ဆံပင္ကၽြတ္တာရပ္ၿပီး ဆံသားထူထူေလး ျပန္ျဖစ္လာေစမယ့္ လွ်ိဳ႕ဝွက္ခ်က္ (၈) မ်ိဳး

Zawgyi Font ျဖင့္ဖတ္ရန္

Sponsored

ပ်ိဳေမတို႕အလွအပမွာ ဆံပင္အလွကလည္း အရမ္းကို အေရးပါတဲ့အခ်က္ပါ။ ဆံပင္ေျဖာင့္တာ၊ ေကာက္တာ၊ ေဆးဆိုးတာေတြလုပ္ျပီး ဆံပင္ပ်က္စီးေနရင္ ဆံပင္သားေကာင္းေကာင္းေလးေတြရဖုိ႕အခ်ိန္ေတြအၾကာၾကီး ျပန္ေစာင့္ရပါတယ္။ အဲ့ဒီလိုအခ်ိန္ေတြအၾကာၾကီးမေစာင့္ရဘဲ ဆံပင္သားေတြကို အျမန္ဆံုး ျပန္္ေကာင္းသြားေစမယ့္၊ ဆံပင္ေတြကြ်တ္ေနတာကိုရပ္တန္္႔ျပီး အခ်ိန္္တိုအတြင္း ျပန္ထူထဲလာေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေဗာက္မထေအာင္ ဂရုစိုက္ပါ

ဆံပင္သားေကာငး္ဖို႕ဆို ဦးေရျပားက်န္္းမာဖို႕လိုပါတယ္။ ဦးေရျပားက်န္းမာေရးေကာင္းဖို႕ဆိုရင္ေတာ့ ေဗာက္မထေအာင္ဂရုစိုက္လိုက္ရံုပါပဲ။ ေဗာက္မထခ်င္ရင္ေတာ့ ဦးေရျပားမေျခာက္ေသြ႕ေအာင္ထားဖို႕လိုတာေၾကာင့္ salicylic acid မပါတဲ့ ေခါင္းေလွ်ာ္ရည္ကိုပဲသံုးေပးပါ။ သဘာ၀နည္းလမ္းနဲ႕ ဦးေရျပားသန္႕စင္ခ်င္ရင္ေတာ့ သံပရိုသီးျခမ္းနဲ႕ဦးေရျပားကိုပြတ္ေပးျပီး ေခါင္းေလွ်ာ္ေပးရမွာပါ။ ဒါဆို ေဗာက္ေတြေပ်ာက္သြားျပီး ထပ္မျဖစ္ေအာင္လည္း တားဆီးေပးနိုင္ပါတယ္။

(၂) ဦးေရျပားကိုနွိပ္နယ္ေပးပါ

shutterstock Sponsored

ညဘက္အိပ္ရာမ၀င္ခင္မွာ ဦးေရျပားနဲ႕ဆံပင္အနွံ႕ကို ဆီတစ္မ်ိဳးမ်ိဳးလိမ္းေပးျပီး ဦးေရျပားကိုနွိပ္နယ္ေပးပါ။ အဲ့ဒီလုိလုပ္ျပီး ေနာက္ေန႕မနက္မွာ ေခါင္းေလွ်ာ္ေပးမယ္ဆိုရင္ ဆံပင္ကြ်တ္တာကိုသက္သာေစပါတယ္။

(၃) ေခါင္းခဏခဏမေလွ်ာ္ပါနဲ႕

မၾကာခဏေခါင္းေလွ်ာ္တာက ဦးေရျပားနဲ႕ ဆံပင္သားကိုေျခာက္ေသြ႕ေစတာေၾကာင့္ ေဗာက္ထတာ ၊ ဆံပင္ေတြအလယ္ကျပတ္တာ၊ အဖ်ားနွစ္ခြျဖစ္တာေတြျဖစ္ေစနိုင္ပါတယ္။

(၄) အပူေပးကိရိယာေတြကိုေလွ်ာ့သံုးပါ

shutterstock

Hair dryer ၊ ဆံပင္ေျဖာင့္စက္၊ ေကာက္စက္ေတြကို အျမဲတမ္းသံုးေနမယ္ဆိုရင္ ၾကလာေတာ့ဆံပင္ေတြလံုး၀ပ်က္စီးသြားပါလိမ့္မယ္။ ဒါေၾကာင့္ ဆံပင္မကြ်တ္ခ်င္ဘူး၊ ဆံပင္ေတြထူခ်င္တယ္ဆိုရင္ အဲ့ဒါေတြကို ေလွ်ာ့သံုးပါ။

READအဆင့္အတန္းရွိတဲ့မိန္းကေလးေတြ ဘယ္ေတာ့မွမဝတ္တဲ့ အဝတ္အစားပံုစံ (၅) မ်ိဳး

(၅) သင့္တင့္တဲ့ဗီတာမင္စားသံုးေပးပါ

ဆံပင္ေတြရွင္သန္ဖို႕အတြက္ ဗီတာမင္ ဘီအုပ္စု၊ အိုမီဂါသရီး တို႕လိုအပ္ပါတယ္။ အဲ့ဒါေတြ ကိုစားေပးမယ္ဆိုရင္ ဆံပင္ေတြထူထဲလာပါလိမ့္မယ္။

(၆) ေရစိုေနတဲ့အခ်ိန္ေခါငး္လံုး၀မျဖီးပါနဲ႕

shutterstock

ဆံပင္ကြ်တ္တာရပ္ျပီး ဆံပင္ထူခ်င္တယ္ဆိုရင္ ေခါင္းေလွ်ာ္ထားတဲ့ ေရစိုဆံပင္ေတြကို လံုး၀မျဖီးပါနဲ႕။ ေရစိုေနတဲ့ဆံပင္ေတြကို ျဖီးလိုက္မယ္ဆိုရင္ ဆံပင္ေတြပိုကြ်တ္လာျပီး အလယ္ကေနျပတ္ထြက္တာလည္းျဖစ္နိုင္တာေၾကာင့္ ဆံပင္ေတြနဂိုထက္ပါးသြားပါလိမ့္မယ္။

(၇) အပူနဲ႕ထိေတြ႕တဲ့အခါကာကြယ္ပါ

ပ်ိဳေမတို႕အေနနဲ႕ ဆံပင္ေျဖာင့္စက္၊ေကာက္စက္၊ hair dryer ေတြသံုးမွျဖစ္မယ္ဆိုရင္လည္း အပူဒဏ္ကိုကာကြယ္ေပးမယ့္ ဆီ ဒါမွမဟုတ္ Gel တစ္မ်ိဳးမ်ိဳးကိုလိမ္းေပးသင့္ပါတယ္။

(၈) ေရအလံုအေလာက္ေသာက္ပါ

shutterstock

ခႏၶာကုိယ္ေရဓာတ္အလံုအေလာက္ရရွိမွ ဆံပင္ေတြလည္းေကာင္းေကာင္း ရွင္သန္နိုင္မွာပါ။ ဒါေၾကာင့္ တစ္ေန႕တာအတြက္ ေရအလံုအေလာက္ေသာက္ဖို႕လိုပါတယ္။

MAY THAZINHTOO

sponsored

Unicode Font ဖြင့်ဖတ်ရန်

Sponsored

ပျိုမေတို့အလှအပမှာ ဆံပင်အလှကလည်း အရမ်းကို အရေးပါတဲ့အချက်ပါ။ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆေးဆိုးတာတွေလုပ်ပြီး ဆံပင်ပျက်စီးနေရင် ဆံပင်သားကောင်းကောင်းလေးတွေရဖို့အချိန်တွေအကြာကြီး ပြန်စောင့်ရပါတယ်။ အဲ့ဒီလိုအချိန်တွေအကြာကြီးမစောင့်ရဘဲ ဆံပင်သားတွေကို အမြန်ဆုံး ပြန်ကောင်းသွားစေမယ့်၊ ဆံပင်တွေကျွတ်နေတာကိုရပ်တန့််ပြီး အချိန်တိုအတွင်း ပြန်ထူထဲလာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗောက်မထအောင် ဂရုစိုက်ပါ

ဆံပင်သားကောင်းဖို့ဆို ဦးရေပြားကျန်းမာဖို့လိုပါတယ်။ ဦးရေပြားကျန်းမာရေးကောင်းဖို့ဆိုရင်တော့ ဗောက်မထအောင်ဂရုစိုက်လိုက်ရုံပါပဲ။ ဗောက်မထချင်ရင်တော့ ဦးရေပြားမခြောက်သွေ့အောင်ထားဖို့လိုတာကြောင့် salicylic acid မပါတဲ့ ခေါင်းလျှော်ရည်ကိုပဲသုံးပေးပါ။ သဘာဝနည်းလမ်းနဲ့ ဦးရေပြားသန့်စင်ချင်ရင်တော့ သံပရိုသီးခြမ်းနဲ့ဦးရေပြားကိုပွတ်ပေးပြီး ခေါင်းလျှော်ပေးရမှာပါ။ ဒါဆို ဗောက်တွေပျောက်သွားပြီး ထပ်မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။

(၂) ဦးရေပြားကိုနှိပ်နယ်ပေးပါ

shutterstock Sponsored

ညဘက်အိပ်ရာမဝင်ခင်မှာ ဦးရေပြားနဲ့ဆံပင်အနှံ့ကို ဆီတစ်မျိုးမျိုးလိမ်းပေးပြီး ဦးရေပြားကိုနှိပ်နယ်ပေးပါ။ အဲ့ဒီလိုလုပ်ပြီး နောက်နေ့မနက်မှာ ခေါင်းလျှော်ပေးမယ်ဆိုရင် ဆံပင်ကျွတ်တာကိုသက်သာစေပါတယ်။

(၃) ခေါင်းခဏခဏမလျှော်ပါနဲ့

မကြာခဏခေါင်းလျှော်တာက ဦးရေပြားနဲ့ ဆံပင်သားကိုခြောက်သွေ့စေတာကြောင့် ဗောက်ထတာ ၊ ဆံပင်တွေအလယ်ကပြတ်တာ၊ အဖျားနှစ်ခွဖြစ်တာတွေဖြစ်စေနိုင်ပါတယ်။

(၄) အပူပေးကိရိယာတွေကိုလျှော့သုံးပါ

shutterstock

Hair dryer ၊ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေကို အမြဲတမ်းသုံးနေမယ်ဆိုရင် ကြလာတော့ဆံပင်တွေလုံးဝပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် ဆံပင်မကျွတ်ချင်ဘူး၊ ဆံပင်တွေထူချင်တယ်ဆိုရင် အဲ့ဒါတွေကို လျှော့သုံးပါ။

READအဆင့်အတန်းရှိတဲ့မိန်းကလေးတွေ ဘယ်တော့မှမဝတ်တဲ့ အဝတ်အစားပုံစံ (၅) မျိုး

(၅) သင့်တင့်တဲ့ဗီတာမင်စားသုံးပေးပါ

ဆံပင်တွေရှင်သန်ဖို့အတွက် ဗီတာမင် ဘီအုပ်စု၊ အိုမီဂါသရီး တို့လိုအပ်ပါတယ်။ အဲ့ဒါတွေ ကိုစားပေးမယ်ဆိုရင် ဆံပင်တွေထူထဲလာပါလိမ့်မယ်။

(၆) ရေစိုနေတဲ့အချိန်ခေါင်းလုံးဝမဖြီးပါနဲ့

shutterstock

ဆံပင်ကျွတ်တာရပ်ပြီး ဆံပင်ထူချင်တယ်ဆိုရင် ခေါင်းလျှော်ထားတဲ့ ရေစိုဆံပင်တွေကို လုံးဝမဖြီးပါနဲ့။ ရေစိုနေတဲ့ဆံပင်တွေကို ဖြီးလိုက်မယ်ဆိုရင် ဆံပင်တွေပိုကျွတ်လာပြီး အလယ်ကနေပြတ်ထွက်တာလည်းဖြစ်နိုင်တာကြောင့် ဆံပင်တွေနဂိုထက်ပါးသွားပါလိမ့်မယ်။

(၇) အပူနဲ့ထိတွေ့တဲ့အခါကာကွယ်ပါ

ပျိုမေတို့အနေနဲ့ ဆံပင်ဖြောင့်စက်၊ကောက်စက်၊ hair dryer တွေသုံးမှဖြစ်မယ်ဆိုရင်လည်း အပူဒဏ်ကိုကာကွယ်ပေးမယ့် ဆီ ဒါမှမဟုတ် Gel တစ်မျိုးမျိုးကိုလိမ်းပေးသင့်ပါတယ်။

(၈) ရေအလုံအလောက်သောက်ပါ

shutterstock

ခန္ဓာကိုယ်ရေဓာတ်အလုံအလောက်ရရှိမှ ဆံပင်တွေလည်းကောင်းကောင်း ရှင်သန်နိုင်မှာပါ။ ဒါကြောင့် တစ်နေ့တာအတွက် ရေအလုံအလောက်သောက်ဖို့လိုပါတယ်။

MAY THAZINHTOO

sponsored

Leave a Reply

Your email address will not be published. Required fields are marked *