အေမ့အတြက္နဲ႔ သရုပ္ေဆာင္အလုပ္ေတြကို စြန္႔လြတ္လိုက္ရတဲ့ မိုးေဟကို

Zawgyi Font ျဖင့္ဖတ္ရန္

တည္တည္ျငိမ္ျငိမ္ရင့္ရင့္က်က္က်က္ နဲ႔ လက္ရွိခ်ိန္ထိကို လွပေနေသးတဲ့ မင္းသမီးတေယာက္ကို ျပပါဆိုရင္ေတာ့ မိုးေဟကို ကိုျပရမွာပါ။ လူတိုင္းလည္း အၾကိဳက္ထပ္တူက်တဲ့ မင္းသမီးတလက္ျဖစ္ျပီး အျမဲတမ္း စမတ္က်ေနတဲ့ မင္းသမီးမိုးေဟကိုကေတာ့ ယခုေနာက္ပိုင္းမွာ အႏုပညာေလာကနဲ႔ အဆက္သြယ္ျပတ္ေနတာ ေတာ္ေတာ္ၾကာေနတာကို သတိထားမိၾကမွာပါ။ အေၾကာင္းကေတာ့ မင္းသမီး မိုးေဟကို အေနနဲ႔ အသက္အရြယ္အရ က်န္းမာေရးမေကာင္းတဲ့ မိခင္ကို ျပဳစုရင္း အခ်ိန္ေပးေနရတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မိုးေဟကုိကေတာ့ အႏုပညာေတြ မလုပ္ရေပမယ့္လည္း သူ႔ရဲ့ မိခင္ကို ျပဳစုေနရတာေၾကာင့္ အႏုပညာလုပ္ခြင့္မရလည္း ဝမ္းသာပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မိုးေဟကုိကေတာ့ “အိမ္မွာရွိတဲ့ ရက္မ်ိဳးဆိုရင္ အေမ့နားမွာေနတယ္။ အမေစာေစာ ထရင္ေတာင္ အေမကုိ မ်က္ႏွာေတြဘာေတြ သစ္ေပးတယ္။ တူတူမနက္စာစားတယ္။ အေမသြားခ်င္တဲ့ေနရာေလးကို လိုက္ပို႔ေပးတယ္။ အေမက မိသားစုကို ဘယ္ေတာ့မွ အပူပင္မေပးပါဘူး”

မင္းသမီး စ လုပ္ေတာ့အေမက ဘယ္လိုပံ့ပိုးေပးခဲ့လဲဆိုတဲ့ အေပၚမွာ “ပ့ံပိုးေပးတယ္။ အစအဆံုး စားတာသံုးတာ အဝတ္စား ေနတာထိုင္တာ ေျပာတာဆိုတာကအစ သြန္သင္ဆံုးမေပးခဲ့ပါတယ္။ ငယ္ငယ္တုန္းက ကိုယ္ကေတာ့ အဝတ္စားေတြ ေလ်ာက္ဝတ္တာေပါ့။ အေမက အျမဲတမ္းေရွ႔ကေန ပင္ပန္းခံျပီးေတာ့ ဦးေဆာင္ေပးပါတယ္”

အကယ္ဒမီေပးပြဲေတြ မတတ္ခဲ့တာနဲ႔ ပတ္သက္ျပီး “အမ ရုပ္ရွင္ထုတ္လုပ္ေရးေတြေရာ ရိုက္ကူးေရးေတြေရာ ပြဲေတြကို အားလံုးကို ဖယ္ထားျပီးေတာ့ အေမနားမွာပဲ ေနေပးခဲ့တယ္။ အမ မခြဲစိတ္ရလို႔ မနာက်င္ရတာပဲ ရွိတယ္။ အေမနားမွာ ျဖစ္သမွ်ေတြကို ျပဳစုေစာင့္ေရွာက္ခဲ့ပါတယ္။ အေမစိတ္မာတယ္။ အမက်ေတာ့ တခါတေလက်ရင္ေတာ့ စိတ္ဓါတ္က်တာေတြ ပင္ပန္းရတာေတြ ရွိတယ္။ အဲ့အခ်ိန္မွာ အေမက ေခါင္းေလးပုပ္ျပီးေတာ့ အားတင္းထား စိတ္ဘယ္ေတာ့မွ မေလ်ာ့နဲ႔လို႔ ေျပာတဲ့စကားကိုေတာ့ (ငိုလ်က္) ေျပာေနၾက စကားတခုက အေမ့ကို သမီးအရမ္းခ်စ္တယ္ေပါ့ေနာ္”

“လူရယ္လို႔ ျဖစ္လာရင္ အတိုက္အခိုက္ေတြ အျမဲတမ္းရွိတယ္။ စိတ္မာတဲ့သူမွာေတာင္ ဝမ္းနည္းတာေတြ ရွိပါတယ္။ အဲ့လိုခ်ိန္ၾကရင္အရမ္းငိုမိတယ္။ အေမ့မ်က္ႏွာေလးကို ၾကည့္တယ္။ အားယူတယ္။ စိတ္ညစ္တယ္လို႔ ကိုယ္က ႏႈတ္ကေန မေျပာေပမယ့္ ကိုယ္ငိုေနတဲ့ မ်က္ႏွာကို အေမျမင္ရင္ အေမက အျမဲေမးတယ္။ ကိုယ္ငိုေနတာကို ျမင္ရင္ အေမပိုျပီး စိတ္ဓါတ္က်မယ္ေလ။ ျပီးေတာ့ အေမအိပ္သြားမွ အေမ့နားမွာေနျပီး ကိုယ္စိတ္ညစ္တာေတြကို အသက္ကေလးပံုမွန္ရႈျပီး တည္ျငိမ္ေအာင္ေနလိုက္ပါတယ္”

အေမက ကိုယ့္အတြက္ ဘယ္ေလာက္ထိ အေရးပါလဲဆိုတဲ့ အေပၚမွာေတာ့ “ရာႏႈန္းျပည့္အေရးပါပါတယ္။ နံပါတ္တစ္ အေရးၾကီးဆံုးပါပဲ။ အမ အလုပ္မလုပ္တာ သက္ေသပဲေလ။ အႏုပညာမလုပ္ေတ့ာရင္ ပရိသတ္ေတြ ေမ့သြားမွာလားဆုိတဲ့ အေတြးေတြကို အကုန္ေဘးဖယ္ အေမျဖစ္ေနတာကို အမပဲသိတယ္။ သူမ်ားေတြကိုလည္း ေျပာစရာမလိုဘူး။ အမျပဳစုမွရမွာေလ။ ကိုယ္အိပ္ရာထဲ မလဲမခ်င္း အေမ့ကို အနားမွာ ျပဳစုေပးခ်င္တယ္။ ဒါေၾကာင့္ အႏုပညာနဲ႔ သရုပ္ေဆာင္အလုပ္ေတြ စြန္႔လႊတ္ခဲ့တာ သက္ေသပါပဲ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Unicode Font ဖြင့်ဖတ်ရန်

တည်တည်ငြိမ်ငြိမ်ရင့်ရင့်ကျက်ကျက် နဲ့ လက်ရှိချိန်ထိကို လှပနေသေးတဲ့ မင်းသမီးတယောက်ကို ပြပါဆိုရင်တော့ မိုးဟေကို ကိုပြရမှာပါ။ လူတိုင်းလည်း အကြိုက်ထပ်တူကျတဲ့ မင်းသမီးတလက်ဖြစ်ပြီး အမြဲတမ်း စမတ်ကျနေတဲ့ မင်းသမီးမိုးဟေကိုကတော့ ယခုနောက်ပိုင်းမှာ အနုပညာလောကနဲ့ အဆက်သွယ်ပြတ်နေတာ တော်တော်ကြာနေတာကို သတိထားမိကြမှာပါ။ အကြောင်းကတော့ မင်းသမီး မိုးဟေကို အနေနဲ့ အသက်အရွယ်အရ ကျန်းမာရေးမကောင်းတဲ့ မိခင်ကို ပြုစုရင်း အချိန်ပေးနေရတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုးဟေကိုကတော့ အနုပညာတွေ မလုပ်ရပေမယ့်လည်း သူ့ရဲ့ မိခင်ကို ပြုစုနေရတာကြောင့် အနုပညာလုပ်ခွင့်မရလည်း ဝမ်းသာပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မိုးဟေကိုကတော့ “အိမ်မှာရှိတဲ့ ရက်မျိုးဆိုရင် အမေ့နားမှာနေတယ်။ အမစောစော ထရင်တောင် အမေကို မျက်နှာတွေဘာတွေ သစ်ပေးတယ်။ တူတူမနက်စာစားတယ်။ အမေသွားချင်တဲ့နေရာလေးကို လိုက်ပို့ပေးတယ်။ အမေက မိသားစုကို ဘယ်တော့မှ အပူပင်မပေးပါဘူး”

