သိန္းေပါင္း (၆) ေသာင္းေက်ာ္ စုေၾကးမဲ လိမ္လည္မႈ ျဖစ္စဥ္ (အစ/အဆံုး)

Zawgyi Font ျဖင့္ဖတ္ရန္

Share0 Shares

သိန္းေပါင္း (၆) ေသာင္းေက်ာ္ စုေၾကးမဲ လိမ္လည္မႈ ျဖစ္စဥ္ (အစ/အဆံုး)

၁၀ ရက္ပဲ ၾကာမယ္ ေနာက္ဆယ္ရက္ေနရင္ ၁၀ သိန္းရမယ္ အဲဒါကို အခုဝယ္ရင္ ၈ သိန္းနဲ႔ရမယ္။ အဲလိုလုပ္ၾကတာတဲ့။

ေနာက္ ၁၀ ရက္ေနရင္ သိန္း ၅၀ ရမယ္ ခုေနဝယ္ထားရင္ ၄၅ သိန္းပဲသြင္းထားရမယ္ ။ ခဏေစာင့္ ၿပီးရင္ ၅၀ ယူ။ အဲဒါမ်ိဳး။

ဘယ္လိုလူေတြက ဘာေၾကာင့္လုပ္ဆို အဲဒီမဲဆိုတာေတြရဲ႕အစက ကိုယ့္ပိုက္ဆံကိုယ္ စုၾကတာ။ခ်စိတီးစု စုတယ္ေခၚၾကတယ္တဲ့။ တစိေန႔ တစ္ေသာင္းထည့္ ေလးေသာင္းထည့္ တစ္သိန္းထည့္ အဲဒါမ်ိဳး အသီးသီးတူရာ နီးစပ္ရာ ဝင္ေငြတူရာ ေစ်း ေက်ာင္း ေဆးလိပ္ခံု စသည္ျဖင့္ေပါ့ စုၾကရာက စတယ္။

ဘာလို႔ ဒီလုပ္ငန္းထဲ မိန္းမေတြခ်ည္းျဖစ္ေနၾကသလဲဆိုေတာ့ အဲဒီ စုေၾကးဆိုတာေတြ မဲဆိုတာေတြရဲ႕အစကိုက မိန္းမေတြ ေငြစုရာကေန စလာခဲ့ၾကတာကိ။ုး ကနဦးရည္ရြယ္ခ်က္ကေတာ့ ေကာင္းသား။ ေန႔စဥ္ရတဲ့ လုပ္အားခကေလး၊ ေန႔စဥ္ရတဲ့ဝင္ေငြကေလး၊ ေန႔စဥ္ရတဲ့ေစ်းဖိုးကေလးကို မ်ားေသာအားျဖင့္ေတာ့ ေယာက္က်ားမသိေအာင္ ေငြစုၾကတာ။လံုးလံုးခဲခဲကေလး ျပန္ရတဲ့အခါၾကမွ တန္ဖိုးႀကီး လိုအပ္တာကေလးေတြျပန္ဝယ္။ အရင္းအႏွီးျပန္ထည့္။ အိမ္/ ဆိုင္ငွားချပန္ေပး။ မိဘေထာက္ပံ့ အဲ့သလို လုပ္ၾကဖို႔ စုၾကေဆာင္းၾကတာ။

အစကေတာ့ ႐ိုး႐ိုးပဲ။ ဒိုင္ကိုင္သူက ပထမဆံုးအလွည့္ကိုယူတယ္ရတယ္။ ဘာ့ေၾကာင့္ဆိုေတာ့ အဲဒီအုပ္စုမယ္သူက ေခါင္သူႀကီးေပါ့ တာဝန္ခံေပါ့ ေခါင္းခံရတဲ့ အစိတ္အပိုင္းေတြ တာဝန္ယူမႈေတြပါရလို႔။

ဘယ္လိုတာဝန္ယူရလဲဆိုေတာ့ မဲထည့္ၾကတဲ့သူေတြဟာ သူသိေနသူေတြေပါ့။ ဝင္ေငြအေျခအေနသိမယ္ ေနာက္ခံရာဇဝင္သိမယ္ စီးပြားေရးအေျခအေနသိမယ္ စ႐ိုက္ေတြ စိတ္ဓာတ္အေျခအေနေတြသိမယ္ေပါ့။

ဘာကို တာဝန္ခံရတာလဲဆိုေတာ့ စုေၾကးေငြကို အဆံုးထိ ၿပီးေအာင္ထည့္ေပးဖို႔၊ ထြက္မေျပးဖို႔ တာဝန္ယူရတာ။ ေန႔စဥ္ စုေၾကးပိုက္ဆံကိုရေအာင္ လိုက္ေတာင္းရတဲ့ ဒုကၡကလည္း ေသးေတာ့မေသးဘူး။

အဲဒီလို လူအစုေတြၾကားမွာ ရပ္ကြက္ထဲက ကုန္စံုဆိုင္ပိုင္ရွင္ကအစ အရာရွိကေတာ္အလယ္ လုပ္ငန္းရွင္အမ်ိဳးသမီးေတြအဆံုး အမ်ိဳူသမီးထုအလႊာစံုႀကီး ပါေနၾကတယ္။

စိတ္ရႈပ္ခံရတာေတြရွိလို႔အဲဒီအတြက္လည္း စိတ္ညစ္ခံခ ပထမဆံုးအလွည့္ေပးထားတာ။

ပထမဆံူးအလွည့္ရတာမ်ားဘာျဖစ္တုန္းဆိုေတာ့ အတိုးမေပးရပဲ ပိုက္ဆံ သိန္းနဲ႔ခ်ီရေတာ့ စီးပြားေရးထဲ ျပန္လွည့္သံုးၾကျပဳၾကေပါ့ေလအဲ့လိုရွိေရာ။

လူဆယ္ေယာက္ဆို တစိေယာက္ တစ္သိန္းစုရင္ ဆယ္သိန္းေပါ့။

က်န္တဲ့ အလွည့္ေတြၾကေတာ့မဲနိႈက္ရတယ္။

မဲနံပါတ္ ၂

အဲ့လို နီးရာကေနေဝးရာကို တေျဖးေျဖးေဝးေဝးသြားၿပီး ရၾကတယ္။

အဲဒီမွာ ႐ိုး႐ိုးစုေၾကးကို နည္းနည္းဆန္းတဲ့စနစ္ထပ္ေပၚလာတယ္။

ဘယိလိုဆန္းလာလဲဆိုေတာ့ A က နံပါတ္ ၂ ေပါက္တယ္

B က ၃ ေပါ့

အဲဒီမွာ E က နံပါတ္ေလးပဲရတယ္ ။ သူက ဟာာာ မျဖစ္ဘူး ငါေငြအရမ္းလိုေနတယ္ေပါ့ နံပါတ္ႏွစိေနရာ လိုခ်ငိတယ္ေပါ့ A နဲ႔လဲမလား တိုက္႐ိုက္ၫွိၾကတာလည္းရွိတယ္။ ငါနင့္ကို အျမတ္ေပးမယ္ေလ ငါ့ကို နင့္နံပါတ္ေလးေပးပါေပါ့။ အျမတ္ဘာညာက ေရာင္းသူဝယ္သူ ႀကိဳက္ေစ်းေပါ့။ A ကေငြမလိုေသးသူဆို သူက အျမတ္ေလးယူၿပီး ေနာက္ဆုတ္ေပးလိုက္တာေပါ့။ အဲေတာ့အေရးေပၚ ေငြသံုးစရာရွိေနတဲ့ E လည္း အဆင္ေျပ A လည္းေက်နပ္သြားေရာ ။ ဒီအထိ ႐ိုး႐ိုးစုေၾကးပဲ ဘာမွ ရႈပ္ေထြးတာမပါေသးဘူးေပါ့။

အဲ့မွာ ဘာထပ္ျဖစ္လာလဲဆိုေတာ့ G တို႔ H တို႔ကလည္း ဟာာာ မရဘူးေလ ငါတို႔လည္းေရွ႕တိုးလိုခ်င္ၾကတာပဲ ငါတို႔လည္း ပိုက္ဆံလိုတယ္ေလ ျဖစ္ေရာ။ အဲ့ေတာ့ ဒိုင္က အိုေခ အိုေခ အာ့ဆို ဒီလိုလုပ္။ A ရဲ႕ အလွည့္ကို နင္တို႔ အၿပိဳင္ေစ်းေပးလိုက္ၾက။ A က သူႀကိဳက္တဲ့သူေရာင္းေပးလိမ့္မယ္ေပါ့ေလ ဆိုၿပီးေစ်းကြက္တင္ေပးလိုက္တယ္အလွည့္ကို။ ဒါဟာ ေလလံမဲဆိုတာ ျဖစ္လာေရာ။ ကိုယ့္ပိုက္ဆံကိုယ္ေတာ့ ထည့္ၾကတယ္။ အလွည့္ေနရာေစာေစာရဖို႔အတြက္ ေရွ႕နားက ေစာရတဲ့သူေတြ ေနရာအလွည့္ကို အၿပိဳင္ေစ်းေပးဝယ္ၾကတာ။ အဲဒါက ေလလံမဲေတြရဲ႕အစ။

အျပင္မွာ အတိုးကႀကီးမယ္အေပါင္မပါရင္ မရဘူးဆိုတဲ့ ျပသနာေတြၾကားမွာေလလံမဲေတြပါ ေစ်းျမႇင့္ေပးလာၾကေရာ။

အဲ့မဲစုၾကတဲ့သူထဲမွာ ရတယ္ေအးေဆးပဲ ငါက ပိုက္ဆံအေရးေပၚမလိုဘူး ေငြစုသလိုပဲ စုထားခ်င္တာ တိုးရင္ၿပီးတာပဲဆိုတဲ့သူေတြပါလာေရာ။ သူတို႔က ရတယ္ တို႔က ေအးေဆးဆိုၿပီးေနာက္ဆံုးမွ ယူမယ္ဆိုတာလည္းရွိတယ္။ ရွိေတာ့ ဘာျဖစ္လဲဆိုေတာ့ ေနာက္ဆံုးမွ ယူရင္ အျမတ္ဆံုးဆိုတာျဖစ္လာတယ္။ ဘာလို႔ျဖစ္လဲဆိုေတာ့ ေရွ႕က ယူတဲ့သူကို ေနာက္လူနဲ႔လဲယူရတဲ့ အျမတ္ကို နႈတ္နႈတ္ေပးလိုက္ရာကေနရတာ။

ဘာလို႔အဲႀလိဳျဖစ္တုန္းဆိုေတာ့ ေနာက္က် မဲမနိႈက္ေတာ့ဘူး။ မဲနိႈက္ရင္ လိုခ်င္သလို ၫွိမရၾကဘူးရႈပ္တယ္ ဒီအတိုင္းေလလံပစ္မယ္ဆိုၿပီးျဖစ္လာေရာ။ ဒိုင္ကလြဲလို႔ ပထမဆံုးယူတဲ့သူ ကို ၁၀ သိန္းအျပည့္မေပးေတာ့ဘူး နင္က ၈ သိန္းပဲရမယ္ ပထမဆံုးေနရာလိုခ်င္လို႔ကေတာ့ အရံႈးခံရလိမ့္မယ္ေပါ့ေလ ျဖစ္ေရာ။ သူကလည္းပိုက္ဆံလိုေနေတာ့ အိုေခ အိုေခ ရတယ္ ၈ သိန္းရလည္း ေက်နပ္ပါတယ္ေပါ့ေလ ျဖစ္ေရာ။

အဲဒါဆို နံပါတ္ ၂ ေနရာကို ၉ သိန္းနံပါတ္ ၃ ေနရာကို ၁၀ သိန္း

နံပါတ္ ေလးေနရာကို ၁၁ သိန္း

နံပါတ္ ၅ က ၁၂ သိန္း စသည္ျဖင့္ သတ္မွတ္ထားၾကေရာ။

ေရွ႕ဆံုးယူေလရံႈးေလ။ ေနာက္ဆံုးယူေလ ျမတ္ေလ။ ဒီအထိက သိပ္ျပသနာမရွိၾကဘူး။ စကတည္းက သိသူေတြပဲ လက္ခံၾကတာ။ တစ္ရံုးတည္းခ်င္းတစ္ေက်ာင္းတည္းခ်င္း တစ္ရပ္ကြက္တည္းခ်င္းအဲ့လိုဆိုေတာ့ ဆံုးရံႈးတာသိပ္မရွိဘူး။ သူကေတာ့ စီးပြားပ်က္သြားလို႔ မထည့္ႏိုင္ေတာ့ဘူးထြက္ေျပးသြားတယ္ဆိုတာရွားတာကိုး။ ေျပးလည္းဒိုင္က စိုက္ေလ်ာ္ရတယ္။

အဲ့ကေန အြန္လိုင္းေပၚေရာက္လာေတာ့ ဘယ္သူေတြ ဘယ္ဝါေတြမွနိးမသိၾကတဲ့သူေတြ စုၾကမယ္ဆိုၿပီးျဖစ္ေရာ။ အဲ့အထိလည္း ခုလို mass မျဖစ္ေသးဘူးလိမ္တယ္ေျပးတယ္ဆိုလညိးသူ႔သူ ကြက္ကြက္ကေလးေပါ့။

အဲ့ကေန ဘာျဖစ္လာလဲဆိုေတာ့ မဲရဲ႕ ကနဦးျဖစ္တည္မႈျဖစ္တဲ့ ကိုယ့္ပိုက္ဆံကို စိုက္စုၾကတယ္ဆိုတဲ့ ကနဦးအစ ျဖစ္တည္မႈ ဆိုတာမ်ိဳး အဆင့္ကိုကပါ ပါမလာေတာ့ဘူး။ ရွိကို မရွိေတာ့ဘူး။ ဒီအတိုင္း ဘလိုုင္း သက္သက္ႀကီး ပိုက္ဆံထည့္ဝင္ စုသူ မပါတဲ့ ၊ ရွိကိုမရွိတဲ့ မရွိမဲေတြေရာင္းလာၾကေရာ။

ခုပြထေနတဲ့မဲေရာင္းသူေတြေပါ့။ဘာဝင္ေငြ ဘာေနာက္ခံအလုပ္မွ မရွိဘူး။

ကဲမဲေတြရမယ္ မဲေတြရေနၿပီလာဝယ္ၾက ။ ခပ္တညိတည္ေအာ္ေရာင္းတယ္။ ဟင္ ဒီအျဖစ္မ်ိဳးႀကီးရွိသလားအဲ့သလိုလုပ္လို႔ ရလို႔လား ေမးရင္ရတယ္ေလ ဘာလို႔မရရမလဲရလို႔မွ ခု သိန္း ၆ ေသာင္းထိေရာင္းရတယ္ေလ။

လူေတြရဲ႕ ေလာဘက ဘယ္ေလာက္ဆင္ျခင္ႏိုင္စြမ္းမဲ့သလဲဆိုတာ ယံုႏိုင္စရာေတာင္မရွိပါဘူး။

ကဲလာလာ မဲေတြရမယ္။ မဲေတြရမယ္ ေအာ္ေရာင္းၾကတယ္။

ဘယ္လိုေရာင္းလဲဆိုေတာ့ ကဲ ေနာက္ဆယ္ရက္ေနရင္ တစ္သိန္းရမယ္ ခုေနဝယ္ရင္ ၇ ေသာင္း၈ ေသာင္း။အဲ့ေကနေနာက္ ဆယ္ရက္ေနရင္ ၁၀ သိန္းရမယ္ ခုေနဝယ္ရင္ ၈ သိန္း။ေနာက္ဆယ္ရက္ေနရင္ သိန္း ၁၀၀ မဲ ခုေနယူရင္ ၈၅ သိန္း။

အဲေတာ့ ဝယ္ၾကလားဆို ဝယ္တယ္ေလ။ အို ဆယ္ရက္ကေလးနဲ႔ ၂ သိန္းေတာင္ျမတ္မွာ မဝယ္စရာလားေပါ့။

အြန္းးး ဆိုၿပီး အဲ့မဲေရာင္းတယ္ဆိုတဲ့သူဆီ ပိုက္ဆံေတြအတင္းလႊဲပစ္ၾကတာ။

ဟင့္ ဘယ္သူမွန္းမသိ ဘယ္ဝါမွနိးမသိ ေတာင္းပန္ၿပီးေတာင္ လႊဲပစ္ရတာ။ ခ်စ္မေရ ခ်စ္မေရ အက္မီမမထည့္ေပးပါမမ ဆိုၿပီး။ ေတာင္းပန္ၿပီးေပးၾကတာ ( နည္းတဲ့ဝ႗္ေတာ့ မဟုတ္ဘူး )

အဲ့ဒိုင္ဆိုသယ့္ မမ ကေလးေတက ဘယ္ကဝင္ေငြနဲ႔ သူေရာင္းထားတဲ့မဲေတြရက္ျပည့္ရင္ ျပန္ေပးသလဲ၊ တစ္ကယ္ စုေနၾကသူေတြလည္း မရွိဘူးေလ။

အဲ့မွာဝင္လာတာက MLM လိုပဲေလ။ေနာက္လူပိုက္ဆံနဲ႔ေရွ႕လူကို ျပန္ျပန္ေလ်ာ္ေပးေနတာ။

တစ္သိန္းကိုေလ်ာ္တယ္

၅ သိန္းကိုေလ်ာ္တယ္

၁၀ သိန္း သိန္း၁၀၀ ေလ်ာ္တယ္။

အို မမခ်စ္မ ေခ်႕တယ္ ထည့္ေပးပါ ထည့္ေပးပါ မတ္မတ္ ကယ္ပါ ေခ်႕တယ္ေနာ္မြမြ အတင္းေတြလႊဲၿပိဳက္ၾကတာ။

သိန္း ၆ ေသာင္းျဖစ္ခ်ိန္ မတ္မတ္ေျ့ပး၏

ဒါပဲ

စကတည္းက ဘယ္က ပိုက္ဆံရွိလို႔ ေလ်ာ္ရမယ္တုန္း။

ပီးေရာ

မေက်နပ္ အေရခြံခြာယူ ယူရံု။

ၿပီးၿပီပဲေလ

အစက ေျပာပါလားဆို ခုထိထပ္လိမ္လည္းခံၾကဦးမွာ ဥစၥာ။ ဘယ္လိုေျပာနားေထာင္မတဲ့တုန္း။ ကိုယ့္သေဘာနဲ႔ကိုယ္။ ကိုယ့္ေလာဘနဲ႔ကိုယ္။ ကိုယ့္ေဒါသေတြနဲ႔ကိုယ္။ ကိုယ့္ေရြးျခယ္မႈေတြနဲ႔ကိုယ္ပဲေလ ဘယ္လိုလုပ္ၿပီး ေျပာလို႔ ရမတုန္း။

သူတို႔ျဖစ္လို႔သူတို႔ခံရတာအထိ သနားစရာမရွိဘူးဆိုရင္ေတာင္ တစ္ဦးခ်င္းပမာဏထက္စုစုေပါင္း အဲဒီလို ပမာဏေတြၾကေတာ့ တိုင္းျပည္ထဲ လွည့္ပတ္စီးဆင္းေနတဲ့ေငြေၾကးျဖစ္ေတာ့ ေငြစီးဆင္းမႈ အရွ္န္ႀကီးတစ္ခု တန္႔သြားရပ္သြား ဘေလာ့ခ္ျဖစ္သြားေစတယ္လို႔ ကေမာက္ကမ ျဖစ္ေစတယ္လို႔ ျမင္ၾကည့္ရင္ အဲ့လိုကိစၥေတြအၿပီး ျဖစ္လာတဲ့ ေငြေၾကးအၾကပ္အတည္းနႈန္းေတြျမင္ၾကည့္ရင္ေတာ့ တစ္ျပည္လံုးက မဆိုင္သူေတြပါသနားစရာလူေတြ ျဖစ္ကုန္ေရာပဲရယ္။

အဲဒီအက်ိဳးဆက္ ဘယ္သူ႔သက္ေရာက္လဲေမးရင္ တစ္ျပည္လံုး သက္ေရာက္ပါတယ္ပဲ ေျဖရမွာ။ ။

မူရင္း-သန္႔ဇင္ကို

Share0 Shares

Unicode Font ဖြင့်ဖတ်ရန်

Share0 Shares

သိန်းပေါင်း (၆) သောင်းကျော် စုကြေးမဲ လိမ်လည်မှု ဖြစ်စဉ် (အစ/အဆုံး)

၁၀ ရက်ပဲ ကြာမယ် နောက်ဆယ်ရက်နေရင် ၁၀ သိန်းရမယ် အဲဒါကို အခုဝယ်ရင် ၈ သိန်းနဲ့ရမယ်။ အဲလိုလုပ်ကြတာတဲ့။

နောက် ၁၀ ရက်နေရင် သိန်း ၅၀ ရမယ် ခုနေဝယ်ထားရင် ၄၅ သိန်းပဲသွင်းထားရမယ် ။ ခဏစောင့် ပြီးရင် ၅၀ ယူ။ အဲဒါမျိုး။

ဘယ်လိုလူတွေက ဘာကြောင့်လုပ်ဆို အဲဒီမဲဆိုတာတွေရဲ့အစက ကိုယ့်ပိုက်ဆံကိုယ် စုကြတာ။ချစိတီးစု စုတယ်ခေါ်ကြတယ်တဲ့။ တစိနေ့ တစ်သောင်းထည့် လေးသောင်းထည့် တစ်သိန်းထည့် အဲဒါမျိုး အသီးသီးတူရာ နီးစပ်ရာ ဝင်ငွေတူရာ ဈေး ကျောင်း ဆေးလိပ်ခုံ စသည်ဖြင့်ပေါ့ စုကြရာက စတယ်။

ဘာလို့ ဒီလုပ်ငန်းထဲ မိန်းမတွေချည်းဖြစ်နေကြသလဲဆိုတော့ အဲဒီ စုကြေးဆိုတာတွေ မဲဆိုတာတွေရဲ့အစကိုက မိန်းမတွေ ငွေစုရာကနေ စလာခဲ့ကြတာကိ။ုး ကနဦးရည်ရွယ်ချက်ကတော့ ကောင်းသား။ နေ့စဉ်ရတဲ့ လုပ်အားခကလေး၊ နေ့စဉ်ရတဲ့ဝင်ငွေကလေး၊ နေ့စဉ်ရတဲ့ဈေးဖိုးကလေးကို များသောအားဖြင့်တော့ ယောက်ကျားမသိအောင် ငွေစုကြတာ။လုံးလုံးခဲခဲကလေး ပြန်ရတဲ့အခါကြမှ တန်ဖိုးကြီး လိုအပ်တာကလေးတွေပြန်ဝယ်။ အရင်းအနှီးပြန်ထည့်။ အိမ်/ ဆိုင်ငှားခပြန်ပေး။ မိဘထောက်ပံ့ အဲ့သလို လုပ်ကြဖို့ စုကြဆောင်းကြတာ။

အစကတော့ ရိုးရိုးပဲ။ ဒိုင်ကိုင်သူက ပထမဆုံးအလှည့်ကိုယူတယ်ရတယ်။ ဘာ့ကြောင့်ဆိုတော့ အဲဒီအုပ်စုမယ်သူက ခေါင်သူကြီးပေါ့ တာဝန်ခံပေါ့ ခေါင်းခံရတဲ့ အစိတ်အပိုင်းတွေ တာဝန်ယူမှုတွေပါရလို့။

ဘယ်လိုတာဝန်ယူရလဲဆိုတော့ မဲထည့်ကြတဲ့သူတွေဟာ သူသိနေသူတွေပေါ့။ ဝင်ငွေအခြေအနေသိမယ် နောက်ခံရာဇဝင်သိမယ် စီးပွားရေးအခြေအနေသိမယ် စရိုက်တွေ စိတ်ဓာတ်အခြေအနေတွေသိမယ်ပေါ့။

ဘာကို တာဝန်ခံရတာလဲဆိုတော့ စုကြေးငွေကို အဆုံးထိ ပြီးအောင်ထည့်ပေးဖို့၊ ထွက်မပြေးဖို့ တာဝန်ယူရတာ။ နေ့စဉ် စုကြေးပိုက်ဆံကိုရအောင် လိုက်တောင်းရတဲ့ ဒုက္ခကလည်း သေးတော့မသေးဘူး။

အဲဒီလို လူအစုတွေကြားမှာ ရပ်ကွက်ထဲက ကုန်စုံဆိုင်ပိုင်ရှင်ကအစ အရာရှိကတော်အလယ် လုပ်ငန်းရှင်အမျိုးသမီးတွေအဆုံး အမျိုူသမီးထုအလွှာစုံကြီး ပါနေကြတယ်။

စိတ်ရှုပ်ခံရတာတွေရှိလို့အဲဒီအတွက်လည်း စိတ်ညစ်ခံခ ပထမဆုံးအလှည့်ပေးထားတာ။

ပထမဆူံးအလှည့်ရတာများဘာဖြစ်တုန်းဆိုတော့ အတိုးမပေးရပဲ ပိုက်ဆံ သိန်းနဲ့ချီရတော့ စီးပွားရေးထဲ ပြန်လှည့်သုံးကြပြုကြပေါ့လေအဲ့လိုရှိရော။

လူဆယ်ယောက်ဆို တစိယောက် တစ်သိန်းစုရင် ဆယ်သိန်းပေါ့။

ကျန်တဲ့ အလှည့်တွေကြတော့မဲနှိုက်ရတယ်။

မဲနံပါတ် ၂

အဲ့လို နီးရာကနေဝေးရာကို တဖြေးဖြေးဝေးဝေးသွားပြီး ရကြတယ်။

အဲဒီမှာ ရိုးရိုးစုကြေးကို နည်းနည်းဆန်းတဲ့စနစ်ထပ်ပေါ်လာတယ်။

ဘယိလိုဆန်းလာလဲဆိုတော့ A က နံပါတ် ၂ ပေါက်တယ်

B က ၃ ပေါ့

အဲဒီမှာ E က နံပါတ်လေးပဲရတယ် ။ သူက ဟာာာ မဖြစ်ဘူး ငါငွေအရမ်းလိုနေတယ်ပေါ့ နံပါတ်နှစိနေရာ လိုချငိတယ်ပေါ့ A နဲ့လဲမလား တိုက်ရိုက်ညှိကြတာလည်းရှိတယ်။ ငါနင့်ကို အမြတ်ပေးမယ်လေ ငါ့ကို နင့်နံပါတ်လေးပေးပါပေါ့။ အမြတ်ဘာညာက ရောင်းသူဝယ်သူ ကြိုက်ဈေးပေါ့။ A ကငွေမလိုသေးသူဆို သူက အမြတ်လေးယူပြီး နောက်ဆုတ်ပေးလိုက်တာပေါ့။ အဲတော့အရေးပေါ် ငွေသုံးစရာရှိနေတဲ့ E လည်း အဆင်ပြေ A လည်းကျေနပ်သွားရော ။ ဒီအထိ ရိုးရိုးစုကြေးပဲ ဘာမှ ရှုပ်ထွေးတာမပါသေးဘူးပေါ့။

အဲ့မှာ ဘာထပ်ဖြစ်လာလဲဆိုတော့ G တို့ H တို့ကလည်း ဟာာာ မရဘူးလေ ငါတို့လည်းရှေ့တိုးလိုချင်ကြတာပဲ ငါတို့လည်း ပိုက်ဆံလိုတယ်လေ ဖြစ်ရော။ အဲ့တော့ ဒိုင်က အိုခေ အိုခေ အာ့ဆို ဒီလိုလုပ်။ A ရဲ့ အလှည့်ကို နင်တို့ အပြိုင်ဈေးပေးလိုက်ကြ။ A က သူကြိုက်တဲ့သူရောင်းပေးလိမ့်မယ်ပေါ့လေ ဆိုပြီးဈေးကွက်တင်ပေးလိုက်တယ်အလှည့်ကို။ ဒါဟာ လေလံမဲဆိုတာ ဖြစ်လာရော။ ကိုယ့်ပိုက်ဆံကိုယ်တော့ ထည့်ကြတယ်။ အလှည့်နေရာစောစောရဖို့အတွက် ရှေ့နားက စောရတဲ့သူတွေ နေရာအလှည့်ကို အပြိုင်ဈေးပေးဝယ်ကြတာ။ အဲဒါက လေလံမဲတွေရဲ့အစ။

အပြင်မှာ အတိုးကကြီးမယ်အပေါင်မပါရင် မရဘူးဆိုတဲ့ ပြသနာတွေကြားမှာလေလံမဲတွေပါ ဈေးမြှင့်ပေးလာကြရော။

အဲ့မဲစုကြတဲ့သူထဲမှာ ရတယ်အေးဆေးပဲ ငါက ပိုက်ဆံအရေးပေါ်မလိုဘူး ငွေစုသလိုပဲ စုထားချင်တာ တိုးရင်ပြီးတာပဲဆိုတဲ့သူတွေပါလာရော။ သူတို့က ရတယ် တို့က အေးဆေးဆိုပြီးနောက်ဆုံးမှ ယူမယ်ဆိုတာလည်းရှိတယ်။ ရှိတော့ ဘာဖြစ်လဲဆိုတော့ နောက်ဆုံးမှ ယူရင် အမြတ်ဆုံးဆိုတာဖြစ်လာတယ်။ ဘာလို့ဖြစ်လဲဆိုတော့ ရှေ့က ယူတဲ့သူကို နောက်လူနဲ့လဲယူရတဲ့ အမြတ်ကို နှုတ်နှုတ်ပေးလိုက်ရာကနေရတာ။

ဘာလို့အဲလြိုဖြစ်တုန်းဆိုတော့ နောက်ကျ မဲမနှိုက်တော့ဘူး။ မဲနှိုက်ရင် လိုချင်သလို ညှိမရကြဘူးရှုပ်တယ် ဒီအတိုင်းလေလံပစ်မယ်ဆိုပြီးဖြစ်လာရော။ ဒိုင်ကလွဲလို့ ပထမဆုံးယူတဲ့သူ ကို ၁၀ သိန်းအပြည့်မပေးတော့ဘူး နင်က ၈ သိန်းပဲရမယ် ပထမဆုံးနေရာလိုချင်လို့ကတော့ အရှုံးခံရလိမ့်မယ်ပေါ့လေ ဖြစ်ရော။ သူကလည်းပိုက်ဆံလိုနေတော့ အိုခေ အိုခေ ရတယ် ၈ သိန်းရလည်း ကျေနပ်ပါတယ်ပေါ့လေ ဖြစ်ရော။

အဲဒါဆို နံပါတ် ၂ နေရာကို ၉ သိန်းနံပါတ် ၃ နေရာကို ၁၀ သိန်း

နံပါတ် လေးနေရာကို ၁၁ သိန်း

နံပါတ် ၅ က ၁၂ သိန်း စသည်ဖြင့် သတ်မှတ်ထားကြရော။

ရှေ့ဆုံးယူလေရှုံးလေ။ နောက်ဆုံးယူလေ မြတ်လေ။ ဒီအထိက သိပ်ပြသနာမရှိကြဘူး။ စကတည်းက သိသူတွေပဲ လက်ခံကြတာ။ တစ်ရုံးတည်းချင်းတစ်ကျောင်းတည်းချင်း တစ်ရပ်ကွက်တည်းချင်းအဲ့လိုဆိုတော့ ဆုံးရှုံးတာသိပ်မရှိဘူး။ သူကတော့ စီးပွားပျက်သွားလို့ မထည့်နိုင်တော့ဘူးထွက်ပြေးသွားတယ်ဆိုတာရှားတာကိုး။ ပြေးလည်းဒိုင်က စိုက်လျော်ရတယ်။

အဲ့ကနေ အွန်လိုင်းပေါ်ရောက်လာတော့ ဘယ်သူတွေ ဘယ်ဝါတွေမှနိးမသိကြတဲ့သူတွေ စုကြမယ်ဆိုပြီးဖြစ်ရော။ အဲ့အထိလည်း ခုလို mass မဖြစ်သေးဘူးလိမ်တယ်ပြေးတယ်ဆိုလညိးသူ့သူ ကွက်ကွက်ကလေးပေါ့။

အဲ့ကနေ ဘာဖြစ်လာလဲဆိုတော့ မဲရဲ့ ကနဦးဖြစ်တည်မှုဖြစ်တဲ့ ကိုယ့်ပိုက်ဆံကို စိုက်စုကြတယ်ဆိုတဲ့ ကနဦးအစ ဖြစ်တည်မှု ဆိုတာမျိုး အဆင့်ကိုကပါ ပါမလာတော့ဘူး။ ရှိကို မရှိတော့ဘူး။ ဒီအတိုင်း ဘလိုုင်း သက်သက်ကြီး ပိုက်ဆံထည့်ဝင် စုသူ မပါတဲ့ ၊ ရှိကိုမရှိတဲ့ မရှိမဲတွေရောင်းလာကြရော။

ခုပွထနေတဲ့မဲရောင်းသူတွေပေါ့။ဘာဝင်ငွေ ဘာနောက်ခံအလုပ်မှ မရှိဘူး။

ကဲမဲတွေရမယ် မဲတွေရနေပြီလာဝယ်ကြ ။ ခပ်တညိတည်အော်ရောင်းတယ်။ ဟင် ဒီအဖြစ်မျိုးကြီးရှိသလားအဲ့သလိုလုပ်လို့ ရလို့လား မေးရင်ရတယ်လေ ဘာလို့မရရမလဲရလို့မှ ခု သိန်း ၆ သောင်းထိရောင်းရတယ်လေ။

လူတွေရဲ့ လောဘက ဘယ်လောက်ဆင်ခြင်နိုင်စွမ်းမဲ့သလဲဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး။

