မွေးကင်းစ သားငယ်လေးနဲ့ ရိုက်ကူးထားတဲ့ မိသားစုလေးယောက်ပုံတွေ တင်လိုက်တဲ့ Marian Rivera

မြန်​မာနိုင်​ငံက ပရိသ​တ်​​တွေက ​ရေသူမ​လေး ဂျက်​စီဘယ်​ဆိုပြီး အချစ်ပိုခဲ့ရတဲ့ ဖိလစ်​ပိုင်​မင်းသမီး​ချော​​လေး Marian Rivera က​တော့ သူမကိုအရမ်းချစ်​တဲ့ ခင်​ပွန်းသည်​ရယ်​ သမီး​ချော​လေးရယ်​နဲ့အတူ ​အောင်​မြင်​​ပျော်​ရွှင်​တဲ့ မိသားစုဘဝကို ဖန်​တီးပုံ​ဖော်​ထားတာပါ။ အခုဆိုရင် သမီးလေးအပြင် နောက်ထပ် သားငယ်လေးတစ်ယောက်ကိုပါ ပိုင်ဆိုင်လိုက်ရပြီဖြစ်တဲ့ Marian က​တော့ မွေးကင်းစ သားငယ်လေးနဲ့ မိသားစုလေးယောက်အတူ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

Ding Dong နဲ့ Marian Rivera တို့ရဲ့သမီးဦးလေး Zia ကိုတော့၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ မွေးဖွားခဲ့ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကတော့ သားငယ်လေး Ziggy ကို မွေးဖွားသန့်စင်ခဲ့တာပါ။ အဲဒီနောက်မှာ အိမ်ထောင်သည်၊ ကလေးတစ်ယောက်မိခင်ဖြစ်သွားပေမယ့်လည်း သူမရဲ့ အလှနဲ့ နာမည်ဂုဏ်သတင်းကတော့ လျော့ကျသွားခြင်းမရှိပဲ ပိုလို့တောင်တိုးလာခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိထားတာကြောင့် သူမတို့ရဲ့ မိသားစုလေးဟာ အစဉ်အမြဲ ဖိလစ်ပိုင်မီဒီယာတွေရဲ့ အာရုံစိုက်စောင့်ကြည့်ခြင်းကို ခံနေခဲ့ရတာ ဖြစ်ပါတယ်။

Marian တို့ မိသားစုလေးရဲ့ပထမဦးဆုံး မိသားစု ဓါတ်ပုံလေးထဲမှာတော့ မွေးကင်စ သားငယ်လေး Ziggy ရဲ့ပုံရိပ်လေးက အရမ်းကို ကြည်လင်ပြီး ချစ်ဖို့ကောင်းလွန်းနေတာပါနော်။

ကြည်​လင်​ရှင်းသန့်​တဲ့ မဟာဆန်​ဆန်​အလှကို ပိုင်​ဆိုင်​ထားတဲ့ Marian က​တော့ ကလေးမွေးပြီးခါစတောင် အရမ်းကိုလှ​နေဆဲမို့ ပိုပိုပြီးအချစ်​​တွေတိုး​နေရတာပါ​နော်​။

ဖိလစ်ပိုင်​​မင်းသမီး​ချော​လေး Marian Rivera က​တော့ ရုပ်​ရှင်​ရိုက်​ရင်း မင်းသား​ချော Ding Dong နဲ့ ဖူးစာဆုံခဲ့ပြီး​နောက်​ ပြီးခဲ့တဲ့ 2014ခုနှစ်​က လက်​ထပ်​မင်္ဂလာပွဲ ဆင်​နွှဲခဲ့ကြပါတယ်​။ သူတို့ဇနီး​မောင်​နှံက​တော့ ရုပ်​သံလိုင်းတစ်ခုမှာ ပြသ​နေတဲ့ “နတ်​သမီး​လေး​ဖော်​” ရုပ်​ရှင်​မှာလည်း ပါဝင်​အားဖြည့်​ သရုပ်​​ဆောင်​ထားပါ​သေးတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ Marian တို့ မိသားစု​လေးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။ Myint Myat Source:Marian Rivera”s Instagram

Leave a Reply

Your email address will not be published. Required fields are marked *