မင်းသမီး စ လုပ်တော့အမေက ဘယ်လိုပံ့ပိုးပေးခဲ့လဲဆိုတဲ့ အပေါ်မှာ “ပံ့ပိုးပေးတယ်။ အစအဆုံး စားတာသုံးတာ အဝတ်စား နေတာထိုင်တာ ပြောတာဆိုတာကအစ သွန်သင်ဆုံးမပေးခဲ့ပါတယ်။ ငယ်ငယ်တုန်းက ကိုယ်ကတော့ အဝတ်စားတွေ လျောက်ဝတ်တာပေါ့။ အမေက အမြဲတမ်းရှေ့ကနေ ပင်ပန်းခံပြီးတော့ ဦးဆောင်ပေးပါတယ်”

အကယ်ဒမီပေးပွဲတွေ မတတ်ခဲ့တာနဲ့ ပတ်သက်ပြီး “အမ ရုပ်ရှင်ထုတ်လုပ်ရေးတွေရော ရိုက်ကူးရေးတွေရော ပွဲတွေကို အားလုံးကို ဖယ်ထားပြီးတော့ အမေနားမှာပဲ နေပေးခဲ့တယ်။ အမ မခွဲစိတ်ရလို့ မနာကျင်ရတာပဲ ရှိတယ်။ အမေနားမှာ ဖြစ်သမျှတွေကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အမေစိတ်မာတယ်။ အမကျတော့ တခါတလေကျရင်တော့ စိတ်ဓါတ်ကျတာတွေ ပင်ပန်းရတာတွေ ရှိတယ်။ အဲ့အချိန်မှာ အမေက ခေါင်းလေးပုပ်ပြီးတော့ အားတင်းထား စိတ်ဘယ်တော့မှ မလျော့နဲ့လို့ ပြောတဲ့စကားကိုတော့ (ငိုလျက်) ပြောနေကြ စကားတခုက အမေ့ကို သမီးအရမ်းချစ်တယ်ပေါ့နော်”

“လူရယ်လို့ ဖြစ်လာရင် အတိုက်အခိုက်တွေ အမြဲတမ်းရှိတယ်။ စိတ်မာတဲ့သူမှာတောင် ဝမ်းနည်းတာတွေ ရှိပါတယ်။ အဲ့လိုချိန်ကြရင်အရမ်းငိုမိတယ်။ အမေ့မျက်နှာလေးကို ကြည့်တယ်။ အားယူတယ်။ စိတ်ညစ်တယ်လို့ ကိုယ်က နှုတ်ကနေ မပြောပေမယ့် ကိုယ်ငိုနေတဲ့ မျက်နှာကို အမေမြင်ရင် အမေက အမြဲမေးတယ်။ ကိုယ်ငိုနေတာကို မြင်ရင် အမေပိုပြီး စိတ်ဓါတ်ကျမယ်လေ။ ပြီးတော့ အမေအိပ်သွားမှ အမေ့နားမှာနေပြီး ကိုယ်စိတ်ညစ်တာတွေကို အသက်ကလေးပုံမှန်ရှုပြီး တည်ငြိမ်အောင်နေလိုက်ပါတယ်”

အမေက ကိုယ့်အတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတဲ့ အပေါ်မှာတော့ “ရာနှုန်းပြည့်အရေးပါပါတယ်။ နံပါတ်တစ် အရေးကြီးဆုံးပါပဲ။ အမ အလုပ်မလုပ်တာ သက်သေပဲလေ။ အနုပညာမလုပ်တေ့ာရင် ပရိသတ်တွေ မေ့သွားမှာလားဆိုတဲ့ အတွေးတွေကို အကုန်ဘေးဖယ် အမေဖြစ်နေတာကို အမပဲသိတယ်။ သူများတွေကိုလည်း ပြောစရာမလိုဘူး။ အမပြုစုမှရမှာလေ။ ကိုယ်အိပ်ရာထဲ မလဲမချင်း အမေ့ကို အနားမှာ ပြုစုပေးချင်တယ်။ ဒါကြောင့် အနုပညာနဲ့ သရုပ်ဆောင်အလုပ်တွေ စွန့်လွှတ်ခဲ့တာ သက်သေပါပဲ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *