
Zawgyi Font ဖြင့်ဖတ်ရန်






Unicode Font ဖြင့်ဖတ်ရန်

သည်းခံပေးခဲ့ပေမယ့် မျက်နှာမှာ သေရာပါ အကွက် တွေကျန်ခဲ့ ရတဲ့ မယ်လိုဒီ …

သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီကတော့ ဖြူစင်ရိုးသားတဲ့ မျက်နှာလေးနဲ့ပရိသတ်တွေအားလုံးကိုအေးချမ်းမှုတွေ ပေးစွမ်းနိုင်သူလေးဖြစ်ပါတယ်။အနုပညာလမ်းကြောင်းပေါ်မှာကြော်ငြာ၊ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးအောင်မြင်ခဲ့တဲ့ မယ်လိုဒီက လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီက ကလေးတစ်ယောက်ရဲ့မိခင်လည်း ဖြစ်ပါတယ်။

ပြစ်မျိုးမှဲ့မထင်တဲ့မျက်နှာလှလှလေးကိုပိုင်ဆိုင်ထားရတဲ့မယ်လိုဒီကိုတော့မိန်းကလေးပရိသတ်တွေအားလုံးကအားကျနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မယ်လိုဒီသူမရဲ့မျက်နှာလှလှလေးပေါ်မှာသေရာပါလောက်တဲ့အကွက်ကြီးတွေဖြစ်ခဲ့ရပုံကို တင်ထားတာတွေ့ရပါတယ်။ပါးနှစ်ဖက်လုံးပေါ်မှာအနီရောင်အကွက်ကြီးတွေဖြစ်နေတဲ့အတွက်သူမအနေနဲ့စိတ်ဆင်းရဲနေရပြီး မှန်တောင်မကြည့်ရဲလောက်အောင် ဖြစ်နေရတယ်လို့ ဆိုပါတယ်။

မယ်လိုဒီကသည်းခံခွင့်လွှတ်ခြင်းကနှစ်ဦးနှစ်ဖက်အေးချမ်းစေဖို့ပါမျက်နှာမှာသေရာပါအကွက်တွေကျန်ခဲ့စေဖို့မဟုတ်ပါဘူးစိတ်ဆင်းရဲလို့မှန်တောင်မကြည့်ချင်တော့ဘူးဆိုပြီးတင်ထားတာဖြစ်ပါတယ်။ဒီပုံလေးနဲ့ပတ်သက်ပြီးစန္ဒီမြင့်လွင်ကစိုးရိမ်တကြီးနဲ့မေးမြန်းခဲ့တာကိုတော့မယ်လိုဒီကspaအလာဂျီဖြစ်နေတာပါလို့ပြန်ဖြေထားပါတယ်။

မင်းသမီးချောလေးမယ်လိုဒီတစ်ယောက် မျက်နှာပေါ်က အမာရွတ်တွေ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေလို့ ဆုတောင်းရင်း ပရိသတ်တွေလည်း အားပေးစကားပြောခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *