ေထာပတ္သီးကို စားရုံသာမက ဒီလုိေနရာမ်ိဳးေတြမွာပါ အသုံးျပဳႏုိင္ပါတယ္။

Zawgyi Font ျဖင့္ဖတ္ရန္

Sponsored

ေထာပတ္သီးက ကမာၻေပၚမွာ အာဟာရအရွိဆုံးအသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ေထာပတ္သီးက စားရုံသာမက တျခားေနရာေတြမွာပါ အသုံး၀င္ပါတယ္။ စားေပးရင္လည္း အာဟာရရွိေစႏုိင္သလို အသားအေရအတြက္လည္း ေကာင္းေစႏုိင္ပါတယ္။ ေထာပတ္သီးကို အစိမ္းပဲ စားစား ၊ ေဖ်ာ္ရည္ပဲ ေသာက္ေသာက္ ၊ မ်က္နွာလည္း ေပါင္းတင္ေပးႏုိင္ပါတယ္။

(၁) Shaving cream Brightside

ဆုိင္ေတြမွာ ေရာင္းေနတဲ့ Shaving cream ေတြကေတာ့ ဓာတုပစၥည္းေတြ အမ်ားႀကီးပါ၀င္ပါတယ္။ Shaving cream ကို ကုိယ့္တုိင္လုပ္ႏုိင္ပါတယ္။ ေထာပတ္သီးမွာ ဗီတာမင္ A နဲ႕ E တုိ႔ပါတာေၾကာင့္ အသားအေရကို အာဟာရျဖစ္ေစၿပီး ႏူးညံ့ေစပါတယ္။ နည္းလမ္းကေတာ့ – ေထာပတ္သီး (တစ္လုံး) ကို အခံြႏႊာ ၊ တစ္၀က္ခဲြေပးၿပီး အေစ့ကို ထုတ္ေပးပါ။ ေထာပတ္သီးကို အႏွစ္ျဖစ္ေအာင္ ႀကိတ္ေပးပါ။ ရလာတဲ့ အႏွစ္ကို မုတ္ဆိတ္ေမႊးေတြမွာ လိမ္းေပးၿပီး ရိတ္ေပးပါ။ က်န္ေသးတဲ့ အႏွစ္ေတြကို ေရခဲေသတၱာထဲထည့္သိမ္းေပးပါ။

(၂) ႏႈတ္ခမ္းသားႏူးညံ့ေစပါတယ္ brightside Sponsored

ႏႈတ္ခမ္းသားက ပါးလုိ႕ အလြယ္တကူနဲ႕ အေၾကာင္းေတြထလာေစပါတယ္။ ေထာပတ္သီးမွာ oleic acid ပါတာေၾကာင့္ ႏႈတ္ခမ္းသားကို ျပည့္တင္းလာၿပီး ႏူးညံ့လာေစပါတယ္။ နည္းလမ္းကေတာ့ – ေထာပတ္သီး (တစ္၀က္) ၊ သံလြင္ဆီ (လက္ဖက္ရည္ဇြန္း ၁ ဇြန္း) တုိ႕ကို ေရာေမႊေပးပါ။ ဒီအေရာကို ႏႈတ္ခမ္းေပၚလိမ္းေပးၿပီး (၂၅)မိနစ္ေလာက္ထားေပးပါ။ ေရေႏြးနဲ႕ ေဆးေပးပါ ။ တစ္ပတ္ကုိ (၂)ႀကိမ္လုပ္ေပးပါ။

READလူတိုင္းသိထားသင့္တဲ့နွလံုးအားနည္းေရာဂါရဲ႕ေရွ႕ေျပးလကၡဏာ (၇) မ်ိဳး(၃) အေၾကာပ်က္ရာေတြကို ေပ်ာက္ေစႏုိင္တယ္ brightside

သင့္ကို အေၾကာပ်က္ရာေတြက ယုံၾကည္မႈမျဖစ္ေစႏုိင္ပါဘူး။ ေပ်ာက္ဖုိ႕ေစရင္ေတာ့ ဗီတာမင္ C ၊ E ပါ၀င္တဲ့ အသီးေတြကသာ အေၾကာပ်က္ရာေတြကို ေလ်ာ႕သြားေစႏုိင္တာပါ။ နည္းလမ္းကေတာ့ – ေထာပတ္သီး (၁လုံး) ၊ almond oil ( စားပဲြတင္ဇြန္း ၂ ဇြန္း ) တုိ႕ကို ေရာေမႊေပးပါ။ အေၾကာပ်က္ရာေတြရွိတဲ့ ေနရာေတြမွာ လိမ္းေပးႏုိင္ပါတယ္။ (၃၅)မိနစ္ေလာက္ ထားၿပီး ေရေႏြးနဲ႕ ေဆးေပးပါ။ တစ္ပတ္ကို (၂-၃)ႀကိမ္လုပ္ေပးပါ။

