ကား႐ိုက္မ႐ွိလို႔ကေလးစရိတ္ေတာင္အဆင္မေျပဘူးဆိုတဲ့ ႏိႈင္းယွဥ္ျမင့္မိုရ္

Zawgyi Font ျဖင့္ဖတ္ရန္

ျမန္မာဗီဒီယိုဇာတ္လမ္းေတြထဲမွာ ဇာတ္ပို႔အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့ၿပီးအခုခ်ိန္မွာ ဗီဒီယိုေစ်းကြက္ယိုယြင္းလာမႈဒဏ္ေတြကို ခံေနရတဲ့သူေတြထဲကတစ္ေယာက္ျဖစ္တဲ့ ႏိႈင္းယွဥ္ျမင့္မိုရ္တစ္ေယာက္ကိုေတာ့သိၾကမယ္ထင္ပါတယ္။ သူက Cele Gabar နဲ႔အင္တာဗ်ဴးတစ္ခုမွာ သူႀကံုေတြေနရတဲ့ ဘဝျဖတ္သန္းမႈအေျခအေနေတြကိုေျပာျပသြားပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြကို သိေအာင္ေျပာျပေပးလိုက္ပါတယ္။

လတ္တေလ အႏုပညာလႈပ္႐ွားမႈေတြကို “ ဘာမွမ႐ိွပါဘူး ။မေန႔ကမွက်ိဳက္ထိုက ေဖ်ာ္ေျဖၿပီးျပန္လာတာပါ။ က်ိဳက္ထို႐ိုး႐ိုးေလး ဟိုတယ္ပိုင္႐ွင္ရဲ႕ ရဟန္းခံ႐ွင္ျပဳပြဲေပ့ါေနာ္ ကိုႀကီးခင္လိွဳင္တို႔အဖြဲ႔နဲ႔ အိမ့္ခ်စ္တို႔ ကိုဟဲေလးတို႔နဲ႔ ခ်စ္ငယ္တို႔နဲ ႔သီခ်င္းဆိုၿပီးေတာ့ ျပန္လာတာပါ။”လို႔ေျပာျပသြားတဲ့အျပင္ ဗီဒီယို ေစ်းကြက္ပ်က္သြားတာနဲ႔ပတ္သက္ၿပီးႀကံဳေတြေနရတဲ့အေျခအေနေတြကိုလည္း “ အနည္းငယ္အခက္အခဲမဟုတ္ဘူး ။အရမ္းႀကီးကို အခက္အခဲျဖစ္ေနတာ သိသေလာက္ေတာ့ ။ ဒါေပမဲ့ တခ်ိဳ႕စက္အဖြဲ႔ေတြ က်ေတာ့လည္း ျမင္ခဲ့တာ ဇာတ္လမ္းတြဲေတြဘာေတြမွာ ျပန္လုပ္ေနတယ္။ သူတို႔ကိုေတြ႔လိုက္ေတာ့ စိတ္ေအးသြားတယ္ေပါ။တခ်ိဳ႕အဆင္မေျပတဲ့သူေတြလည္း႐ိွပါတယ္။ ဇာတ္ပို႔ဇာတ္ရန္ေတြ ၊ လူၾကမ္းေတြ အရမ္းကို တိုင္ေတြပတ္ေနၾကတယ္။ ဘာအလုပ္မွာလဲမ႐ိွၾကဘူး ။အဲ့ဒီလိုမ်ိဳးေတြျဖစ္ေနတယ္လို႔သတင္းၾကားတယ္။ သမီးကိုယ္တိုင္လည္းအခက္အခဲေတြျဖစ္ေနတယ္။

ကေလးေက်ာင္းစရိတ္ေတြနဲ႔တလတလ ေပါအဲ့ဒီလိုမ်ိဳးအိမ္လခေတြနဲ႔ ျဖစ္ေနတယ္ေပါ့ ။အဲ့ဒီလိုမ်ိဳးေတြျဖစ္ေနတယ္ဆိုေတာ့ သမီးတို႔စိတ္ထဲမွာသမီးတို႔ေလာကႀကီးအဲ့ေလာက္ႀကီးျဖစ္သြားလိမ့္မယ္လို႔ သမီးတို့မထင္ထားဘူးေပါ့ ။ သမီးကိုေျပာတယ္။နင္တို႔ဘာလို႔ မစုခဲ့မေဆာင္းခဲ့တာလဲ အရမ္းရယ္ခ်င္ပါတယ္။ သမီးတို႔ဘယ္ေလာက္ရလို႔လဲလို႔ စုရေအာင္ေလ။ ကေလးစရိတ္ ၊ အိမ္စရိတ္ေတြနဲ႔သမီးတို႔ရတာေလးနဲ႕က ကြက္တိေတာင္မက်ဘူး လိုေတာင္လိုေနေသးတယ္။ အဆမတန္လည္းကြာတယ္။ အဲ့ဒီအတြက္ကို ဒါေပမယ့္ေက်နပ္တယ္။ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကို လုပ္ေနရတဲ့အတြက္ေပါ့ေနာ္။ ဒါေပမယ့္ဒီလိုမ်ိဳးႀကီး ကိုယ့္ေလာကႀကီးရပ္သြားမယ္လို႔ ပ်က္သြားမယ္လို႔ေတာ့မထင္ဘူးေပါ့ ။အခုေတာ့ႏိႈင္းယွဥ္ကေတာ့ ဒီကား႐ိုက္မ႐ိွတဲ့အခ်ိန္ဆိုသီခ်င္းဆိုတတ္ေနေတာ့ပြဲေလးေတြေတာ့ဆိုျဖစ္ေနပါတယ္။ တစ္ခုမဟုတ္ကေတာ့ တက္နဲ႔မရလည္း လက္နဲ႔ေလွာ္ရမယ့္အေျခအေနျဖစ္ေနၿပီ ”ဆိုၿပီးေျပာျပသြားပါတယ္။

