ပါတယ္။ ကစ္ကစ္ရဲ႕အေျခအေနကတစ္ေန႔ေရႊတစ္ေန႔ေငြျဖစ္ေနတာေၾကာင့္လည္း ပရိသတ္ေတြက တစ္ခုခုျဖစ္သြားမွာစုိးရိမ္ေနၾကတာျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ ကစ္ကစ္တစ္ေယာက္ ဆံုးပါးသြားျပီဆုိတဲ့သတင္းေတြက လူမႈကြန္ယက္ေပၚမွာ ပ်ံ႕နွံ႕လာခဲ့သလို ပရိသတ္ေတာ္ေတာ္မ်ားမ်ားကလည္း စိုးရိမ္ေနခဲ့ရပါတယ္။ဒါေပမယ့္မၾကာခင္မွာပဲ ကစ္ကစ္ အသက္ရွိပါေသးတယ္ဆိုတဲ့ေျဖရွင္းခ်က္သတင္းစကားေၾကာင့္ပရိသတ္ေတြစိတ္ခ်မ္းသာသြားခဲ့ရပါတယ္။ ကစ္ကစ္ကုိတာဝန္ယူျပီး အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ သရုပ္ေဆာင္ခင္သဇင္ကမီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ကစ္ကစ္ရဲ႕အေျခအေနအေၾကာင္းေျပာျပသြားခဲ့ပါတယ္။

မကစ္က သတိလြတ္ျပီးေမ်ာေနတုန္း ဆံုးပါးသြားတဲ့သူေတြကုိျမင္တယ္လို႔ ခင္သဇင္က “မကစ္က မေန႔ညကေတာ့ အရမ္းစိုးရိမ္ရတဲ့အေျခအေနမ်ိဳးေပါ့ေနာ္။ သူကုိယ္တိုင္လည္းသဇင့္ကုိေျပာတယ္။ ေမ်ာသြားတာ။ ေမ်ာသြားျပီး ဆံုးသြားတဲ့အေမတို႔ဘာတို႔ကုိေတြ႕တယ္ေပါ့ေနာ္။ ေနာက္ျပီးေတာ့ စိတ္ထဲမွာ ရဲတိုက္ကုိစိတ္စြဲျပီးေတာ့ ကုိရဲတိုက္ဆီေရာက္သြားတယ္ေပ့ါေနာ္။ အဲ့လုိလည္းေျပာတယ္။ ဆံုးသြားတဲ့အေမနဲ႔လည္း စကားေျပာလိုက္ရတယ္လို႔သူေျပာတယ္။ မေန႔ကဆိုလို႔ရွိရင္ အရည္ေတာင္မဝင္ေတာ့ဘူး”လို႔ ေျပာျပထားပါတယ္။

ဆံုးသြားျပီလို႔ ေကာလဟလထြက္တဲ့အထိကုိျဖစ္သြားရပံုကုိ ခင္သဇင္က “မေန႕ကဆိုရင္မလႈပ္ေတာ့ဘူး။ ေခါင္းေတာင္မျငိမ့္နုိင္ေတာ့ဘူး။ သိတစ္ခ်က္မသိတစ္ခ်က္ျဖစ္ေနတာေပ့ါေနာ္။ ပဌာန္းေတြဖြင့္ေပးရင္းနဲ႔မွ ဟုိနားေလးယားသလုိဒီနားေလးယားသလိုျဖစ္ျပီး ကုတ္ရင္းနဲ႔မွမ်က္စိျပန္ဖြင့္ျပီး Nurse ေတြကုိလိုက္ၾကည့္ေနတာေပါ့ေနာ္။ ပဌာန္းရယ္ အားလံုးကပို႔သတဲ့ေမတၱာရယ္၊ ပရိတ္ေလးေတြရယ္ေပါ့ေနာ္။ အခုေတာ့ အရည္ေလးဘာေလးျပန္ဝင္ျပီေပ့ါေနာ္”လို႔ လည္းေျပာျပထားပါတယ္။

ကစ္ကစ္ရဲ႕က်န္းမာေရးအေျခအေနကုိလည္း ခင္သဇင္က “ေက်ာက္ကပ္ေဆးရလို႔အဲ့လိုျဖစ္တာမဟုတ္ဘူး။ ရာသီဥတုပူတယ္။ မီးပ်က္တယ္။ အဲကြန္းမလာဘူး။ အဲ့ေတာ့ သူပူတယ္။ ပူေတာ့ေရဆာတယ္။ ေရဆာေတာ့ ေရေသာက္လိုက္တယ္။ ေက်ာက္ကပ္သမားက ေရေသာက္လို႔မရဘူးေပ့ါေနာ္။ ေရေသာက္္လုိက္ရင္ ေက်ာက္ကပ္က ေရကုိမစြန္႕ထုတ္နုိင္တဲ့အခါက်ေတာ့ ေရေတြက ခႏၶာကိုယ္ထဲမွာပဲလည္ပတ္ျပီးအဆုတ္ထဲကိုေရေတြဝင္တာ။ ေရဝင္ေတာ့အေမာ္ေဖာက္တာ။ ေရဝင္တဲ့နႈန္းမ်ားေလ အေမာေဖာက္ေလ ေမ်ာသြားဖို႔အခြင့္အေရးပုိမ်ားေလေပ့ါ။ထံုးစံအတိုင္းေပ့ါ။ ေတာ္ေတာ္မ်ားမ်ားေပါ့။ေက်ာက္ကပ္ေဆးတဲ့လူေတြေတာ္ေတာ္မ်ားမ်ားက နွလံုးက failure ျဖစ္သြားတာ။ ေဆးရင္ေဆးရင္းနဲ႔ နွလံုးပ်က္စီးျပီးေတာ့ သက္တမ္းကုန္သြားတာေပါ့ေနာ္။ သူ႔ရဲ႕အတြင္းကလီစာေတြက အားနည္းျပီး တစ္စတစ္စနဲ႔ျပိဳျပီးပ်က္စီးေနတဲ့သေဘာေပ့ါေနာ္”လုိ႔ရွင္းျပထားပါတယ္။

ပရိသတ္ေတြၾကားမွာပ်ံ႕သြားတဲ့ေကာလဟလအေၾကာင္းကိုလည္းခင္သဇင္က “ကုတင္ငါးရာကျပန္လာျပီးေတာ့ ေရမိုးခ်ိဳးျပီးဘုရားရွိခိုးမလုိ႔ရွိေသးတယ္။ မကစ္ဆံုးျပီေနာ္ဆိုေတာ့ ဟင္ အခုမွျပန္လာတာ ဘယ္လုိဆံုးတာလဲေပ့ါ။ မျဖစ္နုိင္ဘူးဆိုတာေတာ့သိတာေပ့ါ။ ဒါေပမယ့္ ကုတင္ေပၚမွာ ပိုက္တန္းလန္းၾကီးနဲ႔ေတြ႕ခဲ့တဲ့အခ်ိန္မွာ ဆံုးျပီဆိုေတာ့ နိမိတ္မ်ားမေကာင္းဘူးလားမသိဘူးေပါ့။အခ်ိဳ႕လူေတြကေျပာၾကတယ္။ ကပ္ေက်ာ္သြားတာလားဘာလား အဲ့လုိေျပာတယ္ဆိုေတာ့ အဲဒါဆိုလည္းမဆိုးဘူးေတာ္ပါေသးတယ္ေပါ့”လို႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ကစ္ကစ္ကုိခ်စ္ၾကလား။ ကစ္ကစ္ရဲ႕က်န္းမာေရးအတြက္လည္းဆုေတာင္းေပးလိုက္ၾကပါဦးေနာ္။

Can’t Wait To Say

Unicode Font ဖြင့်ဖတ်ရန်

ဟာသ သရုပ်ဆောင်ကစ်ကစ်ဟာ ကျန်းမာရေးအခြေအနေယိုယွင်းနေခဲ့ပြီး ကျောက်ကပ်ရောဂါနဲ့ ဆေးရုံတက်နေရတာကြာခဲ့ပြီဖြစ်ပါတယ်။ ကစ်ကစ်ရဲ့အခြေအနေကတစ်နေ့ရွှေတစ်နေ့ငွေဖြစ်နေတာကြောင့်လည်း ပရိသတ်တွေက တစ်ခုခုဖြစ်သွားမှာစိုးရိမ်နေကြတာဖြစ်ပါတယ်။ မကြာသေးမီကတော့ ကစ်ကစ်တစ်ယောက် ဆုံးပါးသွားပြီဆိုတဲ့သတင်းတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့သလို ပရိသတ်တော်တော်များများကလည်း စိုးရိမ်နေခဲ့ရပါတယ်။ဒါပေမယ့်မကြာခင်မှာပဲ ကစ်ကစ် အသက်ရှိပါသေးတယ်ဆိုတဲ့ဖြေရှင်းချက်သတင်းစကားကြောင့်ပရိသတ်တွေစိတ်ချမ်းသာသွားခဲ့ရပါတယ်။ ကစ်ကစ်ကိုတာဝန်ယူပြီး အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင်ခင်သဇင်ကမီဒီယာတွေနဲ့အင်တာဗျူးမှာ ကစ်ကစ်ရဲ့အခြေအနေအကြောင်းပြောပြသွားခဲ့ပါတယ်။

မကစ်က သတိလွတ်ပြီးမျောနေတုန်း ဆုံးပါးသွားတဲ့သူတွေကိုမြင်တယ်လို့ ခင်သဇင်က “မကစ်က မနေ့ညကတော့ အရမ်းစိုးရိမ်ရတဲ့အခြေအနေမျိုးပေါ့နော်။ သူကိုယ်တိုင်လည်းသဇင့်ကိုပြောတယ်။ မျောသွားတာ။ မျောသွားပြီး ဆုံးသွားတဲ့အမေတို့ဘာတို့ကိုတွေ့တယ်ပေါ့နော်။ နောက်ပြီးတော့ စိတ်ထဲမှာ ရဲတိုက်ကိုစိတ်စွဲပြီးတော့ ကိုရဲတိုက်ဆီရောက်သွားတယ်ပေ့ါနော်။ အဲ့လိုလည်းပြောတယ်။ ဆုံးသွားတဲ့အမေနဲ့လည်း စကားပြောလိုက်ရတယ်လို့သူပြောတယ်။ မနေ့ကဆိုလို့ရှိရင် အရည်တောင်မဝင်တော့ဘူး”လို့ ပြောပြထားပါတယ်။

ဆုံးသွားပြီလို့ ကောလဟလထွက်တဲ့အထိကိုဖြစ်သွားရပုံကို ခင်သဇင်က “မနေ့ကဆိုရင်မလှုပ်တော့ဘူး။ ခေါင်းတောင်မငြိမ့်နိုင်တော့ဘူး။ သိတစ်ချက်မသိတစ်ချက်ဖြစ်နေတာပေ့ါနော်။ ပဌာန်းတွေဖွင့်ပေးရင်းနဲ့မှ ဟိုနားလေးယားသလိုဒီနားလေးယားသလိုဖြစ်ပြီး ကုတ်ရင်းနဲ့မှမျက်စိပြန်ဖွင့်ပြီး Nurse တွေကိုလိုက်ကြည့်နေတာပေါ့နော်။ ပဌာန်းရယ် အားလုံးကပို့သတဲ့မေတ္တာရယ်၊ ပရိတ်လေးတွေရယ်ပေါ့နော်။ အခုတော့ အရည်လေးဘာလေးပြန်ဝင်ပြီပေ့ါနော်”လို့ လည်းပြောပြထားပါတယ်။

ကစ်ကစ်ရဲ့ကျန်းမာရေးအခြေအနေကိုလည်း ခင်သဇင်က “ကျောက်ကပ်ဆေးရလို့အဲ့လိုဖြစ်တာမဟုတ်ဘူး။ ရာသီဥတုပူတယ်။ မီးပျက်တယ်။ အဲကွန်းမလာဘူး။ အဲ့တော့ သူပူတယ်။ ပူတော့ရေဆာတယ်။ ရေဆာတော့ ရေသောက်လိုက်တယ်။ ကျောက်ကပ်သမားက ရေသောက်လို့မရဘူးပေ့ါနော်။ ရေသောက်လိုက်ရင် ကျောက်ကပ်က ရေကိုမစွန့်ထုတ်နိုင်တဲ့အခါကျတော့ ရေတွေက ခန္ဓာကိုယ်ထဲမှာပဲလည်ပတ်ပြီးအဆုတ်ထဲကိုရေတွေဝင်တာ။ ရေဝင်တော့အမော်ဖောက်တာ။ ရေဝင်တဲ့နှုန်းများလေ အမောဖောက်လေ မျောသွားဖို့အခွင့်အရေးပိုများလေပေ့ါ။ထုံးစံအတိုင်းပေ့ါ။ တော်တော်များများပေါ့။ကျောက်ကပ်ဆေးတဲ့လူတွေတော်တော်များများက နှလုံးက failure ဖြစ်သွားတာ။ ဆေးရင်ဆေးရင်းနဲ့ နှလုံးပျက်စီးပြီးတော့ သက်တမ်းကုန်သွားတာပေါ့နော်။ သူ့ရဲ့အတွင်းကလီစာတွေက အားနည်းပြီး တစ်စတစ်စနဲ့ပြိုပြီးပျက်စီးနေတဲ့သဘောပေ့ါနော်”လို့ရှင်းပြထားပါတယ်။

ပရိသတ်တွေကြားမှာပျံ့သွားတဲ့ကောလဟလအကြောင်းကိုလည်းခင်သဇင်က “ကုတင်ငါးရာကပြန်လာပြီးတော့ ရေမိုးချိုးပြီးဘုရားရှိခိုးမလို့ရှိသေးတယ်။ မကစ်ဆုံးပြီနော်ဆိုတော့ ဟင် အခုမှပြန်လာတာ ဘယ်လိုဆုံးတာလဲပေ့ါ။ မဖြစ်နိုင်ဘူးဆိုတာတော့သိတာပေ့ါ။ ဒါပေမယ့် ကုတင်ပေါ်မှာ ပိုက်တန်းလန်းကြီးနဲ့တွေ့ခဲ့တဲ့အချိန်မှာ ဆုံးပြီဆိုတော့ နိမိတ်များမကောင်းဘူးလားမသိဘူးပေါ့။အချို့လူတွေကပြောကြတယ်။ ကပ်ကျော်သွားတာလားဘာလား အဲ့လိုပြောတယ်ဆိုတော့ အဲဒါဆိုလည်းမဆိုးဘူးတော်ပါသေးတယ်ပေါ့”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကစ်ကစ်ကိုချစ်ကြလား။ ကစ်ကစ်ရဲ့ကျန်းမာရေးအတွက်လည်းဆုတောင်းပေးလိုက်ကြပါဦးနော်။

Can’t Wait To Say

Leave a Reply

Your email address will not be published. Required fields are marked *