YBS ကားေတြမွာ အသုံးျပဳမယ့္ ကတ္စနစ္ကုိ ဒီကေန႔ စတင္မိတ္ဆက္

YBS ဘတ္စ္ကားယာဥ္လိုင္းေတြမွာအသံုးမယ့္ YPS ကတ္စနစ္ကို ကုမၸဏီက ဒီကေန႔ စတင္မိတ္ဆက္လိုက္ၿပီး လာမယ့္ ေျခာက္လအတြင္း အမ်ားျပည္သူ အသံုးျပဳႏိုင္မယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

YPS Yangon Payment Service ကတ္စနစ္ကို ဇန္နဝါရီ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ ့ စကိုင္း စတားဟိုတယ္မွာ ျပဳလုပ္တဲ့ YRTA ၂ႏွစ္ျပည့္ အခမ္းအနားမွာ Asia Starmar ကုမၸဏီက စတင္ မိတ္ဆက္လိုက္တာပါ။

ဒီစနစ္ကို လာမယ့္ ေျခာက္လအတြင္း အမ်ားျပည္သူ အသံုးျပဳႏိုင္မယ္လို႔ ရန္ကုန္တုိင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ကနဦး အေနနဲ႔ ယာဥ္စီးေရ ၂၀၀၀ မွာ စတင္ ကတ္ေတြတပ္ဆင္ၿပီး ကိုးလအတြင္း ကားစီးေရ ၄၀၀၀ မွာ တပ္ဆင္သြားမွာပါ။

ဒီစနစ္ေဆာင္ရြက္ဖို႔အတြက္ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ MIC ခြင့္ျပဳခ်က္ တင္ထားၿပီး Yangon Payment Service ကုမၸဏီနဲ႔ Asia Starmar ကုမၸဏီတို႔ Master Agreement ကို လက္မွတ္ေရးထိုးသြားမယ္လို ့ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳး က ေျပာပါတယ္။

YPS ကတ္ေတြ ျဖန္႔ျဖဴးတာနဲ႔ ေငြျဖည့္သြင္းတာေတြကိုေတာ့ G&G Store ေတြက တာဝန္ယူေဆာင္ရြက္ေပးမွာပါ။

YPS ကတ္စနစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက ေခၚယူတဲ့ တင္ဒါကို ကုမၸဏီ ၅၆ခု လာေရာက္ေလွ်ာက္ထားခဲ့ၿပီး စကာတင္ ၁၄ခု ေရြးခ်ယ္ခဲ့ပါတယ္။

အဲဒီ့ထဲကေန ကုမၸဏီ ၃ ခုကို ထပ္မံေရြးခ်ယ္ရာမွာ Asia Starmar ကုမၸဏီက တင္ဒါေအာင္ ေအာင္ျမင္ခဲ့ပါတယ္။

Via: DVB

Unicode

YBS ဘတ်စ်ကားယာဉ်လိုင်းတွေမှာအသုံးမယ့် YPS ကတ်စနစ်ကို ကုမ္ပဏီက ဒီကနေ့ စတင်မိတ်ဆက်လိုက်ပြီး လာမယ့် ခြောက်လအတွင်း အများပြည်သူ အသုံးပြုနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

YPS Yangon Payment Service ကတ်စနစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို ့ စကိုင်း စတားဟိုတယ်မှာ ပြုလုပ်တဲ့ YRTA ၂နှစ်ပြည့် အခမ်းအနားမှာ Asia Starmar ကုမ္ပဏီက စတင် မိတ်ဆက်လိုက်တာပါ။

ဒီစနစ်ကို လာမယ့် ခြောက်လအတွင်း အများပြည်သူ အသုံးပြုနိုင်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ကနဦး အနေနဲ့ ယာဉ်စီးရေ ၂၀၀၀ မှာ စတင် ကတ်တွေတပ်ဆင်ပြီး ကိုးလအတွင်း ကားစီးရေ ၄၀၀၀ မှာ တပ်ဆင်သွားမှာပါ။

ဒီစနစ်ဆောင်ရွက်ဖို့အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ခွင့်ပြုချက် တင်ထားပြီး Yangon Payment Service ကုမ္ပဏီနဲ့ Asia Starmar ကုမ္ပဏီတို့ Master Agreement ကို လက်မှတ်ရေးထိုးသွားမယ်လို ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး က ပြောပါတယ်။

YPS ကတ်တွေ ဖြန့်ဖြူးတာနဲ့ ငွေဖြည့်သွင်းတာတွေကိုတော့ G&G Store တွေက တာဝန်ယူဆောင်ရွက်ပေးမှာပါ။

YPS ကတ်စနစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခေါ်ယူတဲ့ တင်ဒါကို ကုမ္ပဏီ ၅၆ခု လာရောက်လျှောက်ထားခဲ့ပြီး စကာတင် ၁၄ခု ရွေးချယ်ခဲ့ပါတယ်။

အဲဒီ့ထဲကနေ ကုမ္ပဏီ ၃ ခုကို ထပ်မံရွေးချယ်ရာမှာ Asia Starmar ကုမ္ပဏီက တင်ဒါအောင် အောင်မြင်ခဲ့ပါတယ်။

Via: DVB

Leave a Reply

Your email address will not be published. Required fields are marked *