Unicode Font ဖြင့်ဖတ်ရန်

မြန်မာဗီဒီယိုဇာတ်လမ်းတွေထဲမှာ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်ခဲ့ပြီးအခုချိန်မှာ ဗီဒီယိုဈေးကွက်ယိုယွင်းလာမှုဒဏ်တွေကို ခံနေရတဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်တစ်ယောက်ကိုတော့သိကြမယ်ထင်ပါတယ်။ သူက Cele Gabar နဲ့အင်တာဗျူးတစ်ခုမှာ သူကြုံတွေနေရတဲ့ ဘဝဖြတ်သန်းမှုအခြေအနေတွေကိုပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေကို သိအောင်ပြောပြပေးလိုက်ပါတယ်။

လတ်တလေ အနုပညာလှုပ်ရှားမှုတွေကို “ ဘာမှမရှိပါဘူး ။မနေ့ကမှကျိုက်ထိုက ဖျော်ဖြေပြီးပြန်လာတာပါ။ ကျိုက်ထိုရိုးရိုးလေး ဟိုတယ်ပိုင်ရှင်ရဲ့ ရဟန်းခံရှင်ပြုပွဲပေ့ါနော် ကိုကြီးခင်လှိုင်တို့အဖွဲ့နဲ့ အိမ့်ချစ်တို့ ကိုဟဲလေးတို့နဲ့ ချစ်ငယ်တို့နဲ့သီချင်းဆိုပြီးတော့ ပြန်လာတာပါ။”လို့ပြောပြသွားတဲ့အပြင် ဗီဒီယို ဈေးကွက်ပျက်သွားတာနဲ့ပတ်သက်ပြီးကြုံတွေနေရတဲ့အခြေအနေတွေကိုလည်း “ အနည်းငယ်အခက်အခဲမဟုတ်ဘူး ။အရမ်းကြီးကို အခက်အခဲဖြစ်နေတာ သိသလောက်တော့ ။ ဒါပေမဲ့ တချို့စက်အဖွဲ့တွေ ကျတော့လည်း မြင်ခဲ့တာ ဇာတ်လမ်းတွဲတွေဘာတွေမှာ ပြန်လုပ်နေတယ်။ သူတို့ကိုတွေ့လိုက်တော့ စိတ်အေးသွားတယ်ပေါ။တချို့အဆင်မပြေတဲ့သူတွေလည်းရှိပါတယ်။ ဇာတ်ပို့ဇာတ်ရန်တွေ ၊ လူကြမ်းတွေ အရမ်းကို တိုင်တွေပတ်နေကြတယ်။ ဘာအလုပ်မှာလဲမရှိကြဘူး ။အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်လို့သတင်းကြားတယ်။ သမီးကိုယ်တိုင်လည်းအခက်အခဲတွေဖြစ်နေတယ်။

ကလေးကျောင်းစရိတ်တွေနဲ့တလတလ ပေါအဲ့ဒီလိုမျိုးအိမ်လခတွေနဲ့ ဖြစ်နေတယ်ပေါ့ ။အဲ့ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတော့ သမီးတို့စိတ်ထဲမှာသမီးတို့လောကကြီးအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့ သမီးတို့မထင်ထားဘူးပေါ့ ။ သမီးကိုပြောတယ်။နင်တို့ဘာလို့ မစုခဲ့မဆောင်းခဲ့တာလဲ အရမ်းရယ်ချင်ပါတယ်။ သမီးတို့ဘယ်လောက်ရလို့လဲလို့ စုရအောင်လေ။ ကလေးစရိတ် ၊ အိမ်စရိတ်တွေနဲ့သမီးတို့ရတာလေးနဲ့က ကွက်တိတောင်မကျဘူး လိုတောင်လိုနေသေးတယ်။ အဆမတန်လည်းကွာတယ်။ အဲ့ဒီအတွက်ကို ဒါပေမယ့်ကျေနပ်တယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေရတဲ့အတွက်ပေါ့နော်။ ဒါပေမယ့်ဒီလိုမျိုးကြီး ကိုယ့်လောကကြီးရပ်သွားမယ်လို့ ပျက်သွားမယ်လို့တော့မထင်ဘူးပေါ့ ။အခုတော့နှိုင်းယှဉ်ကတော့ ဒီကားရိုက်မရှိတဲ့အချိန်ဆိုသီချင်းဆိုတတ်နေတော့ပွဲလေးတွေတော့ဆိုဖြစ်နေပါတယ်။ တစ်ခုမဟုတ်ကတော့ တက်နဲ့မရလည်း လက်နဲ့လှော်ရမယ့်အခြေအနေဖြစ်နေပြီ ”ဆိုပြီးပြောပြသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *