လက်စတာ၊ မန်ယူ၊ စပါးတို့ အပြိုင်လုရမယ့် ဘယ်ဂျီယံကြယ်ပွင့်

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လက်စတာ၊ မန်ယူ၊ စပါးအသင်းတို့ဟာ ဘယ်ဂျီယံလက်ရွေးစင်ကြယ်ပွင့်ကစားမားတိုင်လီမန်စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။ တိုင်လီမန်စ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအ ပြောင်းအရွှေ့ဟာ ပြင်သစ်ကလပ်မိုနာကို အသင်းကနေ လက်စတာကို အငှားနဲ့ပြောင်းရွှေ့ကစားခဲ့သူပါ။ တိုင်လီမန်စ်ဟာ လက်စတာအသင်းမှာ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲပါဝင်ကစားကာ ၃ ဂိုးသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒါကြောင့် လက်စတာအသင်းဟာ တိုင်လီမန်စ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်ယူ၊ စပါးအသင်းတို့ကလည်း သူတို့ရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ရန်တိုင်လီမန်စ်ကို ခေါ်ယူဖို့ စိတ်ဝင် စားနေလို့ လက်စတာဟာ တိုင်လီမန်စ်ကို ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေပါတယ်။

တိုင်လီမန်စ်ကို ခေါ်ယူချင်တဲ့အသင်းတွေကတော့ ပေါင်သန်း ၄၀ နဲ့ခေါ်ယူနိုင်မှာပါ။ တိုင်လီမန်စ်ဟာ သူ့အနေနဲ့ လာမယ့်နွေရာသီမှာ မိုနာကိုအသင်းကိုပြန်မှာဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့ကို မစဉ်းစားနိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လက်စတာနည်းပြရော်ဂျာဟာ တိုင်လီမန်စ်ကို အသင်းမှာဆက်ရှိဖို့ ဆန္ဒပြင်းပြနေတာကြောင့် တိုင်လီမန်စ်ဟာ အနာဂတ်ဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါ့အပြင် စပါး၊ မန်ယူအသင်းတို့ကသာ တရား ၀င်ကမ်းလှမ်းလာခဲ့ရင်လည်း တိုင်လီမန်စ်အနေနဲ့ ငြင်းဆန်ဖို့ ခက်ခဲလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

မိဘတွေ ဘေးနားရှိနေချိန်မှာ မကြည့်ရှုသင့်တဲ့ ကိုရီးယားဒရမ်မာတွေရဲ့ အနမ်းဇာတ်ဝင်ခန်းများ

ဒါကြောင့် တိုင်လီမန်စ်အနေနဲ့ မိုနာကိုမှာပဲ ဆက်နေမလား။ ဒါမှမဟုတ် လက်စတာ၊ မန်ယူ၊ စပါး ၃ သင်းထဲက ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ အသက် ၂၂ နှစ်အရွယ်ရှိ တိုင်လီမန်စ်ဟာ ဘယ်ဂျီယံကလပ်အန်ဒါးလက်ခ်ျက အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကစားသမားဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာမိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့သူပါ။ တိုင်လီမန်စ်ဟာ ဘယ်ဂျီယံလက်ရွေးစင်အသင်းမှာတော့ ၂၀၁၆ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး ၂၁ ပွဲကစားကာ ၁ ဂိုးသွင်းယူထားပေးခဲ့ပါတယ်။ Ref Daily Mail Oz11(မိုမိုလေး)

Leave a Reply

Your email address will not be published. Required fields are marked *