ကဲလာလာ မဲတွေရမယ်။ မဲတွေရမယ် အော်ရောင်းကြတယ်။

ဘယ်လိုရောင်းလဲဆိုတော့ ကဲ နောက်ဆယ်ရက်နေရင် တစ်သိန်းရမယ် ခုနေဝယ်ရင် ၇ သောင်း၈ သောင်း။အဲ့ကေနနောက် ဆယ်ရက်နေရင် ၁၀ သိန်းရမယ် ခုနေဝယ်ရင် ၈ သိန်း။နောက်ဆယ်ရက်နေရင် သိန်း ၁၀၀ မဲ ခုနေယူရင် ၈၅ သိန်း။

အဲတော့ ဝယ်ကြလားဆို ဝယ်တယ်လေ။ အို ဆယ်ရက်ကလေးနဲ့ ၂ သိန်းတောင်မြတ်မှာ မဝယ်စရာလားပေါ့။

အွန်းးး ဆိုပြီး အဲ့မဲရောင်းတယ်ဆိုတဲ့သူဆီ ပိုက်ဆံတွေအတင်းလွှဲပစ်ကြတာ။

ဟင့် ဘယ်သူမှန်းမသိ ဘယ်ဝါမှနိးမသိ တောင်းပန်ပြီးတောင် လွှဲပစ်ရတာ။ ချစ်မရေ ချစ်မရေ အက်မီမမထည့်ပေးပါမမ ဆိုပြီး။ တောင်းပန်ပြီးပေးကြတာ ( နည်းတဲ့ဝဋ္ဋ်တော့ မဟုတ်ဘူး )

အဲ့ဒိုင်ဆိုသယ့် မမ ကလေးတေက ဘယ်ကဝင်ငွေနဲ့ သူရောင်းထားတဲ့မဲတွေရက်ပြည့်ရင် ပြန်ပေးသလဲ၊ တစ်ကယ် စုနေကြသူတွေလည်း မရှိဘူးလေ။

အဲ့မှာဝင်လာတာက MLM လိုပဲလေ။နောက်လူပိုက်ဆံနဲ့ရှေ့လူကို ပြန်ပြန်လျော်ပေးနေတာ။

တစ်သိန်းကိုလျော်တယ်

၅ သိန်းကိုလျော်တယ်

၁၀ သိန်း သိန်း၁၀၀ လျော်တယ်။

အို မမချစ်မ ချေ့တယ် ထည့်ပေးပါ ထည့်ပေးပါ မတ်မတ် ကယ်ပါ ချေ့တယ်နော်မွမွ အတင်းတွေလွှဲပြိုက်ကြတာ။

သိန်း ၆ သောင်းဖြစ်ချိန် မတ်မတ်ေြ့ပး၏

ဒါပဲ

စကတည်းက ဘယ်က ပိုက်ဆံရှိလို့ လျော်ရမယ်တုန်း။

ပီးရော

မကျေနပ် အရေခွံခွာယူ ယူရုံ။

ပြီးပြီပဲလေ

အစက ပြောပါလားဆို ခုထိထပ်လိမ်လည်းခံကြဦးမှာ ဥစ္စာ။ ဘယ်လိုပြောနားထောင်မတဲ့တုန်း။ ကိုယ့်သဘောနဲ့ကိုယ်။ ကိုယ့်လောဘနဲ့ကိုယ်။ ကိုယ့်ဒေါသတွေနဲ့ကိုယ်။ ကိုယ့်ရွေးခြယ်မှုတွေနဲ့ကိုယ်ပဲလေ ဘယ်လိုလုပ်ပြီး ပြောလို့ ရမတုန်း။

သူတို့ဖြစ်လို့သူတို့ခံရတာအထိ သနားစရာမရှိဘူးဆိုရင်တောင် တစ်ဦးချင်းပမာဏထက်စုစုပေါင်း အဲဒီလို ပမာဏတွေကြတော့ တိုင်းပြည်ထဲ လှည့်ပတ်စီးဆင်းနေတဲ့ငွေကြေးဖြစ်တော့ ငွေစီးဆင်းမှု အရှ်န်ကြီးတစ်ခု တန့်သွားရပ်သွား ဘလော့ခ်ဖြစ်သွားစေတယ်လို့ ကမောက်ကမ ဖြစ်စေတယ်လို့ မြင်ကြည့်ရင် အဲ့လိုကိစ္စတွေအပြီး ဖြစ်လာတဲ့ ငွေကြေးအကြပ်အတည်းနှုန်းတွေမြင်ကြည့်ရင်တော့ တစ်ပြည်လုံးက မဆိုင်သူတွေပါသနားစရာလူတွေ ဖြစ်ကုန်ရောပဲရယ်။

အဲဒီအကျိုးဆက် ဘယ်သူ့သက်ရောက်လဲမေးရင် တစ်ပြည်လုံး သက်ရောက်ပါတယ်ပဲ ဖြေရမှာ။ ။

မူရင်း-သန့်ဇင်ကို

Share0 Shares

Leave a Reply

Your email address will not be published. Required fields are marked *