ကေလးငယ္ေတြကို အေပၚယံအကာမရိွဘဲ မသိပ္သင့္ေၾကာင္း ေဖာ္ျပေနတဲ့ ျဖစ္ရပ္

Zawgyi Font ျဖင့္ဖတ္ရန္

ေမြးကင္းစနဲ႔ လသားကေလးအရြယ္ေတြဟာ မိဘေတြ မ်က္ေျခမျပတ္ အထူးဂ႐ုစုိက္သင့္တဲ့ အရြယ္ထဲမွာ ပါဝင္ပါတယ္။ စကားမေျပာတတ္ေသးတဲ့ အရြယ္ေလးေတြဟာ ခံစားမႈတစ္ခုခုကို ေဖာ္ျပခ်င္ရင္ေတာင္ အငိုအရယ္နဲ႔ပဲ ေဖာ္ျပႏုိင္ေသးတဲ့အတြက္ သူတို႔ေလးေတြ တစ္ခုခုျဖစ္ရင္လည္း ခန္႔မွန္းရ ခက္တတ္ပါတယ္။

ေအာက္မွာေတြ႔ရမွာကေတာ့ အိပ္စက္ေနတဲ့ ကေလးငယ္ တစ္ဦးရဲ႕ ဗီဒီယုိျဖစ္ပါတယ္။ သတင္းအရင္းအျမစ္အရ ယူေကႏုိင္ငံမွာ ျဖစ္ပြားခဲ့တာလို႔ ယူဆရပါတယ္။ ကေလးငယ္ေလးကို ေစာင့္ၾကည့္ဖို႔ လံုၿခံဳေရးကင္မရာထားထားရာ တစ္ညမွာေတာ့ အိပ္ေပ်ာ္ေနခဲ့တဲ့ ကေလးေလးရဲ႕ ကုတင္ေပၚကို အသည္းယားဖြယ္ ေျခ ၈ ေခ်ာင္း သတၱဝါက ခ်ဥ္းကပ္သြားခဲ့တာ ျဖစ္ပါတယ္။

Dailymail

ဗီဒီယုိထဲမွာ အေပၚကေန တစ္ဟုန္ထုိး ဆင္းလာတဲ့ ပင့္ကူတစ္ေကာင္ကို ႐ုတ္တရက္ဆိုသလုိ ေတြ႔လုိက္ရမွာပါ။ တစ္ဆက္တည္းမွာပဲ သည္းထိတ္ရင္ဖိုဇာတ္လမ္းေတြထဲကလို အင္းဆက္ေကာင္က ကေလးငယ္ဆီ ဆက္တုိက္ခ်ဥ္းကပ္သြားခဲ့ပါတယ္။

ပင့္ကူက ကေလးကုတင္ေပၚမွာ နားေနခဲ့ေသးၿပီး ထုိ႔ေနာက္မွာေတာ့ အေပၚဘက္ကို ပိုးမွ်င္နဲ႔ ျပန္တက္သြားခဲ့ပါတယ္။ ဒါဟာ ေတြးၾကည့္႐ံုနဲ႔တင္ ၾကက္သီးထစရာကိစၥပါ။ အကယ္လို႔သာ ပင့္ကူက အဆိပ္ရိွတဲ့ မ်ိဳးစိတ္ ျဖစ္ေနခဲ့ၿပီး ကေလးငယ္ကို တုပ္ခဲ့လိုက္ရင္ ကေလးအတြက္ အႏၱရာယ္အလြန္မ်ားလွပါတယ္။

READဖခင္ၾကီးပင္စင္ယူခါနီး ေလယာဥ္အတူပ်ံသန္းခဲ့ၾကတဲ့သားအဖ(၂)ေယာက္Dailymail

ျမန္မာႏုိင္ငံမွာလည္း ကေလးငယ္ကို တစ္ဦးတည္း သိပ္ေလ့ရိွတာ မဟုတ္ေပမယ့္လို႔ ေန႔လယ္ေန႔ခင္း သိပ္ခ်ိန္ေတြလိုမွာဆို အေပၚအကာအရံမဲ့ သိပ္တာမ်ိဳးေတြ ရိွတတ္ၾကပါတယ္။ ဒါေၾကာင့္ ကေလးမိဘေတြ သတိထားႏုိင္ၾကေစဖို႔ ရည္ရြယ္တင္ဆက္ေပးလိုက္ရပါတယ္။