(၄) မ်က္ကြင္းညိဳတာေတြကိုကုေပးႏုိင္တယ္ brightside

မ်က္လုံးေအာက္မွာ မ်က္အိတ္ေဖာင္းတာေတြ ၊ မ်က္ကြင္းညိဳတာေတြကေတာ့ ေသြးလည္ပတ္မႈ အားနည္းတာေတြ နဲ႕ မ်က္လုံးေရာင့္ရမ္းတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒီလုိျဖစ္တာေတြကို ဗီတာမင္ A ၊ D ၊ C ၊ B-3 တုိ႕ပါ၀င္တဲ့ ေထာပတ္သီးက ကုသေပးႏုိင္ပါတယ္။ နည္းလမ္းကေတာ့ – ေထာပတ္သီး (တစ္၀က္) ၊ သခြားသီး (၄ စိတ္) တုိ႕ကို ေရာႀကိတ္ေပးပါ။ ေရခဲေသတၱာထဲ (၁)နာရီၾကာသိမ္းထားေပးၿပီး မ်က္လုံးေအာက္ေနရာမွာ (၂၅)မိနစ္ေလာက္ကပ္ေပးပါ။ မနက္တုိ္င္းလုပ္ေပးပါ။

READေမြးဖြားတဲ့ ရာသီခြင္ကိုလိုက္ျပီး သင္ကိုယ္တိုင္မသိဘဲ ပိုင္ဆိုင္ထားတဲ့ထူးျခားခ်က္(၅) Foot scrub brightside

ေျခဖေႏွာင့္ ကဲြတာေတြကို ေထာပတ္သီးနဲ႕ ပြတ္တုိက္ေပးႏုိင္ပါတယ္။ ရလဒ္အေနနဲ႕ကေတာ့ ေျခဖေႏွာင့္ ႏူးညံ့လာေစႏုိင္ပါတယ္။ ေထာပတ္သီး foot scrub ျပဳလုပ္နည္း – ဆား (စားပဲြတင္ဇြန္း ၁ ဇြန္း) ၊ သၾကား (စားပဲြတင္ဇြန္း ၁ ဇြန္း) ၊ essential oil (ႏွစ္စက္) နဲ႕ ေထာပတ္သီး (တစ္၀က္) တုိ႕ကို ေရာေပးပါ။ ေရခ်ိဳးေပးၿပီး ေျခဖေႏွာင့္ကို ေထာပတ္သီး foot scrub နဲ႕ ပြတ္တုိက္ေပးၿပီး (၁၀-၁၅)မိနစ္ေလာက္ ထားေပးပါ။ ေရေႏြးနဲ႕ ေဆးေပးၿပီးရင္ ေျခအိတ္၀တ္ထားေပးပါ။ တစ္ပတ္ကို (၂)ႀကိမ္လုပ္ေပးပါ။

Hannwe Soe

sponsored

Unicode Font ဖြင့်ဖတ်ရန်

Sponsored

ထောပတ်သီးက ကမ္ဘာပေါ်မှာ အာဟာရအရှိဆုံးအသီးတစ်မျိုးပဲဖြစ်ပါတယ်။ ထောပတ်သီးက စားရုံသာမက တခြားနေရာတွေမှာပါ အသုံးဝင်ပါတယ်။ စားပေးရင်လည်း အာဟာရရှိစေနိုင်သလို အသားအရေအတွက်လည်း ကောင်းစေနိုင်ပါတယ်။ ထောပတ်သီးကို အစိမ်းပဲ စားစား ၊ ဖျော်ရည်ပဲ သောက်သောက် ၊ မျက်နှာလည်း ပေါင်းတင်ပေးနိုင်ပါတယ်။

(၁) Shaving cream Brightside

ဆိုင်တွေမှာ ရောင်းနေတဲ့ Shaving cream တွေကတော့ ဓာတုပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။ Shaving cream ကို ကိုယ့်တိုင်လုပ်နိုင်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင် A နဲ့ E တို့ပါတာကြောင့် အသားအရေကို အာဟာရဖြစ်စေပြီး နူးညံ့စေပါတယ်။ နည်းလမ်းကတော့ – ထောပတ်သီး (တစ်လုံး) ကို အခွံနွှာ ၊ တစ်ဝက်ခွဲပေးပြီး အစေ့ကို ထုတ်ပေးပါ။ ထောပတ်သီးကို အနှစ်ဖြစ်အောင် ကြိတ်ပေးပါ။ ရလာတဲ့ အနှစ်ကို မုတ်ဆိတ်မွှေးတွေမှာ လိမ်းပေးပြီး ရိတ်ပေးပါ။ ကျန်သေးတဲ့ အနှစ်တွေကို ရေခဲသေတ္တာထဲထည့်သိမ်းပေးပါ။

(၂) နှုတ်ခမ်းသားနူးညံ့စေပါတယ် brightside Sponsored

နှုတ်ခမ်းသားက ပါးလို့ အလွယ်တကူနဲ့ အကြောင်းတွေထလာစေပါတယ်။ ထောပတ်သီးမှာ oleic acid ပါတာကြောင့် နှုတ်ခမ်းသားကို ပြည့်တင်းလာပြီး နူးညံ့လာစေပါတယ်။ နည်းလမ်းကတော့ – ထောပတ်သီး (တစ်ဝက်) ၊ သံလွင်ဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) တို့ကို ရောမွှေပေးပါ။ ဒီအရောကို နှုတ်ခမ်းပေါ်လိမ်းပေးပြီး (၂၅)မိနစ်လောက်ထားပေးပါ။ ရေနွေးနဲ့ ဆေးပေးပါ ။ တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

READလူတိုင်းသိထားသင့်တဲ့နှလုံးအားနည်းရောဂါရဲ့ရှေ့ပြေးလက္ခဏာ (၇) မျိုး(၃) အကြောပျက်ရာတွေကို ပျောက်စေနိုင်တယ် brightside

သင့်ကို အကြောပျက်ရာတွေက ယုံကြည်မှုမဖြစ်စေနိုင်ပါဘူး။ ပျောက်ဖို့စေရင်တော့ ဗီတာမင် C ၊ E ပါဝင်တဲ့ အသီးတွေကသာ အကြောပျက်ရာတွေကို လျော့သွားစေနိုင်တာပါ။ နည်းလမ်းကတော့ – ထောပတ်သီး (၁လုံး) ၊ almond oil ( စားပွဲတင်ဇွန်း ၂ ဇွန်း ) တို့ကို ရောမွှေပေးပါ။ အကြောပျက်ရာတွေရှိတဲ့ နေရာတွေမှာ လိမ်းပေးနိုင်ပါတယ်။ (၃၅)မိနစ်လောက် ထားပြီး ရေနွေးနဲ့ ဆေးပေးပါ။ တစ်ပတ်ကို (၂-၃)ကြိမ်လုပ်ပေးပါ။

(၄) မျက်ကွင်းညိုတာတွေကိုကုပေးနိုင်တယ် brightside

မျက်လုံးအောက်မှာ မျက်အိတ်ဖောင်းတာတွေ ၊ မျက်ကွင်းညိုတာတွေကတော့ သွေးလည်ပတ်မှု အားနည်းတာတွေ နဲ့ မျက်လုံးရောင့်ရမ်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာတွေကို ဗီတာမင် A ၊ D ၊ C ၊ B-3 တို့ပါဝင်တဲ့ ထောပတ်သီးက ကုသပေးနိုင်ပါတယ်။ နည်းလမ်းကတော့ – ထောပတ်သီး (တစ်ဝက်) ၊ သခွားသီး (၄ စိတ်) တို့ကို ရောကြိတ်ပေးပါ။ ရေခဲသေတ္တာထဲ (၁)နာရီကြာသိမ်းထားပေးပြီး မျက်လုံးအောက်နေရာမှာ (၂၅)မိနစ်လောက်ကပ်ပေးပါ။ မနက်တိုင်းလုပ်ပေးပါ။

READမွေးဖွားတဲ့ ရာသီခွင်ကိုလိုက်ပြီး သင်ကိုယ်တိုင်မသိဘဲ ပိုင်ဆိုင်ထားတဲ့ထူးခြားချက်(၅) Foot scrub brightside

ခြေဖနှောင့် ကွဲတာတွေကို ထောပတ်သီးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ခြေဖနှောင့် နူးညံ့လာစေနိုင်ပါတယ်။ ထောပတ်သီး foot scrub ပြုလုပ်နည်း – ဆား (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ သကြား (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ essential oil (နှစ်စက်) နဲ့ ထောပတ်သီး (တစ်ဝက်) တို့ကို ရောပေးပါ။ ရေချိုးပေးပြီး ခြေဖနှောင့်ကို ထောပတ်သီး foot scrub နဲ့ ပွတ်တိုက်ပေးပြီး (၁၀-၁၅)မိနစ်လောက် ထားပေးပါ။ ရေနွေးနဲ့ ဆေးပေးပြီးရင် ခြေအိတ်ဝတ်ထားပေးပါ။ တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

Hannwe Soe

sponsored

Leave a Reply

Your email address will not be published. Required fields are marked *