ကာမ ဘီလူး၊ လူစိတ်မရှိတော့တဲ့ အဖိုးကြီး၊ ကလေးမလေးတွင် ကိုယ်ဝန် ၄ လခန့်ရှိနေ
Zawgyi Font ဖြင့်ဖတ်ရန်
Share0 Shares
ကိုယ်ဝန် ၄ လ ရှိနေပြီးဖြစ်ကြောင်းသိရှိရ၍ သမီးဖြစ်သူအား ချော့မေးရာ မယမင်း (၁၃)နှစ်မှ လွန်ခဲ့သော (၂၀၁၈)ခုနှစ် သင်္ကြန်အပြီး နှစ်ဆန်းနှစ်ရက်နေ့တွင် အိမ်၌ မိဘများ မရှိခိုက် နံနက် ၁၀ နာရီခန့်ချိန်တွင် တစ်ရွာတည်းနေ ဦးရွှေတင်(ခ)ဦးမျောက်ကိုက် (၈၀) နှစ်ရောက်ရှိလာပြီး မယမင်း(၁၃)နှစ်၏ ပါးစပ်ကိုပိတ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့၍ မိဘများအားပြန်မပြောရန်နှင့်ပြန်ပြောလျင် ရဲစခန်းရောက် ပြဿနာဖြစ်မည်ဟု ချိန်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။
Unicode Font
အသက် ၈၀ အရွယ် အဖိုးအိုမှ ၁၃ နှစ်အရွယ် ကလေးမလေးအား သားမယားအကြိမ်ကြိမ်ပြုကျင့်၊ ကလေးမလေးတွင် ကိုယ်ဝန် ၄ လခန့်ရှိ။
မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာနေ ဒေါ်မြင့်မြင့်သည် သမီးဖြစ်သူ မယမင်း (၁၃) နှစ်သည် ယခုရက်ပိုင်း၌ အော့အန်ခြင်း ၊ အချဉ်စားခြင်းများနှင့် ခန္ဓာကိုယ်ပြောင်းလဲ၍ ဗိုက်ပူလာသည်ဟု မသင်္ကာ၍ သမီးဖြစ်သူအားမေးမြန်ရာ တိတိကျကျမပြောသည့်အတွက် ခင်းပွန်းသည်ဖြစ်သူအားတိုင်ပင်၍ မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ ကျန်းမာရေးဆရာမတစ်ဦးထံသမီးဖြစ်သူအားခေါ်ဆောင်၍သွားရောက်စမ်းသပ်ရာ
ကိုယ်ဝန် ၄ လ ရှိနေပြီးဖြစ်ကြောင်းသိရှိရ၍ သမီးဖြစ်သူအား ချော့မေးရာ မယမင်း (၁၃)နှစ်မှ လွန်ခဲ့သော (၂၀၁၈)ခုနှစ် သြင်္ကန်အပြီး နှစ်ဆန်းနှစ်ရက်နေ့တွင် အိမ်၌ မိဘများ မရှိခိုက် နံနက် ၁၀ နာရီခန့်ချိန်တွင် တစ်ရွာတည်းနေ ဦးရွှေတင်(ခ)ဦးမျောက်ကိုက် (၈၀) နှစ်ရောက်ရှိလာပြီး မယမင်း(၁၃)နှစ်၏ ပါးစပ်ကိုပိတ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့၍ မိဘများအားပြန်မပြောရန်နှင့်ပြန်ပြောလျင် ရဲစခန်းရောက် ပြဿနာဖြစ်မည်ဟု ချိန်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။
၎င်းအခင်းဖြစ်ပြီးနောက်ပိုင်းအချိန်တွင် ဦးရွှေတင်(ခ)ဦးမျောက်ကိုက် (၈၀) နှစ်သည် နေအိမ်သို့ အမြဲလိုလိုလာပြီး မိဘများမရှိသည် အချိန်တွင် သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ရာ ကိုယ်ဝန် ၄ လခန့်ရှိသည့်အချိန်မှ မိဘများသိသွား၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ အသက်(၁၃)နှစ်အရွယ်မိန်းကလေးငယ်အား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သော ဦးရွှေတင်(ခ)ဦးမျောက်ကိုက် (၈၀)နှစ်အား မုဒုံမြို့မရဲစခန်း (ပ)၂၅၅၄/၂၀၁၉ အမှုကြီးအမှတ်စဉ် ( ၄/၂၀၁၉) ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်အဖြစ် မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
နစ်နာသူနှင့် မိသားစု အမည်အား လွှဲပြောင်းထားပါသည်။ အမွှာညီနောင်
Share0 Shares
Unicode Font ဖြင့်ဖတ်ရန်
Share0 Shares
အသက် ၈၀ အရွယ် အဖိုးအိုမှ ၁၃ နှစ်အရွယ် ကလေးမလေးအား သားမယားအကြိမ်ကြိမ်ပြုကျင့်၊ ကလေးမလေးတွင် ကိုယ်ဝန် ၄ လခန့်ရှိ
Share0 Shares
Leave a Reply
Your email address will not be published. Required fields are marked *