Ref: Dailymail

Unicode Font ဖြင့်ဖတ်ရန်

မွေးကင်းစနဲ့ လသားကလေးအရွယ်တွေဟာ မိဘတွေ မျက်ခြေမပြတ် အထူးဂရုစိုက်သင့်တဲ့ အရွယ်ထဲမှာ ပါဝင်ပါတယ်။ စကားမပြောတတ်သေးတဲ့ အရွယ်လေးတွေဟာ ခံစားမှုတစ်ခုခုကို ဖော်ပြချင်ရင်တောင် အငိုအရယ်နဲ့ပဲ ဖော်ပြနိုင်သေးတဲ့အတွက် သူတို့လေးတွေ တစ်ခုခုဖြစ်ရင်လည်း ခန့်မှန်းရ ခက်တတ်ပါတယ်။

အောက်မှာတွေ့ရမှာကတော့ အိပ်စက်နေတဲ့ ကလေးငယ် တစ်ဦးရဲ့ ဗီဒီယိုဖြစ်ပါတယ်။ သတင်းအရင်းအမြစ်အရ ယူကေနိုင်ငံမှာ ဖြစ်ပွားခဲ့တာလို့ ယူဆရပါတယ်။ ကလေးငယ်လေးကို စောင့်ကြည့်ဖို့ လုံခြုံရေးကင်မရာထားထားရာ တစ်ညမှာတော့ အိပ်ပျော်နေခဲ့တဲ့ ကလေးလေးရဲ့ ကုတင်ပေါ်ကို အသည်းယားဖွယ် ခြေ ၈ ချောင်း သတ္တဝါက ချဉ်းကပ်သွားခဲ့တာ ဖြစ်ပါတယ်။

Dailymail

ဗီဒီယိုထဲမှာ အပေါ်ကနေ တစ်ဟုန်ထိုး ဆင်းလာတဲ့ ပင့်ကူတစ်ကောင်ကို ရုတ်တရက်ဆိုသလို တွေ့လိုက်ရမှာပါ။ တစ်ဆက်တည်းမှာပဲ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေထဲကလို အင်းဆက်ကောင်က ကလေးငယ်ဆီ ဆက်တိုက်ချဉ်းကပ်သွားခဲ့ပါတယ်။

ပင့်ကူက ကလေးကုတင်ပေါ်မှာ နားနေခဲ့သေးပြီး ထို့နောက်မှာတော့ အပေါ်ဘက်ကို ပိုးမျှင်နဲ့ ပြန်တက်သွားခဲ့ပါတယ်။ ဒါဟာ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာကိစ္စပါ။ အကယ်လို့သာ ပင့်ကူက အဆိပ်ရှိတဲ့ မျိုးစိတ် ဖြစ်နေခဲ့ပြီး ကလေးငယ်ကို တုပ်ခဲ့လိုက်ရင် ကလေးအတွက် အန္တရာယ်အလွန်များလှပါတယ်။

READဖခင်ကြီးပင်စင်ယူခါနီး လေယာဉ်အတူပျံသန်းခဲ့ကြတဲ့သားအဖ(၂)ယောက်Dailymail

မြန်မာနိုင်ငံမှာလည်း ကလေးငယ်ကို တစ်ဦးတည်း သိပ်လေ့ရှိတာ မဟုတ်ပေမယ့်လို့ နေ့လယ်နေ့ခင်း သိပ်ချိန်တွေလိုမှာဆို အပေါ်အကာအရံမဲ့ သိပ်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် ကလေးမိဘတွေ သတိထားနိုင်ကြစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ရပါတယ်။

Ref: Dailymail

Leave a Reply

Your email address will not be published. Required fields are marked *